일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- DaliandCockyPrince
- LeeJeHoon
- YumiCells
- OurBlues
- OurBelovedSummer
- HighClass
- CrashLandingOnYou
- BeMelodramatic
- KimSeonHo
- MrSunshine
- ForecastingLoveandWeather
- TwentyFiveTwentyOne
- DrRomantic
- TheKingsAffection
- LeeJunho
- 18Again
- TheDevilJudge
- Remarriageanddesires
- Taxidriver
- startup
- YouthOfMay
- HymnOfDeath
- HometownChaChaCha
- WhyHer?
- WiseMountainvillageLife
- TheRedSleeve
- RacketBoys
- NowWeAreBreakingUp
- ChicagoTypewriter
- YumiCells2
- Today
- Total
드라마 다이얼로그
QUEEN OF TEARS 본문
ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီးတော့ ဘဝကို အဆုံးသတ်လိုက်ကြတဲ့ ကုသလို့မရနိုင်တဲ့ လူနာတွေအများကြီးကို တွေ့ခဲ့ဖူးပါတယ် ရောဂါကြောင့်သေတဲ့လူတွေထက်တောင် ပိုများသေးတယ် ဆုပ်ကိုင်ထားစရာကျန်တဲ့လူတွေကတော့ အသက်ရှင်ကြပါတယ် မျှော်လင့်ချက် ဆန္ဒ ချစ်ခြင်းမေတ္တာ မုန်းတီးမှုတွေ ဘဝကို စိတ်ပျက်စေတဲ့သူတွေပေါ့
နေဝင်ချိန်ကိုမြင်လိုက်ရင် ဒီနေ့ ကျွန်တော်က ဘယ်လောက်ပဲ စိတ်ခံစားချက်တွေက ဆိုးဝါးနေပါစေ အားလုံးကို အကုန်မေ့ပျောက်သွားပြီးတော့ ‘ဒီအတိုင်း အိမ်ကိုပြန်လိုက်ရအောင်’ ဒီလိုအတွေးမျိုး ဝင်လာမိတယ်
ကျွန်မလည်း ရှင်သန်လာတာနဲ့အမျှ ဘဝက ရှည်တယ်ထင်ရရင်တောင် ပျော်ဖို့ကောင်းပြီး တောက်ပတဲ့အချိန်တွေက မများလှဘူးရယ် ဒီလိုအဆုံးသတ်မျိုး ဖြစ်လာပေမယ့်လည်း အဲ့ဒီပျော်ခဲ့တဲ့ အချိန်တွေအထိ ကျွန်မတို့ရဲ့ဘဝထဲမှာ နာကျင်စရာအဖြစ်နဲ့ မကျန်ခဲ့စေချင်ဘူး
ငါတို့လည်း အဲ့ဒီလိုလုပ်ခဲ့ရင် ဘယ်လိုဖြစ်လောက်မလဲ ဆေးလိမ်းစရာရှိရင်လိမ်းပြီး ဒဏ်ရာလည်းပိုးသတ်ခဲ့ပြီး ပလာစတာအသစ်လဲခဲ့မယ်ဆိုရင် အခုလိုမဖြစ်လောက်ဘူးလား
ဘဝကြီးမှာ ကိုယ်စီကိုယ်စီ သယ်သွားရမဲ့ ဝန်ထုပ်ဝန်ပိုးတွေကတော့ ရှိတာပဲလေ လောကကြီးမှာ အသက်သာဆုံးလူရဲ့ အိတ်ကပ်ထဲမှာတောင် သူပဲသိနိုင်တဲ့ စိတ်ပူပန်မှု ကျောက်ခဲအလေးကြီးတွေ ရှိနေတာပါ ဒါကြောင့်မို့လို့ တစ်ယောက်ယောက်ကို အားကျဖို့လည်း မလိုတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်နေစရာမလိုပါဘူး
လက်ထပ်တာက နွေရာသီမှာ အဲယားကွန်းဖွင့်တာနဲ့တူတယ် လိုချင်တဲ့အပူချိန်က မကိုက်ညီဘူးတဲ့
နင်စဉ်းစားတဲ့အချစ်ဆိုတာ ဘာမှန်းငါမသိပေမဲ့ ငါထင်တဲ့အချစ်ဆိုတာကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားချိုချိုလေးတွေ ပြောရတာမဟုတ်ဘဲ မကြိုက်လွန်းလို့ သေတော့မလိုဖြစ်နေတဲ့အချိန်မှာ အတူတူတောင့်ခံပေးတာဘဲ ဘယ်ကိုမှထွက်မပြေးဘဲ ဘေးမှာရှိနေပေးတာ အကြွေးတွေရှိနေရင်တောင်မှပဲ အဲ့ဒါထက်ပိုများတဲ့ဟာတွေရှိရင်တောင် အတူတူရှိနေပေးတာ အဲ့ဒါမှ အချစ်
