드라마 다이얼로그

Doctor Slump: 닥터슬럼프 본문

2024 Kdrama

Doctor Slump: 닥터슬럼프

드라마 Dialogue 2024. 1. 28. 20:38

ရုပ်ရှင်တစ်ခုထဲမှာ ပြောခဲ့တယ်
မအောင်မြင်တာနဲ့ ကျရှုံးတာက
အဓိပ္ပာယ်ကအစ ကွဲပြားတယ်တဲ့
မအောင်မြင်တာကတော့ ဘယ်သူမဆိုလုပ်လို့ရပေမဲ့
ကျရှုံးတာကတော့ ဇာတ်လမ်းတွေမှာပဲ တွေ့ရတတ်တဲ့
အကြီးအကျယ် ပျက်သုဉ်းခြင်းပဲဆိုတာ
ငါက ကျရှုံးသွားတာ


ငါသွားနေတဲ့လမ်းက ရတနာကျွန်းဆီ ရောက်ချင်မှ
ရောက်မှာပါလားလို့ တွေးမိတယ်
သံသယတွေဝင်နေရင်းကကို ဆက်လျှောက်နေမိတယ်
ရတနာသေတ္တာထဲ ဘာမှရှိမနေဘူးဆိုရင်တောင်
ငါ့လက်နဲ့ ကိုယ်တိုင်ဖွင့်ကြည့်နိုင်တဲ့အထိ
လျှောက်လှမ်းနေချင်မိတယ်


အဖိုးထိုက်တန်လွန်းနေတဲ့ ဘဝမျိုးတော့မဟုတ်ပေမဲ့
အဲ့ဒီလိုဆိုတိုင်း သေလည်းဖြစ်တဲ့ဘဝမျိုးလည်း မဟုတ်ပြန်ဘူး
ကျွန်မ ဘာကြောင့်များ ဘဝကို လက်လျှော့လိုက်ချင်ခဲ့တာပါလဲ

ဖြစ်နိုင်တာက လူနာဖြစ်သူကိုယ်တိုင်
သတိမထားမိပေမဲ့ လူနာဖြစ်သူရဲ့မသိစိတ်ထဲမှာ
နေရာယူထားတဲ့ စိုးရိမ်လွန်ကဲမှုနဲ့ နာကျင်မှု
စိတ်ဓာတ်ကျဆင်းမှုတွေကြောင့်
အဲ့ဒီလိုလက္ခာဏာပေါ်လာတတ်တဲ့
သဘောမျိုး ဖြစ်နိုင်ပါတယ်
အဲ့ဒီမသိစိတ်ဆိုတဲ့ သေတ္တာအထဲမှာ
အတိတ်က စိတ်ဒဏ်ရာတွေကို
တစ်ဆင့်ချင်း စုပုံထည့်လာရာက အဲ့ဒီသေတ္တာ
အချိန်ကိုက် ပွင့်သွားတာလို့ ပြောရမလား


တစ်ခါတစ်လေ စိတ်တွေက ဆောက်တည်ရာမရဖြစ်ပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ
နုံးနေတဲ့အချိန်မျိုးတွေရှိတယ်
အထီးကျန်ရပြီး ပင်ပန်းရပြီး စိတ်ဓာတ်တွေပါ
ကျလာရတဲ့ စိတ်ပင်ပန်းရတဲ့အချိန်ပေါ့
တစ်ယောက်ယောက်က ကိုယ့်ဘဝကို
ရည်ရွယ်ချက်ရှိရှိ ဖျက်စီးဖို့ ကြိုးစားနေသလိုမျိုး
ဘဝက ထင်သလိုဖြစ်မလာတဲ့ ဒီလိုအချိန်မျိုးတွေပေါ့
ကျွန်မတို့ကတော့ ဒါကို ‘Slump’ လို့ ခေါ်ပါတယ်
ပြီးတော့ ဒီလိုအချိန်မျိုးက
ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်
ဘယ်လိုအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ်
သေချာပေါက်ဖြစ်လာမှာပဲ


