드라마 다이얼로그

Boyhood 본문

2024 Kdrama

Boyhood

드라마 Dialogue 2024. 5. 25. 21:14

လူတွေက ဘယ်အချိန်သေလဲ သိလား
နောက်တစ်မနက် မျက်လုံးဖွင့်ဖွင့်ချင်းမှာ
ဘဝက ဘာအဓိပ္ပာယ်မှမရှိတော့ဘူးလို့ ခံစားမိတဲ့အခါပဲ

ငါက ဘာလို့ အာဆန်းရဲ့ကျားဖြူဖြစ်နေတာလဲဆိုတာ သိလား
ပေါင်းတတ်သင်းတတ်လို့
သူငယ်ချင်းက ရန်ဖြစ်တာ တော်တော် မတော်တော်
သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ် မခွဲခြားဘဲ
အကုန်လုံးနဲ့ညီအောင် ပေါင်းတတ်တာမို့လို့

စစ်မှန်တဲ့အရသာဆိုတာ အကြမ်းဖက်မှုထက် စကားနဲ့ပြောတာ
ဒေါသတွေထက် အချစ်တွေနဲ့ လောကကြီးကို ဆက်ဆံရတာ

ဒီနယ်ပယ်မှာ လူရမ်းကားတွေက အသက်ရှင်ကျန်ဖို့ ခက်ခဲတယ်
အားရှိပေမဲ့ လေးစားမခံရဘူးဆိုရင်
အလကားဖြစ်သွားတာချည်းပဲလို့ ပြောချင်တာပဲ

လောကကြီးမှာနေရတာကို
ပျော်လို့နေနေတဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ
အကုန်လုံးက ငြီးတွားပြီးတော့ ဖြစ်သလိုလေး နေကြရတာပဲပေါ့

အသက်ရှင်ရတာက
ဒီတိုင်း အသက်ရှူပြီး ထမင်းစားပြီး အိပ်ပြီး အဲ့ဒါအကုန်ပဲကို
ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ

ဒီလောကကြီးထဲ
လမ်းပေါ်ပျောက်ပြီး နေရမယ့်ဘဝမျိုး ဘယ်မှာရှိလို့လဲ
လောကကြီးမှာ တန်ဖိုးမရှိတဲ့အသက် ဘယ်မှာရှိလို့လဲ
နင်က နင့်ကိုယ်နင် ဆန်ဖိုးမရှိဘူးလို့ သတ်မှတ်နေလို့
လူတိုင်းက နင့်ကို ရယ်စရာလို သတ်မှတ်နေကြတာမဟုတ်ဘူးလား

ကြောက်တာလား
ဒါကိုကြောက်တယ်ဆိုရင် ငါတို့ကရော ဘယ်လိုဖြစ်ခဲ့မလဲ
မနက်တိုင်း ကျောင်းသွားရမှာကြောက်လို့
သက်ပြင်းချရတဲ့ ငါတို့ရဲ့စိတ်တွေကိုရော သိလား
အရိုက်ခံရတာ ငြီးငွေ့လာလို့ အဲ့ဒီအစား သေချင်တဲ့ ငါတို့စိတ်ကို
မင်းသိလား

'2024 Kdrama' 카테고리의 다른 글

Love Next Door: 엄마치고 아들  (0) 2024.10.20
Lovely Runner: 선재 업고 튀어  (0) 2024.09.04
QUEEN OF TEARS  (0) 2024.04.24
Chief Detective 1953  (0) 2024.02.18
Doctor Slump: 닥터슬럼프  (0) 2024.01.28