일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- DrRomantic
- WhyHer?
- NowWeAreBreakingUp
- CrashLandingOnYou
- HometownChaChaCha
- DaliandCockyPrince
- HighClass
- TheRedSleeve
- KimSeonHo
- LeeJunho
- HymnOfDeath
- YouthOfMay
- startup
- TwentyFiveTwentyOne
- TheKingsAffection
- 18Again
- YumiCells2
- Remarriageanddesires
- WiseMountainvillageLife
- Taxidriver
- ChicagoTypewriter
- LeeJeHoon
- TheDevilJudge
- RacketBoys
- BeMelodramatic
- MrSunshine
- ForecastingLoveandWeather
- OurBlues
- OurBelovedSummer
- YumiCells
- Today
- Total
드라마 다이얼로그
사랑의 이해 본문
The Interest of Love: 사랑의 이해
Understanding of Love (literal title)
Rate: 8/10
အတိတ်ကအချစ်က ခြေရာတွေကျန်ခဲ့တယ်
သေချာတဲ့ဆုံးဖြတ်ချက်မချမိလို့ နောင်တရရပြီး ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်လည်း နောင်တရရတယ်
မခံစားနိုင်လောက်တဲ့ နာကျင်မှုမျိုးမဟုတ်ပေမယ့် အနာမကျက်တော့မယ့် ဒဏ်ရာလို နာကျင်ရတယ်
အမြဲတည်ရှိနေမယ့် ဒဏ်ရာတစ်ခုပါပဲ
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမှာ တစ်ယောက်အတွက်တစ်ယောက် ရှိခဲ့ကြတယ်
သဘောကျပြီး ရင်တွေခုန်ခဲ့ ရူးမိုက်ခဲ့ကြပြီးတော့ နောင်တရခဲ့တဲ့
အဲဒီအခိုက်အတန့်တွေအားလုံးက နောက်ဆုံး ပန်းချီကား ဖြစ်သွားခဲ့တယ်
အဲဒီအချိန်တုန်းက ငါတို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေခဲ့တာလား
မျက်ကန်းဖြစ်နေခဲ့တာလား
ဒီနေ့ငါတို့အတူတူမေ့ပျောက်ခြင်း တောင်ကုန်းကိုတက်ခဲ့တော့
ဒီနေ့ ဘာတွေမေ့သွားပီလဲ
ဘာမှမမေ့ခဲ့ပါဘူး ဘာမှပေါ့ ...
ကြီးပြီး တောက်ပနေတဲ့ နေရာစိမ်းတစ်ခု
ဆိုးလ်နဲ့ပတ်သက်တဲ့ ပထမဆုံးခံစားမှုက အဲလိုဖြစ်ခဲ့တယ်
ငါ့ကိုမသိတဲ့လူတွေ
ငါမသိတဲ့ ဘဝကို နေနေကြတဲ့နေရာ
အဲ့ဒီဆုံးရှုံးမှုက ထူးထူးဆန်းဆန်း မျှော်လင့်ချက်ဆိုတာကို ခံစားမိစေခဲ့တယ်
တစ်ယောက်တည်းပါ
အေးပြီး မှောင်မဲပြီး သက်တမ်းကြာနေတဲ့ ကျိန်းသေပေါက် ငါနဲ့တူတဲ့နေရာလေးမှာ ငါ သက်သာရာရခဲ့တယ်
