일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- HighClass
- YumiCells
- RacketBoys
- ChicagoTypewriter
- HymnOfDeath
- LeeJeHoon
- HometownChaChaCha
- TheDevilJudge
- MrSunshine
- TwentyFiveTwentyOne
- ForecastingLoveandWeather
- YouthOfMay
- DrRomantic
- OurBlues
- Remarriageanddesires
- WhyHer?
- startup
- NowWeAreBreakingUp
- OurBelovedSummer
- WiseMountainvillageLife
- CrashLandingOnYou
- DaliandCockyPrince
- 18Again
- YumiCells2
- TheKingsAffection
- BeMelodramatic
- KimSeonHo
- LeeJunho
- Taxidriver
- TheRedSleeve
- Today
- Total
드라마 다이얼로그
Love Next Door: 엄마치고 아들 본문
Love Next Door: 엄마 친구아들
နေ့တိုင်းမြန်မြန်ပြောင်းလဲပြီး ရုန်းကန်နေကြရတဲ့ခေတ်ကြီးမှာ လူတစ်ယောက်စီတိုင်းက အခက်အခဲတွေကြားထဲ ပြိုလဲလိုက် ပြန်ထလိုက်နဲ့ နေ့ရက်တိုင်း ကြိုးစားပြီး ဆက်ရှင်သန်နေကြတဲ့သူတွေချည်းပါပဲ
လဲကျတယ်ဆိုတာ အားနည်းလို့မဟုတ်ပါဘူး
လဲကျတယ်ဆိုတာ နောက်တစ်ခါပြန်ထနိုင်ဖို့အတွက်ပဲ မဟုတ်လား
မတော်ရင် ကျွန်မတို့လဲကျခဲ့တဲ့နေရာက
ကျွန်မတို့ရဲ့ဘဝကို အဆုံးအဖြတ်ပေးတဲ့နေရာ
ဖြစ်နေမလားမသိနိုင်ဘူး
လဲကျသွားတဲ့အချိန်မှာ
အရမ်းကြီးအားတင်းပြီး ချက်ချင်းပြန်ထဖို့မလိုပါဘူး
လဲကျသလိုသာ နေနေလိုက်ပါ
လဲကျနေတဲ့အချိန်မှာ ဒီအတိုင်း အနားယူကြည့်လိုက်ပါ
အားတင်းထားရင်းနဲ့တောင်မှ
ဆက်ပြီးတောင့်ခံမထားနိုင်တော့ဘူးဆိုရင် စခဲ့တဲ့နေရာဆီ ကိုယ့်ကိုပြန်ထစေနိုင်မယ့် လူတွေဆီ
အရာတွေဆီ ပြန်လာလိုက်ပါ
မိသားစု သူငယ်ချင်း
လောကကြီးမှာ မှီခိုလို့ရတဲ့သူရှိတယ်ဆိုတာ ဘယ်လောက်တောင် အားရှိလိုက်လဲဆိုတာကို
အိမ်
ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်သွားလို့ရတဲ့နေရာရှိတယ်ဆိုတာ
ဘယ်လောက်တောင် စိတ်သက်သာရလိုက်လဲဆိုတာ
ဘဝရဲ့ခရီးရှည်မှာ
ကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်ဆီ
မရောက်နိုင်ရင်တောင် ဒီအတိုင်း ကိုယ့်ဘဝမှာ
ကိုယ်လောက်နီးနီးတန်ဖိုးရှိတာကို ရှာတွေ့ရင်
အဲ့ဒါနဲ့တင် လုံလောက်နေပြီမလား
ဒီကိုလာလည်တဲ့လူတွေရဲ့ ခြေလှမ်းတွေလည်း ပေါ့ပါးနေရင် ကောင်းမှာပါ
အောက်မေ့ခြင်းပန်းခြံမှာ သေချာပေါက်ဝမ်းနည်းပြီးတော့ ငိုနေစရာမှမလိုတာ
အကုန်လုံးက အသက်ရှင်ဖူးတဲ့လူတွေပဲ
ချစ်ရတဲ့သူတွေရှိတဲ့နေရာပဲကို
ငါဆုံးဖြတ်တာမှန်ရဲ့လား အမှားလုပ်မိလားဆိုတာကို တစ်နေ့ကို ၁၂ကြိမ်လောက်တွေးပြီးတော့ နောင်တရမိပါတယ်
ဒါပေမဲ့ ဘာမှမလုပ်ဘဲနဲ့ နောင်တရနေတာထက်စာရင်