မင်းရဲ့အခြေအနေက ပြောရရင်တော့
ခြေလက်အင်္ဂါတွေ ကျိုးသွားတာလိုမျိုး
အခုက စိတ်တစ်ခုလုံး ကျိုးပဲ့သွားတာပါ
အရိုးကျိုးသွားရင် အရင်ဆုံး ပြေးတာကို ရပ်လိုက်ပြီး
အနားယူသင့်တယ် မဟုတ်လား
‘အခုတော့ ရပ်လိုက်လို့မဖြစ်ဘူး
ချိုင်းထောက်ကိုသုံးရင် ရတယ်
ဒီထက် ပိုမြန်မြန်ပြေးလိုက်ရင် အဆင်ပြေသွားမှာ’
ဒီလိုမျိုးလုပ်လို့ မဖြစ်ဘူးလေ
အခုချိန်မှာ အနည်းငယ်အနားယူပြီး ကိုယ်ကိုယ်ကိုယ်
ဂရုစိုက်လိုက်တာက အကောင်းဆုံးလို့ ထင်ပါတယ်


ငါ စိတ်ကျနေတဲ့ အမှန်တရားနဲ့တင်
အရမ်းမာနထိခိုက်စေတယ်
ငါက အကြိုက်ဆုံး အစားချင်ဆုံးအရာကို ချန်ထားပြီး
နောက်ဆုံးကျမှ စားတတ်တဲ့သူဆိုတာ
အဲ့ဒါကြောင့် ပျော်ရွှင်မှုအတွက်ကိုလည်း
အဲ့ဒီလိုပဲ ယူဆမိခဲ့တယ်
ပါမောက္ခဖြစ်ရင် အရသာရှိတဲ့အစားအသောက်တွေ ပိုပြီး အရသာရှိမှာပဲ
ပါမောက္ခဖြစ်ပြီးမှ နိုင်ငံခြားခရီးသွားလိုက်ရင်
ပိုပြီး ပျော်စရာကောင်းမှာပဲ
နိုင်ငံခြား ခရီးသွားရင် အထူးတန်းခုံက
လေယာဉ်စီးရင် ပိုပြီး ပျော်ဖို့ကောင်းမှာပဲ
အဲဒီလို အရာအားလုံးကို မနက်ဖြန်ဆီကို ရွှေ့ဆိုင်းပြီး
အလုပ်ပဲလုပ်လာခဲ့တာ
ဒါပေမဲ့ ဒါက ဘာကြီးလဲ
ကျွန်တစ်ယောက်လို အလုပ်ကုန်းရုန်းလုပ်ပြီး
ရလိုက်တဲ့အရာက စိတ်ကျရောဂါတဲ့လား
ငါ့စိတ်မှာ ရောဂါဖြစ်နေတာတဲ့


어차피 이렇게 쓰러진 김에
힘내지 말고 그냥 좀 쓰러져 있으라고.
우리, 쓰러진 김에 좀 쉬자.

Since you've hit rock bottom, just stay down.
Let's take a break while we're at rock bottom.

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး လဲကျပြီးသွားပြီဘဲ
အားတင်းမနေဘဲနဲ့ လဲကျသလိုသာ နေနေလိုက်ပါ
ငါတို့တွေ လဲကျသွားတဲ့အချိန်မှာ
ဒီအတိုင်း အနားယူလိုက်ကြရအောင်


နေမထွက်တာက ငါတို့ဘဝတွေကျနေတာပဲ
ဒီနေ့တော့ နေမထွက်လာခဲ့ပေမယ့်
မနက်ဖြန်မှာတော့ ထွက်လာမှာပါ
အဲ့ဒီလိုမျိုး ငါတို့က ရှေ့ရေးကို ကြိုမသိဘဲနဲ့
ထွက်မလာတဲ့နေကို စောင့်နေခဲ့ကြတယ်


စိတ်ဓာတ်ကျတာက အပြစ်တော့မဟုတ်ပေမယ့်
ဒါပေမဲ့လည်း ကိုယ့်ဘာကို စိတ်ဓာတ်ကျမနေချင်ဘူး
ဒီအတိုင်း ငါလည်း ကိုယ့်ကိုကိုယ်
အလိုလိုက်နေရတာ အရမ်းပင်ပန်းတယ်
ဘဝကြီးက ပျော်ရွှင်စရာတွေပြည့်မနေရင်တောင်
ကောင်းကောင်းမွန်မွန်လေးတော့နေချင်တယ်


