드라마 다이얼로그

Family by Choice: 조립식 가족 본문

2024 Kdrama

Family by Choice: 조립식 가족

드라마 Dialogue 2024. 11. 4. 16:46

ဘာပဲဖြစ်ဖြစ် အသံကျယ်ကြီးနဲ့ ထုတ်ပြောဖို့လိုတယ်
အဲဒါမှ “အာ ငါဒီလို ပင်ပန်းနေတာက
အထွေအထူးမဟုတ်တာလည်း ဖြစ်နိုင်တာပဲ” ဆိုပြီး နားလည်သွားမှာ

တစ်ဖက်လူက ကိုယ့်အပေါ် တံတွေးထွေးလို့ ပြန်ပြုံးပြလိုက်ရင်
နောက်တစ်ခါ သူတို့ဘယ်လိုထင်သွားမလဲ
ငါနောက်တစ်ခါထပ်ထွေးလည်းရတာပဲ
အဲဒီလိုတွေးကြမှာပေါ့

ကျွန်မတို့က နည်းနည်းလေးမှ ကံမဆိုးပါဘူး
လောကကြီးမှာ မူမှန်တဲ့လူ ဘယ်မှာရှိလို့လဲ
နောက်ကြောင်းမရှိတဲ့မိသားစုဆိုတာရော ဘယ်မှာရှိလို့လဲ
အကုန်လုံး သူ့ဇာတ်ကြောင်းနဲ့သူ ထူးခြားနေကြတာပဲပေါ့

လူတွေက
သူတို့လိုအပ်တဲ့အရာကို စွဲလမ်းတတ်ကြတယ်

စာရွက်စာတမ်းအရ မိသားစုဖြစ်ဖို့က ဘာအရေးကြီးလို့လဲ
အချင်းချင်း မိသားစုလို့တွေးရင် မိသားစုပဲပေါ့
အဲဒါကို စက္ကူလေးတစ်ရွက်လောက်နဲ့ အသိအမှတ်ပြုခံဖို့ လိုအပ်လို့လား

လောကကြီးထဲမှာ အချင်းချင်း
အဆိပ်အတောက်ဖြစ်စေတဲ့ မိသားစုတွေလည်းရှိတယ်
ငါ့အမေနဲ့ငါက အဲလိုဆက်ဆံရေးမျိုးပဲ

လူ့ဘဝဆိုတာ အားလုံးအတူတူပဲ
မင်းတို့တွေက တခြားလူတွေနဲ့ဘာများကွာခြားမှာလဲ
ဘဝမှာ ခက်ခဲတဲ့အချိန်ကို မကြုံဖူးတဲ့လူရှိလား

အဖေအရင်းက မင်းကိုခေါ်သွားချင်တယ်လို့ပြောတယ်
အဖေကတော့ လိုက်မသွားစေချင်ဘူး
မင်းကအခုထိ အထက်တန်းကျောင်းသားပဲရှိသေးတယ်
အနည်းဆုံးတော့ အထက်တန်းကျောင်းပြီးတဲ့အချိန်ထိ အဖေက မင်းကို ထမင်းလည်းချက်ကျွေးချင်တယ်
မင်းရဲ့ကျောင်းဝတ်စုံကိုလည်း မီးပူတိုက်ပေးချင်တယ်
အဖေက နည်းနည်းလောက်လေးပဲ ပိုပြီးတော့
အဲ့ဒါတွေ ထပ်လုပ်ပေးချင်သေးတယ်

ဟယ်ဂျွန်း - သွားလို့ပြောမှာ စိုးရိမ်နေတာ
ကျွန်တော့်ကို လိုက်သွားဖို့ပြောမယ်ထင်လို့ ကြောက်နေခဲ့တာ

ခမ်းခမ်းနားနားနဲ့ပြန်လာနိုင်ဖို့အတွက် မင်းကိုလွှတ်လိုက်တာမဟုတ်ဘူး 
အဲဒီကိုသွားပြီးတော့ မင်းစိတ်ထဲလုပ်ချင်တာကိုလုပ်နိုင်ဖို့အတွက် လွှတ်လိုက်တာ 
သွားပြီးတော့ ပြင်းပြင်းထန်ထန်ကြိုးစားမနေနဲ့ဦး 
မင်းလုပ်သင့်တာလုပ်ပြီးပြီလို့ထင်တဲ့အချိန် ပြန်လာခဲ့ 