တသ်ခုခုလုပ်ပြီးမှနောင်တရတာ ပိုမကောင်းဘူးလား
ဘယ်လောက်တောင် မအိပ်ခဲ့ရလို့ အဲ့ဒီလိုဖြစ်နေတာပါလိမ့်
အဲ့ဒီလိုအတွေးမျိုးမဝင်မိဘူးလား
ဘယ်လောက်တောင်ပြုံးရယ်စရာကိစ္စမရှိခဲ့လို့ သူအဲ့ဒီလိုဖြစ်နေပါလိမ့်ဆိုပြီး အဲ့ဒီလိုအတွေးမျိုးမဝင်မိဘူးလား
သူများတွေအကုန် အဲ့ဒီလိုဖြစ်နေလည်း အမေကတော့ သမီးစိတ်ကိုနားလည်ပေးလို့မရဘူးလား
သမီး ပင်ပန်းလို့ပြန်လာတာ
သမီး ဒီအတောအတွင်း တသ်ကယ်ကြိုးစားခဲ့တာပဲလေ
အဲ့ဒါကြောင့်မလို့ ဒီအတိုင်း နားလိုက်ဦး ပင်ပန်းသွားပြီလို့ အဲ့ဒီလိုမျိုး ပြောပေးလို့မရဘူးလား
သမီးက ဘာလို့အမေ့ရဲ့ဂုဏ်ယူစရာဖြစ်ပေးရမှာလဲ
ဘယ်လောက်ပဲ အသုံးမကျဘဲ ချို့ယွင်းချက်ရှိနေပါစေ ဒီတိုင်း အမေ့ရဲ့သမီးတစ်ယောက်အနေနဲ့ပဲ နေလို့မရဘူးလား
သမီးက ဘာလို့ အမေ့ရဲ့ဘဝကို
လွှမ်းမိုးနေပေးရမှာလဲ
နင်တစ်ခုပဲလုပ်စမ်းပါ
အတင်းရယ်မနေနဲ့ ဒီအတိုင်း တစ်ခုပဲလုပ် ရယ်တာပဲဖြစ်ဖြစ် ငိုတာပဲဖြစ်ဖြစ်
လမင်းကြီးက ကမ္ဘာရဲ့ဂြိုလ်ငယ်လေး ဖြစ်နေသလိုမျိုး
မုန်းတီးမှုမှာလည်း သူ့ကိုယ်ပိုင်ဂြိုလ်ငယ်လေးရှိတယ်ဆိုတာ
ကိုယ်က တသ်ယောက်ယောက်အပေါ် မျှော်လင့်မိတဲ့စိတ် ယုံကြည်တဲ့စိတ် တွယ်တာချစ်ခင်တဲ့စိတ်
အဲ့ဒါတွေအကုန်လုံးက ဆက်နွယ်နေကြတာပဲ
ဒါပေမဲ့အဲ့ဒီအရာတွေက သူတို့ရဲ့ပတ်လမ်းကမှာ သွေဖည်သွားကြရင်
အဲ့ဒီအချိန် မုန်းတီးသွားတာပဲ
အစကတည်းက ခံစားချက်မရှိရင် မုန်းစရာအကြောင်းလည်းမရှိဘူး
အိမ်မက်လား
အိမ်မက်က မက်ချင်တိုင်းမက်လို့ရတယ်ထင်လား
အဲ့ဒါကလည်း အိမ်မက်ကိုဖြစ်မြောက်အောင် လုပ်နိုင်တဲ့သူတွေပဲမက်ကြတာ
ကျရှုံးသွားလည်း ထပ်ပြီးပြန်ထလာနိုင်တဲ့ အခွင့်အရေးရနိုင်တဲ့သူတွေပဲ
အိမ်မက်နောက်လိုက်နိုင်တာ
နင်က တစ်သက်လုံးမြေထဲပင်လယ်ရာသီဉတုထဲမှာပဲ နေခဲ့ရလို့မသိဘူးမလား
သာယာပြီးတော့ နူးညံ့ပြီးတော့ ပြီးပြည့်စုံနေတဲ့ပတ်ဝန်းကျင်
ဒါပေမဲ့ ငါကတော့ နွေးထွေးမှုခဏလေးပဲရတဲ့ ဆိုက်ဘေးရီးယားမှာ နေရတာ ရူးလောက်အောင် အေးတဲ့လေတိုက်တာအပြင် နှင်း မိုးနဲ့မိုးသီးပါ ကြွေကျသေးတာ
လူတွေကထမင်းပဲစားပြီး အသက်ရှင်တာလား
ခံစားချက်တွေ ကြည်နူးမှုတွေနဲ့လည်း ရှင်သန်ရမှာပေါ့
ယေရှုခရစ်တော်က လူတွေကိုကယ်တင်ဖို့အတွက် သေသွားတဲ့အချိန်က ၃၃နှစ်မှာပဲ
ငါ့ရဲ့အခုအသက်နဲ့အတူတူပဲကို အံ့ဩစရာကောင်းလိုက်တာ
ငါကတော့ နှလုံးသားကို ခြစ်ရာလေးလောက်ပဲထင်သွားတဲ့စကားကိုတောင် အပြောမခံနိုင်သေးတာကို
သေချာပေါက် အသေးအမွှားဝေဖန်ချက်ကအစ နာကျင်ရတာပေါ့
နင်က သူရဲဘောကြောင်တဲ့အရှုံးသမားပဲ
အားနည်းပြီးတော့ တော်ချင်ယောင်အမြဲဆောင်တယ်