ကလေးဘဝကတည်းက လွန်ကဲတဲ့မျှော်လင့်ခြင်းတွေ ခံလားတဲ့ငါက အဲ့မျှော်လင့်ခြင်းတွေကို
ပြည့်မြောက်ရမှာဆိုတဲ့ ဖိအားတွေကြောင့်
ဝန်ပိနေခဲ့ပြီးတော့ အဲ့ဖိအားတွေက
လူကြီးဖြစ်လာလည်းပဲ ဆက်တိုက်ရှိနေဆဲပဲ


နင်က နင်ကိုယ်တိုင်ကို သေလောက်အောင်
ကြပ်မတ်ထားသလိုပဲ
လူတွေရဲ့အရိပ်အကဲကို မကြည့်ဘဲနဲ့
နင့်ကိုယ်နင် အရင်ဂရုစိုက်
ဒီနေ့နင်က အဆင်ပြေတော့မှ
မနက်ဖြန်နင်က ကောင်းကောင်းဖြတ်သန်းနိုင်မှာ


ကျောင်းသားပြန်ဖြစ်ရင် ဘာလုပ်ချင်လဲတဲ့လား
ငါသာ အဲ့အချိန်ကို ပြန်သွားရရင်
အဲ့ဒီအချိန်တုန်းက ကလေးအရွယ်
ငါ့ကိုအရမ်းသနားမိလို့ တစ်ခါလောက်တော့
ကျိန်းသေဖက်ထားပေးချင်တယ်


တစ်ချို့ရက်တွေကျ ဒီလိုမျိုး လှဲပြီးပဲနေချင်ပြီး
တစ်ချို့ရက်တွေကျ ဘာပဲဖြစ်ဖြစ် လုပ်ချင်နေပြန်ရော
တစ်ချို့ရက်တွေကျ
‘အခုကစပြီး ငါ့အတွက်ငါ ရှင်သန်ကြည့်တာပေါ့’
ဆိုပြီး တွေးမိတယ်
တစ်ချို့ရက်တွေကျ ဒါတွေအားလုံးက ဘာတွေလဲဆိုပြီး တွေးမိပြန်ရော
ပြီးတော့ တစ်ချို့ရက်တွေကျပြန်တော့လည်း
အလုပ်ပြန်လုပ်ချင်ပြန်ရော
ထပ်ပြီး တစ်ချို့ရက်တွေကျပြန်တော့လည်း
ဆက်ပြီး ဒီလိုမျိုး ဘာမှလုပ်စရာမရှိဘဲ
အလုပ်လက်မဲ့ဘဝနဲ့ပဲ နေချင်ပြန်ရော
စိတ်ဓာတ်ကျခြင်းက မသိစိတ်ကနေ
စိတ်သောကဖြစ်စေမယ့်အရာတွေကို
ရှောင်မိစေတယ်

စိတ်ပျော်ဖို့အတွက် အနိုင်ယူချင်တဲ့စိတ်နဲ့
လက်လျှော့ချင်တဲ့စိတ်ကို တစ်ချိန်တည်းမှာပဲ
ကျော်လွှားချင်စိတ်ဖြစ်လာရော

အဲ့ဒီလိုခံစားရင်တောင် စိတ်အားငယ်ရတဲ့စိတ်က
ဆက်တိုက်ဖြစ်နေဦးမှာပဲ
စိတ်အားငယ်နေရတဲ့ အတောအတွင်း
မျှော်လင့်ချက်ရှိလာတာမျိုးလည်း ရှိနိုင်တာပဲ


အမှန်တရားဆိုတာ ဖြည်းဖြည်းချင်းပေါ်တယ်ဆိုပေမဲ့
သေချာပေါက် ပေါ်ပေါက်လာမှာပဲမို့
ဘယ်လိုလျှို့ဝှက်ချက်ကိုမှ တစ်သက်လုံး ဖုံးကွယ်ထားလို့ မရနိုင်ဘူး


