일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- Remarriageanddesires
- OurBlues
- HometownChaChaCha
- LeeJunho
- BeMelodramatic
- WhyHer?
- HymnOfDeath
- OurBelovedSummer
- 18Again
- YumiCells2
- YumiCells
- TwentyFiveTwentyOne
- ChicagoTypewriter
- ForecastingLoveandWeather
- YouthOfMay
- TheDevilJudge
- TheRedSleeve
- startup
- NowWeAreBreakingUp
- DrRomantic
- CrashLandingOnYou
- HighClass
- MrSunshine
- LeeJeHoon
- RacketBoys
- TheKingsAffection
- DaliandCockyPrince
- Taxidriver
- KimSeonHo
- WiseMountainvillageLife
- Today
- Total
드라마 다이얼로그
Chief Detective 1953 본문
လူတစ်ယောက်ရဲ့နွားကို ခိုးတာက
သူတို့ဘဝကိုခိုးတာနဲ့အတူတူပဲ
ဒီလောကကြီးမှာ အသက်ရှင်ရတာ အရက်ချက်ရသလိုပဲ
အသန့်စင်ဆုံးအရက်ကို ထုတ်လုပ်ဖို့
မသန့်စင်တဲ့အနယ်အနှစ်တွေကို စစ်ထုတ်ရတယ်
မင်းက သန့်စင်တဲ့အရက်လိုမျိုး
လောကကြီးမှာ ရပ်တည်နိုင်ရင်ကောင်းမယ်
စွဲချက်ကခိုင်မာရင် အပြစ်သားကို ထောင်ချဖို့
ကျွန်တော် ဒီလိုမျိုး သင်ယူထားတာပါ
လူယုတ်မာကောင်တွေက နှစ် ၁၀၀ အသက်ရှည်ရင်တောင်
ကျွန်တော့်အောက်က လူတွေပဲဖြစ်နေဦးမှာ
ရှက်ရကောင်းမှန်း မသိတဲ့လူက
လောကကြီးမှာ အညံ့ဖျင်းဆုံးကောင်ပဲတဲ့
ဇွဲကြီးတဲ့ကောင်ကို အနိုင်ယူနိုင်တဲ့သူက
သူ့ထက်ပိုဇွဲကြီးတဲ့လူပဲ
လူကောင်းမဖြစ်နိုင်ရင်တောင်
အနည်းဆုံးတော့ တိရစ္ဆာန်လို မနေရအောင်
သေနတ်ဆိုတာက တစ်ခါသုံးပြီးရင် အသားကျသွားတတ်ပါတယ်
သေနတ်နဲ့ မကောင်းတဲ့သူတွေကို ချေမှုန်းမယ်ဆိုရင်
တစ်နေ့နေ့တော့ အဲ့ဒီသေနတ်က အင်အားမရှိတဲ့ ပြည်သူတွေဆီကို သေနတ်ပြောင်း ပြန်လှည့်လာမှာပါ
အဲ့ဒါက သေနတ်အသုံးပြုပြီးတော့ရတဲ့ အာဏာရဲ့ သဘာဝပါ
အချိန်က အလွယ်တကူ ပြောင်းလဲသွားပေမယ့်
လူတွေကတော့ အလွယ်တကူ မပြောင်းလဲဘူး
ပျော်ရွှင်မှုဆိုတာက တစ်ခုခုနဲ့ ဖြည့်စွက်ရတာမျိုး မဟုတ်ပါဘူး
ပျော်ရွှင်မှုဆိုတာက ဘာမှကို မလိုအပ်တာမျိုးပါ
ဒီအတိုင်း ကိုယ်တို့နှစ်ယောက်အတူတူ ဒီလိုမျိုး
အတူတူရှိနေနိုင်တဲ့အချိန်က တစ်ကယ့်ပျော်ရွှင်မှု အစစ်အမှန်ပါပဲ
လောကကြီးပြောင်းလဲသွားမယ်လို့သာ ပြောကြတယ်
အာဏာမရှိတဲ့လူတွေပဲ ခံစားရတာကတော့ အရင်တိုင်းပါပဲ
လောကကြီး ပြောင်းလဲသွားလည်း