ဒီတည်သီးတွေက အရင်က တော်တော်ခါးတာ ဒါပေမဲ့ ခါးလွန်းလို့ ပါးစပ်နားတောင် မကပ်ရဲတဲ့တည်သီးကို ချိုအောင်လုပ်လို့ရတဲ့ နည်းလမ်းရှိတယ် စိမ်ပေးရတာ တည်သီးပေါ်မှာ ဆိုဂျူနည်းနည်းလောင်းပြီး အောက်ပိုင်းကို နည်းနည်း ထုပ်ပိုးထားလိုက်ရင် ဒီလိုမျိုး ချိုသွားတာ ဘဝဆိုတာလည်း ဒီတည်သီးလိုမျိုး ချိုလိုက် ခါးလိုက်ပဲပေါ့ မဟုတ်ရင်တောင် သေလောက်အောင် ပင်ပန်းနေတာကို အဲ့ဒီအပေါ်မှာ ဆိုဂျူပါထပ်လောင်းပေးလိုက်ရင် လုံးဝနေချင်တော့မှာတောင် မဟုတ်ဘူး ဒါပေမဲ့ ကောင်းကောင်းသည်းခံနိုင်ရင် တစ်ချိန်ချိန်မှာ ပြန်ချိုမြိန်လာပြီး အဲ့ဒီအင်အားကို အရယူပြီး ဆက်အသက်ရှင်ရမယ် အဲ့ဒီလိုပဲမလား
လူတွေက ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပြီး နေကြတယ် ဒါပေမဲ့ ဘယ်သူမှ မသိနိုင်ဘူးလေ နောက်စာမျက်နှာမှာ ဘာတွေလာမလဲဆိုတာကို ဒါကြောင့် မတည်နိုင်တဲ့ ကတိတွေကို ပေးကြပြီးတော့ တောက်ပနေတဲ့အချိန်လေးတွေက တစ်သက်လုံးရှိသွားမယ့် ပုံစံမျိုးနဲ့ ရယ်ပြုံးကြတယ် ဒါပေမဲ့ ဘဝဆိုတာ တောက်ပနေတဲ့ ပျော်ရွှင်မှုနောက်မှာ များစွာသော အရာတွေကို ဖုံးကွယ်ထားတတ်တယ် မျက်လှည့်လိုမျိုး ကောင်းတဲ့အရာတွေက ပျောက်ကွယ်သွားပြီး စာမျက်နှာကို ဆွဲဖြဲချင်လောက်တဲ့အထိ ဖြစ်စေတဲ့ ခက်ခဲတဲ့အချိန်တွေ ရောက်လာတတ်တယ်
အသက်ရှင်နေတယ်ဆိုတာက အဲ့ဒီမှတ်ဉာဏ်တွေကို တန်ဖိုးထားပြီးတော့ အဲ့ဒါတွေကနေ အင်အားကို ထုတ်ယူတာပဲ အဲ့ဒါကြောင့် အဲ့ဒီမှတ်ဉာဏ်တွေက ကျွန်မနဲ့ ကျွန်မဘဝကို အဓိပ္ပာယ် ဖွင့်ဆိုကြတာပဲ
မုန်းဖို့လုပ်ခဲ့တဲ့လူတွေကို ခွင့်လွှတ်လိုက်ပြီးတော့ ကြိုးစားတာနဲ့ပဲ အကုန်ဖြစ်မလာနိုင်တာကို ဒါပေမဲ့ အကုန်ဖြစ်မလာရင်တောင်မှ အဆင်ပြေတာကို သိနားလည်သွားပြီးတော့ နေ့ရက်တိုင်းကို အပြည့်အဝနေထိုင်ရင်း တစ်နေ့မှာတော့ ရပ်တန့်ပြီးတော့ သဘာဝရှုခင်းကို ရှုစားပြီးတော့ အဲ့ဒီလိုလုပ်ကြည့်ရင် အချိန်တွေ မြန်မြန်ရွေ့လျားသွားမှာပေါ့ ဖမ်းကိုင်ထားလို့ မရနိုင်ဘဲ ငါတို့က အားလုံးကို လွှတ်ပေးရမှာပေါ့ အဲ့ဒီလိုမျိုး တစ်နေ့ပြီးတစ်နေ့ အတူတူနေထိုင်ကြရင်းကနေ ဘဝကပေးတဲ့ပျော်ရွှင်မှုကို အလေအလွင့်မရှိ ခံစားရင်းနဲ့
တစ်နေ့မှာ တစ်ယောက်ပဲ ကျန်ခဲ့ရင် အဲ့ဒီအချိန်ကျရင် တစ်ခြားတစ်ယောက်က လာတွေ့ရင် ရပြီ အဲ့ဒါဆိုရင် နည်းနည်းလေးတောင်
ကြောက်ဖို့ကောင်းမှာ မဟုတ်တော့ဘူး အတူတူရှိနေမှာမလို့
'2024 Kdrama' 카테고리의 다른 글
Love Next Door: 엄마치고 아들 (0) | 2024.10.20 |
---|---|
Lovely Runner: 선재 업고 튀어 (0) | 2024.09.04 |
Boyhood (0) | 2024.05.25 |
Chief Detective 1953 (0) | 2024.02.18 |
Doctor Slump: 닥터슬럼프 (0) | 2024.01.28 |