ပျိုးပင်ပေါက်တွေ တစ်ပုံကြီးထဲကမှ
ငါ့ရဲ့အပင်တစ်ပင်တည်း အညှောက်မပေါက်ခဲ့တာ
‘ဗိုလ်စားပဲပင်အဖြစ်အပျက်’ပေါ့
ဒါ ငါမှတ်မိတဲ့ ငါ့ရဲ့ ပထမဆုံးကျရှုံးမှုပေါ့

နေရောင်ကောင်းကောင်းရတဲ့နေရာမှာ
ခွက်လေးကိုထားကြည့်ခဲ့ပြီး
တစ်ခြားကလေးတွေထက် ပိုဝီရိယကောင်းကောင်းနဲ့ ရေလောင်းပေးခဲ့ပေမယ့်လည်း ငါ့ရဲ့ဗိုလ်စားပဲပင်ကတော့ အညှောက်ထွက်လာပေးဖို့ ငြင်းဆန်နေတုန်းပါပဲ

အဲ့ဒီဗိုလ်စားပဲကြောင့်ပဲ အဲ့ဒီနေ့က
ငါ မျက်လုံးပေါက်ထွက်မတတ် ငိုခဲ့ရတာပေါ့
ဗိုလ်စားပဲအရွယ်လောက် မျက်ရည်စက်ကြီးတွေ
ကျရင်း အိမ်ကိုပြန်လာခဲ့ရတယ်
အဲ့ဒီတုန်းက နားလည်သွားခဲ့တယ်
ဘဝက ဗိုလ်စားပဲပင်လိုပဲဆိုတာကို
ငါထိန်းချုပ်လို့မရဘဲ ဖြစ်လာနိုင်တဲ့ကိစ္စတွေလည်း
ရှိသေးတယ်ဆိုတာကို

တစ်ခါတစ်လေ မရေမရာနဲ့ ရောက်လာတတ်တဲ့ ပျော်ရွှင်မှုနဲ့ မတူဘဲ
ကံဆိုးမှုက အတိအကျရောက်လာတတ်တာပဲ
ငါ့ဘဝက မျက်စိတစ်မှိတ်အတွင်း
ဟိုးအောက်ခြေအထိပြုတ်ကျသွားပြီး
ကျရှုံးမှုက အမြဲတမ်းအထီးကျန်ဆန်မှုနဲ့
အတွဲလိုက်ရောက်လာတတ်တာပဲ

အဆင်ပြေချင်ယောင်ဆောင်ပြီး
ကြိတ်မှိတ်သည်းခံခဲ့ပေမယ့်
အမှန်တော့ ငါ့ကိုဂရုစိုက်ပေးတဲ့မိသားစုကို
တောင့်တခဲ့မိပြီး
ငါ့ကိုယုံကြည်ပေးမဲ့တစ်စုံတစ်ယောက်ကို
တောင့်တခဲ့မိတယ်
ဒါပေမဲ့လည်း အဆုံးကိုမမြင်ရလောက်အောင်
ကံဆိုးမှုတွေ ဆက်နေသလိုမျိုး ဘယ်တော့မှ
ပြန်အဆင်ပြေလာတော့မှာမဟုတ်တဲ့ ငါ့ရဲ့နေ့ရက်တွေက အမှောင်ထုကြီးပဲဝန်းရံနေတော့တယ်

ငါပြန်အဆင်ပြေနိုင်ပါဦးမလား
နောက်တစ်ခါထပ်ပြီး သာမန်ညနေခင်းလေးကို
ရှာတွေ့နိုင်ပါဦးမလား