ကြိုးစားပြီးအားထုတ်ရင် ဘာမဆို ဖြည့်ဆည်းနိုင်တယ်လို့ ယုံကြည်ခဲ့တယ်
သေလောက်အောင် အလုပ်မလုပ်ရင် သာမန်လောက်တောင်မနေနိုင်လို့ ပင်ပန်းခဲ့ရပေမဲ့ နည်းနည်းလောက်တော့ ပိုပြီး ကောင်းတဲ့ဘဝမှာနေချင်ခဲ့တယ်
အဲ့လိုနဲ့ အခွင့်အရေးပဲလို့ စဉ်းစားခဲ့တဲ့ဘဏ်မှာ ငါ သိသွားခဲ့တယ်
လူတွေက စည်းတားထားတယ်ဆိုတာကို
တစ်ခါတစ်လေတော့ အရမ်းကိုသိမ်မွေ့စွာနဲ့ တစ်ခါတစ်လေတော့ အတော်လေးကို သိသာတယ်
ပြီးတော့ အဲ့ဒါကိုဖြစ်သင့်တယ်လ်ု့ တွေးကြတယ်
တာထွက်ကမတူတာမလို့
တရားမျှတတဲ့အခွင့်အရေးလို့ မြင်ရတဲ့ကိစ္စတွေလည်း မသိမသာ ခွဲခြားဆက်ဆံတာပါပဲ
စည်းအပြင်ဘက်မှာ ရှိနေတဲ့သူတွေက စည်းအတွင်းထဲကို လွယ်လွယ်ဝင်မလာနိုင်ဘူး
ဒဏ်ရာမရစေမယ့်နည်းလမ်းက ဒီအတိုင်း လက်ခံလိုက်တာပဲ
ဒီနေရာမှာ ငါက စည်းအပြင်ဘက်မှာ ရပ်နေတဲ့သူပဲ
ဘဝကောင်းနဲ့နေနိုင်ဖို့ ငွေအလုံအလောက်ရှာရတာက တသက်လုံးကြာသွားမှာကိုစိုးရိမ်တယ်
ငါ့အိပ်မက်က ပျမ်းမျှအတိုင်းနေဖို့ သာမန်ဘဝနဲ့နေဖို့
သာမန်ဘဝဆိုရင် လိုချင်တာ ဘာမှ မရှိတော့ဘူးလေ
ကောင်းကောင်းစား ကောင်းကောင်းနေတာနဲ့ တူတူပဲ
သာတူညီမျှဖြစ်တယ်ဆိုတာ လူအများထဲမှာ သိသာနေတာမဟုတ်ဘူးဆိုတဲ့သဘောမလား
ကြီးကြီးမားမားချို့ယွင်းနေတာမရှိဘဲ ပုံစံတူတွေချည်းပဲ
ဒါပေမဲ့ ငါကအရွယ်ရောက်လာတော့ ငါ.. ရုပ်ဆိုးတဲ့ဘဲလေးလို ခံစားလာရတယ်
တစ်ယောက်ယောက်က ပေါ်တင်လာပြီး ပြောတာတော့ မဟုတ်ပေမဲ့ ဒီတိုင်း နားလည်သွားတယ်
တစ်စုံတစ်ယောက်အတွက် သာတူညီမျှဖြစ်တယ်ဆိုတာက ငါ့အတွက်တော့ အသေအလဲကြိုးစားတော့မှ ဖြစ်လာနိုင်တဲ့အရာပဲဆိုတာကို
သူတို့တွေပြောကြတဲ့ သာတူညီမျှမှုဆိုတာက သူတို့တွေပိုင်ဆိုင်ထားတာကို တိတ်တိတ်လေး ထုတ်ပြတဲ့ ဖော်ပြချက်ပဲဆိုတာကို
ငါ့မှာရှိတဲ့ပျော်ရွှင်မှုက နောက်ကြောင်းပြန်လှည့်ချင်တဲ့ အခိုက်အတန့်မျိုး မဖန်တီးတာပါပဲ
အဲဒီတုန်းက အဖေ့ကိုသာတားခဲ့ရင်
အဲဒီတုန်းက အဖေ့ကိုသာ ဆွဲထားခဲ့ရင်
နည်းနည်းလောက်ပိုပြီး အပြေးသွားခဲ့ရင်
လူတစ်ယောက်ရဲ့သေဆုံးမှုက ကျန်ရစ်တဲ့သူတွေရဲ့ဘဝကို ပြောင်းလဲစေပြီး တစ်သက်လုံး နောက်ကလိုက်လာမယ့် ကံဆိုးမှုဖြစ်စေပါတယ်
ဘဝရဲ့လေးလံမှုကို သိနေတဲ့လူက
အမြဲမှိုင်တွေနေတတ်ပါတယ် တွန့်ဆုတ်မှုလည်းဖြစ်စေပါတယ်