တစ်ကယ့်သူခိုးကြီးတွေပဲ ပိုကြီးပွါးလာတာလို့ထင်တယ်
လူကြီးလူကောင်းတွေက သူခိုးကြီးတွေဖြစ်လာတဲ့ခေတ်ပဲလေ
လောကကြီးက အခုကတည်းက ကမောက်ကမဖြစ်နေပြီးတော့
ရှေ့လျှောက်လည်း ပိုဆိုးလာဖို့ပဲရှိမယ်ထင်တယ်
ကျွန်တော့်ကလေးကို ဒီလိုလောကကြီးမှာ ရှင်သန်စေရမှာလား
ကျွန်တော့်ကလေးကို အရမ်းရက်စက်တဲ့လောကကြီးကို
လက်ဆင့်ကမ်းပေးသလိုဖြစ်နေမလား အဲ့ဒီလို တွေးမိနေပါတယ်
ကျွန်တော်ကတော့ အစွမ်းကုန် တောင့်ခံနိုင်ပေမယ့်
ကျွန်တော့်ကလေးကတော့ ကျွန်တော့်လိုမျိုး မဖြစ်နိုင်ဘူးမလား
လောကကြီးကိုပေးရတာက မိဘတွေရဲ့အလုပ်ဆိုပေမယ့်
အဲ့ဒါကို လက်ခံတာကလည်း ကလေးတွေရဲ့အလုပ်ပဲ
ကြောက်နေရင်တော့ မိဘကောင်း မဖြစ်လာနိုင်ဘူး
မိဘဖြစ်လာရင် ခံနိုင်ရည်ရှိရတယ်
အစိုးရက ကျွန်တော်တို့ကိုလိမ်တာဆိုရင်
ကျွန်တော်တို့က ဘယ်မှာအလျော်ပြန်တောင်းရမှာလဲ
မင်းလိုမျိုး ဉပဒေနဲ့ ကိုင်စွဲမှရမယ့်လူသားတွေကို
လောကကြီးမှာ ငါကတော့ ရှင်သန်ခွင့်မပေးချင်ဘူး
မင်းလိုမျိုးကောင်တွေက လူတိုင်းအတွက် လောကကြီးကနေ စောစောစီးစီးထွက်သွားသင့်တာ
ကျွန်တော်ကတော့ ဟိုမေးခွန်းတစ်ခုကို မဖြေနိုင်ခဲ့ဘူး
နိုင်ငံတော်ကလိမ်ရင် ဘယ်နားမှာ နစ်နာကြေးတောင်းရမလဲတဲ့
နိုင်ငံတော်က နစ်နာကြေးပေးရမှာပေါ့
ဒါပေမဲ့ သူတို့ဗိုက်ဖောင်းဖို့လုပ်ရင်း အလုပ်ရှုပ်နေကြလို့
ဂရုစိုက်မှာမဟုတ်ဘူး
နစ်နာကြေးမပေးဘူးဆိုရင် ငါတို့က ဝင်ရှင်းပေးရမှာပေါ့
စော်ကားဖို့ထိုက်တန်တဲ့ လုပ်ရပ်မျိုးလုပ်ခဲ့ရင်
ဉက္ကဌကြီးတောင် စော်ကားခံသင့်တာပေါ့
ဘာလို့ခွဲခြားဆက်ဆံနေမှာလဲ
မွေးလာကတည်းက လူဆိုးအဖြစ် မွေးလာတဲ့လူတွေရှိတယ်ဆိုရင်
မွေးလာကတည်းက လူကောင်းအဖြစ် မွေးလာတဲ့လူတွေလည်း
သေချာပေါက် ရှိတယ်ဆိုတာပဲ
ပင်ပန်းတယ်ဆိုပြီး
တွေ့ရာလူကို ယုံကြည်အားကိုးနေလို့မဖြစ်ပါဘူး
လောကကြီးက ကမောက်ကမဖြစ်နေတာပါ
သန်သန်မာမာနဲ့ လိမ္မာပါးနပ်အောင်နေပါ
လာဘ်ပေးလာဘ်ယူတာရဲ့အစက
ထမင်းတစ်နပ်စားတာပဲ
အသိတရားဆိုတာက ကြင်နာတတ်ဖို့ပဲမဟုတ်ပါဘူး
အသိတရားဆိုတာ သန်းပေါင်းများစွာသော
လူတွေရဲ့သက်သေခံချက်နဲ့ တူညီပါတယ်
'2024 Kdrama' 카테고리의 다른 글
Love Next Door: 엄마치고 아들 (0) | 2024.10.20 |
---|---|
Lovely Runner: 선재 업고 튀어 (0) | 2024.09.04 |
Boyhood (0) | 2024.05.25 |
QUEEN OF TEARS (0) | 2024.04.24 |
Doctor Slump: 닥터슬럼프 (0) | 2024.01.28 |