ပွင့်ပွင့်လင်းလင်းပြောရရင်
ငါက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်တဲ့သူလို့ ထင်ခဲ့တာ
ငါဆိုပြီးတော့ ဘဝမှာ ရှုံးနိမ့်မှုဆိုတာ
မရှိဘဲနေပါ့မလား
မိသားစုဝင်ကောင်းတွေ ရှိတာလည်း မဟုတ်ဘူး
ဘာပဲဖြစ်ဖြစ် ဒီလိုဟိုလို အနာတရတွေရှိခဲ့ပေမဲ့
လူတွေက ဘယ်သူမဆို ကံဆိုးမှု တစ်ခုနှစ်ခုတော့
ပိုင်ဆိုင်ပြီး ရှင်သန်သွားကြတာပဲမို့လို့
ငါလည်းပဲ ပိုင်ဆိုင်ထားတာကို ကျေးဇူးတင်ရင်း
နေထိုင်မယ်ဆိုပြီး နှစ်သိမ့်ရင်း ရှင်သန်လာခဲ့တာ
ကိုယ်ပိုင်ဟန်နဲ့ ကောင်းကောင်းတောင့်ခံလာခဲ့တယ်ထင်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိခဲ့တယ်ဆိုပေမဲ့ ဒါပေမဲ့ အခု ပြန်လှည့်ကြည့်လိုက်တော့
ဒီအတောအတွင်း ငါတောင့်ခံနိုင်ခဲ့တာက
ငါက သန်မာနေလို့မဟုတ်ဘဲ အခုလိုမျိုး
အောက်ခြေအထိကို နိမ့်ကျသွားဖူးတာမျိုး
မရှိခဲ့လို့ပါလားဆိုပြီး တွေးမိတယ်လေ


ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှုဆိုတာက
တစ်နေ့ပြီးတစ်နေ့ စုပုံတည်ရတဲ့ ကျောက်တုံးပုံလေးတွေနဲ့တူတယ်
ဒါက အဓိပ္ပာယ်ရော ရှိရဲ့လား သံသယဝင်လိုက်တာနဲ့ တစ်ပြိုင်နက်မှာ ပြိုလဲကျသွားမှာ
လုပ်နိုင်တယ်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးတော့
ကိုယ့်ရှေ့က ကျောက်တုံးလေးတွေကို
တစ်ဖြည်းဖြည်းချင်း စုပုံစီကြည့်လိုက်မယ်ဆိုရင်
တစ်နေ့မှာ အိမ်တည်နိုင်မယ်
ခိုင်မာတဲ့ရဲတိုက်ကြီးလည်း ဖြစ်နေနိုင်မယ်လေ


ငါတို့ရှေ့မှာ အခု ကောင်းတဲ့ကိစ္စတွေပဲဖြစ်လာမယ်လို့ ယုံကြည်ချင်တယ်
မကြီးကျယ် မခမ်းနားဘူးဆိုရင်တောင်
ဒီလိုဟိုလိုပဲ ကောင်းကောင်းဖြတ်သန်းနိုင်ဖို့
ငါတို့ဟာ သေးငယ်တဲ့ဆုလေးကို
ကြီးကြီးမားမား တောင်းခဲ့ကြတယ်


ငါတော့ အခုအချိန်လေးကို သဘောကျတယ်
ငါလည်း ဒီလို သာမန်ဘဝလေးကို
အရမ်းလွမ်းနေခဲ့မိတယ်ထင်တယ်
ပြောရရင် ဒီအတောအတွင်း မိသားစု အချစ်ရေး ပတ်ဝန်းကျင်က လူတွေကို သိပ်အလေးမထားဘဲနေလာခဲ့တာလေ
ဒါပေမဲ့ ငါပင်ပန်းနေတဲ့အချိန်မှာတော့ အရမ်းကို သာမန်ဖြစ်တဲ့အရာလေးတွေနဲ့ပဲ စိတ်ကိုကုစားပေးသွားတာ
ဟုတ်ပါတယ်
သာမန်လေးပဲနေတာက အရမ်းကိုခက်ခဲပြီး အကောင်းဆုံးအရာပဲလေ
ဒီအတိုင်း အခုလိုမျိုးပဲ သေးငယ်ပြီးပျော်ရွှင်ရတာလေးတွေနဲ့ပဲ ဖြတ်သန်းချင်တယ်


တစ်ယောက်ယောက်ကိုလွမ်းဆွတ်ဖို့အတွက်
နည်းလမ်းတွေ အများကြီးရှိတာပေါ့
ငါတို့အတွက် အချိန်တွေအများကြီး ကုန်သွားပြီဆိုတော့ အမှတ်တရကောင်းတွေကိုပဲတွေးပြီး
ငါတို့သူ့ကို လွမ်းနေသေးပေမဲ့ ထင်ထားတာထက်
ပိုပျော်ရွှင်နေကြပါတယ်