နင်က နင့်ကိုချစ်တဲ့လူတွေကို စိတ်ဒဏ်ရာပဲပေးတယ်
ပြီးတော့ နင့်ကိုယ်နင် အထီးကျန်ပြီးတော့ အခက်ခဲဆုံးဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်တစ်ယောက်ထဲပစ်ထားခဲ့တယ်
အရမ်းပင်ပန်းရင် အနီးမှာရှိနေတဲ့လူကို မှီခိုရတယ်
လဲကျတော့ရောဘာဖြစ်လဲ
ပြိုလဲတော့ရောဘာဖြစ်လဲ
အတူတူခံစားရင်ရတာပဲ
အဲ့ဒီနောက်ပြန်ထရင် ရတာပဲလေ
ငါတို့က မိသားစုပဲ
ကောင်းမွန်တဲ့အရာတွေအတွက်ပဲ
အတူရှိနေကြတဲ့ မိသားစုမဟုတ်ဘူး
ခက်ခဲတာတွေ ဝမ်းနည်းတာတွေ နာကျင်ရတဲ့အချိန်တွေမှာလည်း အတူရှိနေကြမယ့် မိသားစုပဲ
လူကြီးအရွယ်ရောက်နေတာတောင်
မိဘတွေကွာရှင်းတာကနေ ဘာလို့စိတ်ဒဏ်ရာတွေရနေသေးပါလိမ့်
အဖေရော အမေရော အကုန်လုံး ကိုယ်စီဘဝရှိကြတယ်ဆိုတာကို သိပေမဲ့
ဒါပေမဲ့လည်း ငါကတော့ နှစ်ယောက်ကိုယ်စီပျော်နေကြတာထက်
အရင်တုန်းကလို အတူတူပျော်ရွှင်ကြရင်ကောင်းမှာပဲ
ငါဒီတစ်ခေါက်ကိစ္စဖြစ်ရင်းနဲ့ တစ်ကယ်အများကြီးသင်ယူလိုက်ရတယ်
မိသားစု သူငယ်ချင်း
လောကကြီးမှာ မှီခိုလို့ရတဲ့သူရှိတယ်ဆိုတာ ဘယ်လောက်တောင် အားရှိလိုက်လဲဆိုတာကို
လူတိုင်းက ထူးခြားတဲ့သူမဖြစ်နိုင်ဘူး လူတော်တော်များများက သာမန်လူအတိုင်းပဲ ရှင်သန်နေကြတာ
သေချာပေါက် ငါလည်းအတူတူပဲ
အဲ့ဒါကြောင့် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာလို့ရပေမဲ့
အရမ်းကြီးအစွဲအလမ်းမထားနဲ့
ဒီအတိုင်း ကိုယ့်ဘဝမှာ ကိုယ်လောက်တန်ဖိုးရှိတာကို ရှာတွေ့ရင်
အဲ့ဒါနဲ့တင် လုံလောက်နေပြီ
အကြီးမားဆုံးပျော်ရွှင်မှုဆိုတာ ချစ်မြတ်နိုးပြီးတော့ အဲ့ဒီချစ်မြတ်နိုးမှုကို ဖွင့်ဟဝန်ခံတာပဲ
ငါတို့ပဲမဟုတ်ဘူး
ကျန်တဲ့သူတွေလည်းအတူတူပဲ
ရှင်သန်ခြင်းက ကန့်သတ်ထားပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရဘူးလေ
အကုန်လုံးအခြေအနေအတူတူနဲ့ပဲ ရှင်သန်နေကြတာ
လူတစ်ယောက်ကိုပျိုးထောင်တယ်တယ်ဆိုတာ အဲ့ဒါကအထင်ကြီးလောက်တဲ့ကိစ္စဖြစ်ပြီးတော့ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စဘဲ
ကိုယ့်စိတ်တိုင်းကျမဖြစ်တဲ့အရာတွေ အများကြီးဆိုပေမယ့်
ဒါပေမဲ့လည်း အဲ့ဒါက ဘဝပဲလေနော်
စိမ်းလန်းစိုပြေပြီး အသီးအနှံပေါကြွယ်တဲ့ အနာဂတ်ဆောင်းဦးရောက်လာတဲ့အချိန်မှာတော့
ငါ့ရဲ့ငယ်ရွယ်မှုဟာ ပန်းပွင့်လေးလိုမျိုး
ကြွေလွင့်သွားတယ်
'2024 Kdrama' 카테고리의 다른 글
Family by Choice: 조립식 가족 (0) | 2024.11.04 |
---|---|
Lovely Runner: 선재 업고 튀어 (0) | 2024.09.04 |
Boyhood (0) | 2024.05.25 |
QUEEN OF TEARS (0) | 2024.04.24 |
Chief Detective 1953 (0) | 2024.02.18 |