သမီးငယ်ငယ်တုန်းက ရပ်ကွက်ထဲက အဒေါ်ကြီးတွေ ဘာပြောခဲ့လဲမှတ်မိလား
လက်လုပ်ခေါက်ဆွဲဆိုင်က မုဆိုးဖိုရဲ့သမီးလို့ပြောကြတာ
အမေရှိတဲ့ကလေးတွေတောင် ဆံပင်မပြင်မဆင်ဘဲ သွားလာနေခဲ့ကြပေမဲ့ သမီးကတော့ ဘယ်လိုဖြစ်ပြီး နေ့တိုင်း ဆံပင်သပ်သပ်ရပ်ရပ်ဖြစ်နေရတာလဲ
အဝတ်အစားတွေကလည်း ဘယ်လိုဖြစ်ပြီး နေ့တိုင်း တောက်ပြောင်နေရတာလဲ
အဖေတစ်ယောက်ထဲဘယ်လိုများ အဲ့လိုပျိုးထောင်ခဲ့တာလဲ
သမီးက အမေမရှိတာကို လုံးဝမသိသာဘဲ ကောငါးကောင်းကြီးပြင်းလာခဲ့တာလေ
အများကြီးအချစ်ခံရပြီး အဖေကကောင်းကောင်းပျိုးထောင်ပေးခဲ့တာမလို့
သမီးကိုယုံလို့ရပါတယ်လို့

ဂန်ဟယ်ဂျွန်းကြောင့် ကျွန်မတို့က ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်နေနိုင်နေတာပါ
အဖေ့အတွက် ဂန်ဟယ်ဂျွန်းက သားဖြစ်ပြီးတော့ ဂင်ဆန်းဟာအတွက် ညီအစ်ကိုဖြစ်ပြီး
ကျွန်မအတွက်တော့ အကိုဖြစ်နေတာမလို့ပါ
ပင်ပန်းတဲ့အခါ တမင်ရယ်အောင်လုပ်ပေးပြီး ဝမ်းနည်းတဲ့အခါ အရင်ငိုတတ်တဲ့ ဂန်ဟယ်ဂျွန်းရှိနေခဲ့တာမလို့
အဲဒါကြောင့် ကျွန်မတို့က အခုလိုမျိုး ပျော်ပျော်နေနိုင်တာပါ

ငါ အမေ့ကိုမမှတ်မိဘူး
ဓာတ်ပုံတွေကို မြင်ဖူးပေမယ့် ဘာကိုမှ မမှတ်မိဘူး
ရပ်ကွက်ထဲက လူတွေက အမေမရှိလို့
ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူကြလည်း
ဘာလို့အဲဒီလိုဖြစ်နေကြလဲဆိုတာကို နားမလည်ခဲ့ဘူး
အမေမရှိလို့ မရနိုင်တာ ချို့ယွင်းနေတာ အဲဒီလိုမျိုးတစ်ခါမှ မတွေးခဲ့ဖူးဘူး
အဖေက အကုန်လုပ်ပေးတယ်လေ
ဒီအတိုင်းပဲ အစကတည်းက နှစ်ယောက်တည်းပဲရှင်သန်ရမှာလေ
ဒါပေမဲ့ နင်တို့တွေရောက်လာကြတယ်
ပျော်ရွှင်ခဲ့ရတယ်
နှစ်ယောက်တည်း ထမင်းစားနေရာကနေ ငါးယောက်အတူတူလက်ဆုံစားရတော့ တစ်ယောက်ချင်းစီကနေ စကားသံနည်းနည်းလေးပဲကြားရရင်တောင် ပြောစရာစကားတွေ အများကြီးလိုပဲ
အိမ်မှာလစ်ဟာနေသလိုမခံစားရလို့ ပျော်တယ်
ထမင်းစားဦးဆိုပြီး ပြောပေးတဲ့လူက တစ်ယောက်တည်းမဟုတ်တော့တာမို့

'2024 Kdrama' 카테고리의 다른 글

Love Next Door: 엄마치고 아들  (0) 2024.10.20
Lovely Runner: 선재 업고 튀어  (0) 2024.09.04
Boyhood  (0) 2024.05.25
QUEEN OF TEARS  (0) 2024.04.24
Chief Detective 1953  (0) 2024.02.18