လူတစ်ယောက်က ဒီလိုပြောဖူးတယ်
တစ်ယောက်ယောက်ကို ခွင့်လွှတ်ပေးတာက အဲဒီလူအတွက်မဟုတ်ဘဲ ငါကိုယ်တိုင်အတွက်ပဲတဲ့
တစ်ယောက်ယောက်ကို မုန်းနေရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်တဲ့ကိစ္စလဲ
နာကျင်ပြီး စိတ်သောကရောက်ပြီး ဝမ်းနည်းပြီး အဲဒီလိုအချိန် ခံစားချက်က နင့်ကို အရမ်းနာကျင်အောင် လုပ်တယ်လေ
ဒါပေမဲ့ ခွင့်လွှတ်ပေးလိုက်ဖို့ ပြောတာကတော့ နင့်အတွက် အရမ်းရက်စက်ရာကျမှာပေါ့
နင် ဘယ်လိုအချိန်တွေကို ဖြတ်သန်းခဲ့ရလဲ
အဲဒါကြောင့် ငါတို့ အရင်ဆုံးတော့ စောင့်ကြည့်ရအောင်
မေ့ပစ်ဖို့လည်းမလုပ်ဘဲနဲ့ စောင့်ကြည့်ရအောင်
ဒါဆိုရင် ပင်ပန်းစရာကိစ္စတွေလည်း
နာကျင်စရာကိစ္စတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ
အဲဒီလိုမျိုး အချိန်ကို ကုစားခိုင်းလိုက်ရအောင်


အဲဒီနေ့က မီးပန်းလေးတွေက တစ်ခဏလေးအတွင်း
ပျောက်ကွယ်သွားပေမဲ့ အဲ့ဒီမီးပန်းတွေကတော့
ငါ့ရဲ့မှတ်ဉာဏ်ထဲမှာ အချိန်အကြာကြီး
မပျောက်မကွယ်ရှိနေဆဲပဲ
မီးပန်းလေးတွေက ထိုးတက်သွားပြီး လင်းလက်သွားတယ် ပြီးတော့ ကွဲထွက်သွားတယ်
ပြီးတော့ ငါတို့ဟာ သဘောပေါက်သွားခဲ့ကြတယ်
ဘာပဲဖြစ်ဖြစ် အရာအားလုံးက ပျော်ကွယ်သွားပြီး
နောက်ဆုံးကျန်တာက အခိုက်အတန့်တစ်ခုရဲ့
မှတ်ဉာဏ်ပဲဆိုတာကိုပေါ့
အဲ့ဒါကြောင့်မို့ မေ့ချင်တာတွေကို မေ့ဖျောက်ပြီး
မမေ့ချင်တာတွေကို အချိန်အကြာကြီး
သိမ်းထားလို့ရတယ်ဆိုတာကိုပေါ့
အဲ့ဒီညက မီးပန်းလေးတွေလို


ပြန်လှည့်ကြည့်လိုက်တော့
ကျွန်တော်တို့ လဲကျခဲ့တဲ့နေရာက
ကျွန်တော်တို့ဘဝရဲ့ အဆုံးအဖြတ်ပေးတဲ့
နေရာဖြစ်ခဲ့တယ်
အကုန်လုံးက ပြီးဆုံးသွားပြီလို့ ယုံကြည်ခဲ့တဲ့
အဲ့ဒီအချိန်က အစဖြစ်နေခဲ့တယ်


ဘဝရဲ့ခရီးရှည်မှာ
ငါလိုချင်တဲ့အချိန်နဲ့ နေရာမှာ
ရည်မှန်းချက်ဆီ မရောက်နိုင်ခဲ့ရင်တောင်မှ
ငါ့ဘဝက သိမ်ဖျင်းနိမ့်ကျသွားတာ
မဟုတ်ဘူးဆိုတာကို
မနက်ဖြန်လည်းဖြစ်နိုင်တယ်
တစ်ခြားနေရာတစ်ခုမှာလည်းဖြစ်နိုင်တယ်
ငါ့ကိုစောင့်နေတဲ့ ကံကောင်းမှုတွေက ကျိန်းသေပေါက် တည်ရှိနေတယ်ဆိုတာကို အခု ယုံကြည်ဖို့
ဆုံးဖြတ်လိုက်ပြီ


