ဝမ်းနည်းကြေကွဲဖွယ်အဆုံးသတ်နဲ့ကြုံတွေ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့
အဲ့ဒီအဖြစ်ကနေ ကယ်တင်ပေးဖို့အတွက် ၁၅နှစ်တာအတိတ်ကို အချိန်ခရီးသွားခဲ့တဲ့ ကောင်မလေးရဲ့အကြောင်း

ကံကြမ္မာအရ ရေစက်ဆုံရာကနေ ပြန်တွေ့ကြပြီး အတိတ်နဲ့ပစ္စုပ္ပန်ကြားမှာ ချစ်မိသွားကြတဲ့ ရိုမန့်တစ်ဆန်ဆန် စိတ်ကူးယဉ်ဇာတ်လမ်း


လမ်းပြန်မလျှောက်နိုင်တော့ဘူးလို့ ိလိုက်ရတဲ့အခါ ညဘက်အိပ်ရာဝင်တိုင်း မနက်မိုးမလင်းတော့ရင်ကောင်းမှာပဲဆိုပြီး တောင်းဆုပြုခဲ့တယ်
အဲ့ဒီနေ့မှာလည်း ပြန်လည်ထူထောင်ရေးဆေးရုံရဲ့ပြတင်းပေါက်ကနေ ဝင်လာတဲ့ မနက်ခင်းနေရောင်ခြည်က ရူးလောက်အောင်ကို ဝမ်းနည်းစေခဲ့တယ်


အဲ့ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းခေါ်လာတဲ့ ရေဒီယိုလှိုင်းကနေ ကောင်လေးတစ်ယောက်ကပြောခဲ့တယ်
“ဒီနေ့လည်း အသက်ရှင်ပေးပါ
ရာသီဉတုက အရမ်းသာယာတာမလို့
မနက်ဖြန်ဆိုရင် မိုးရွာမှာတဲ့
ဒါကြောင့် အဲ့ဒီမိုးတိတ်သွားတာကိုစောင့်ရင်း ဆက်ပြီး အသက်ရှင်ပေးပါဦးတဲ့
အဲ့ဒီလိုနေသွားရင်းနဲ့ တစ်ချိန်ချိန်ကျ
အသက်ရှင်နေရတာ မဆိုးပါဘူးလို့ ခံစားလားမယ့်နေ့မျိုးလည်း ရှိလာနိုင်လောက်တယ်မလား

ဒီနေ့တော့ ရှင်သန်နေပေးပါ
ရာသီဉတု အရမ်းသာယာနေတာမို့
မနက်ဖြန် မိုးရွာမှာတဲ့
ဒါဆို အဲ့ဒီမိုးတိတ်သွားတဲ့အချိန်ထိစောင့်ပြီး
ဆက်ရှင်သန်ပေးပါဦး
ဒီလိုနဲ့တစ်နေ့ကျ အသက်ရှင်နေရတာ
အရမ်းကြီးမဆိုးလောက်တဲ့နေ့မျိုး ရောက်လာမှာပါ

ဘယ်သူ့ဆီမှာပဲဖြစ်ဖြစ် အဲ့ဒီလိုအချိန်မျိုး
တစ်ခါလောက်တော့ရှိပါတယ်
သေချာပေါက် လောကကြီးက
ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားချက်မျိုး
ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလိုပြောခဲ့တယ်
ဒီနေ့က နေ့ရက်ကောင်းလေးမို့လို့
တစ်ခါလောက်ရှင်သန်ကြည့်ပါလို့
မိုးရွာနေရင် အဲ့ဒီမိုးတိတ်သွားတဲ့အချိန်ထိ စောင့်ပြီး ရှင်သန်နေပါလို့

ဘယ်လောက်ပဲပြောင်းလဲအောင်လုပ်လုပ်
မပြောင်းလဲနိုင်တဲ့ ကံကြမ္မာဆိုတာရှိတယ်
အဲ့ဒါက ရွေးချယ်မှုမပြောင်းလဲတာပဲ
ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်
သိရက်နဲ့လည်း လုပ်တဲ့ဆုံးဖြတ်ချက်တွေရှိတယ်
ဘာမှမတတ်နိုင်ဘဲ သဘောကျတာမို့လို့

ငါ ဘယ်အချိန်သေမလဲမသိပေမဲ့
ငါ့ရဲ့လူငယ်ဘဝမှာ
အတောက်ပဆုံးအချိန်ရောက်လာခဲ့မယ်ဆိုရင်
မင်းနဲ့အတူတူဖြစ်ရင်ကောင်းမယ်

တစ်ခုကိုလိုချင်ရင်
တစ်ခုကိုလက်လွှတ်ရတာ သဘာဝပဲ
တန်ကြေးမပေးရတဲ့ ပျော်ရွှင်မှုက ဘယ်မှာရှိလို့လဲ
'2024 Kdrama' 카테고리의 다른 글
Family by Choice: 조립식 가족 (0) | 2024.11.04 |
---|---|
Love Next Door: 엄마치고 아들 (0) | 2024.10.20 |
Boyhood (0) | 2024.05.25 |
QUEEN OF TEARS (0) | 2024.04.24 |
Chief Detective 1953 (0) | 2024.02.18 |