နေမကောင်းတဲ့သူတွေ အတော်လေးများတယ်မလား
ဒါပေမဲ့ စာဖတ်ချင်လာရင်တော့ စာကြည့်တိုက်ကိုသွားပြီး
ပန်းချီကားတွေကြည့်ချင်ရင် ပြခန်းကိုသွားသလိုမျိုးပေါ့
ဒီကိုလာတဲ့သူတွေကလည်း
အားလုံးကျန်းမာချင်လို့ လာတဲ့သူတွေပါပဲ
အဲ့ဒါကြောင့် အားလုံးသက်သာလာကြမှာပါ

ပိုကောင်းလာတယ်ဆိုတာက ဘာများလဲ
နောက်ဆုံး ပျော်ရွှင်လာရတာလား

မဟုတ်ပါဘူး
ကံဆိုးမှုကိုလည်း လက်ခံလိုက်တာပါ
ငါထပ်ပြီးကံဆိုးနိုင်ပေမဲ့ ရပါတယ်
နောက်ထပ် ကံဆိုးလာရင်တော့
ငါ့မှာတောင့်ခံနိုင်တဲ့ အင်အားရှိတယ်
အဲ့ဒီလို ယုံကြည်တာမျိုးမဟုတ်ဘူးလား


ငါတို့တွေ စိတ်ဓာတ်ကျမှုနဲ့ ပထမဆုံးအကြိမ်
ကြုံတွေ့ခဲ့ရတုန်းက ဘဝကြီးက
အရာရာထိန်းချုပ်မရဖြစ်သွားပြီးတော့
ဘဝကြီးတစ်ခုလုံး အဆုံးသတ်တော့မလို အဲဒီအချိန်
ငါတို့တွေက တိုးတက်မှုမရှိတဲ့ ကာလထဲမှာ ပိတ်မိပြီးတော့ အချိန်အကြာကြီး ထွက်မလာနိုင်တော့ဘူးလို့ ထင်နေခဲ့တယ်

ဒါပေမဲ့ အဲ့ဒီရဲ့နက်ရှိုင်းမှုက
ငါတို့တွေးထားသလောက်ကို မနက်ဘူး
အဲ့ဒီညတုန်းက ငါနဲ့အတူတူငိုပေးခဲ့တဲ့ လူနဲ့အတူ နာကျင်မှုကို အတူတူတောင့်ခံရင်း
အတူတူအကြောက်တရားတွေကို ကျော်လွှားရင်း
ထိခိုက်ခဲ့တဲ့နှလုံးသားလေးကို
ပြည်လည် ကုသနိုင်ခဲ့တယ်
နာကျင်မှုကို ခဏလေး
အမှတ်တရကို အကြာကြီး မှတ်သားဖို့ သင်ယူရင်းနဲ့ နောက်ဆုံးမှာ မတိုးတက်နိုင်တဲ့ ကာလထဲကနေ
ရုန်းထွက်လို့ ရလာခဲ့ပြီမို့

ဒီနေ့တော့ ပျော်ရွှင်ပေမယ့်လည်း
မနက်ဖြန်ကျရင်တော့ ရုတ်တရက်ကြီး
ဝမ်းနည်းရနိုင်တယ်
ဒါပေမဲ့လည်း အဆင်ပြေပါတယ်
ဝမ်းနည်းတဲ့ငါ ရှိနေရင် ပျော်ရွှင်တဲ့ငါလည်း ရှိမှာမို့
ငါတို့တွေဆီမှာ အခု ဝမ်းနည်းမှုရော
ကံဆိုးမှုတွေကိုရော တောင့်ခံနိုင်တဲ့
အင်အားတွေရှိနေပြီမို့
အဲ့ဒါနဲ့တင် လုံလောက်ပါပြီ…

 

'2024 Kdrama' 카테고리의 다른 글

Love Next Door: 엄마치고 아들  (0) 2024.10.20
Lovely Runner: 선재 업고 튀어  (0) 2024.09.04
Boyhood  (0) 2024.05.25
QUEEN OF TEARS  (0) 2024.04.24
Chief Detective 1953  (0) 2024.02.18