အဲဒီလိုနဲ့ ငါလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက အမြဲမပျော်ရွှင်မှုနဲ့ အဆုံးသတ်ရတယ်
ဘဏ်မှာအလုပ်လုပ်ပေမယ့် ဘဏ်ကလူမဟုတ်ဘူး
လုံခြုံရေးအစောင့်ပေမယ့် တခြားအလုပ်တွေလည်းအများကြီးလုပ်ရတယ်
လစာကိုလည်း အလုပ်ဝန်ဆောင်မှုကုမ္ပဏီကနေ သပ်သပ်ရတယ် လစာထုတ်တိုင်း အပြင်လူလို့ခံစားရတဲ့ ခံစားချက်ကိုသိလား
ဒါပေမယ့်လည်း ကျွန်တော်တော့ ရယ်စရာကောင်းတယ်မမြင်ပါဘူး
လူတွေကျွန်တော့်ကို လက်လွတ်စပယ်ဆက်ဆံလည်း ဘာမှမဖြစ်ဘူး
စာချုပ်ဝန်ထမ်းမို့ အထင်သေးလည်း ဘာမှမဖြစ်ဘူး
အိပ်မက်ရှိတာမို့ တဖြည်းဖြည်းကောင်းလာမှာပါ
ကျွန်တော်တို့ပိုပျော်ရွှင်ရမှာပါ ကြိုးစားနေတာမို့လေ
တကယ်တော့ သူ့ထက်ပိုကြိုက်ခဲ့တဲ့လူတောင်ရှိသေးတယ်
ဒါပေမယ့် နှင့်အဖေနဲ့ပဲ လက်ထပ်ခဲ့တာပါ
လက်ထပ်မယ့်လူကသက်သက်ရှိနေတာပဲဆိုတဲ့စကားက အမှန်ပဲကိုးလို့တွေးခဲ့တယ်
အရူးအမူးချစ်တတ်က အရာရာမဟုတ်ဘူးဆိုတာ သိသွားခဲ့တာပေါ့
ဒီတိုင်းပါပဲ ရေစီးအတိုင်း..နှလုံးသားစေရာအတိုင်း ရှင်သန်ကြည့်လိုက်ရင်း ရင့်ကျက်တဲ့ ကလေးတစ်ယောက်လည်း ရသွားတာပေါ့
အဲဒါမျိုးက ဘဝပဲ
လူတွေအားလုံးက အသီးသီးကံဆိုးမှုနဲ့ စိတ်ဒဏ်ရာတွေကိုပွေ့ပိုက်ပြီးနေနေကြတာမို့
အဆောတလျင်အကဲဖြတ်တာရော
အဆောတလျင် နှစ်သိမ့်ပေးတာရော
မလုပ်နိုင်ဘူး အဲဒါကြောင့်
အချစ်က ဘာလဲ..ဘာမို့လို့လဲ
အဲဒီလောက်တောင် ကြီးကျယ်နေလို့လား
လူတွေလည်း တကယ်ထူးဆန်းတယ်
ပစ္စည်းတစ်ခုမဝယ်ခင် လိုက်ရှာဖွေစုံစမ်းရ သုံးသပ်ချက်တွေဖတ်ရနဲ့ လုပ်ခဲ့ပြီးတော့
အချစ်ဆိုတဲ့ ခံစားချက်ကျ ဘာနေနေ အပြစ်ကင်းစင်စွာတွေးနေကြတာ
စိတ်ထဲမှာတော့ သူများတွေကိုလိုက်ဝေဖန်နေပြီးတော့ တခြားအရာတွေမှာ ရောထွေးနေတဲ့ မကောင်းတဲ့ဟာတွေ
ဘယ်လောက်ဆိုးဝါးလဲသိလား
အဖေ သက်သာသွားရင် ပျော်ဖို့ထက် ပိုက်ဆံကိုပိုစိတ်ပူနေရတာ
ငါက သုညမှာပဲလို့ထင်ခဲ့တယ်
သုညကနေ အသစ်ပြန်စရရင် ရမယ်လို့ထင်ခဲ့တာ
အတွေးမှားသွားတယ်
သုညကနေစတာက
ငါမျှော်လင့်ထားတာထက်များနေတယ်
ငါ့ဘဝက သုညအောက်က အနုတ်ဖြစ်နေခဲ့တာ
ရာသီတွေကုန်လွန်သွားတယ်
တစ်ချို့အတွက်အဆင်မပြေဖြစ်ရပြီး တစ်ချို့က စိတ်အားထက်သန်ကြတယ်
တစ်ချို့ကတော့ ဆက်ငြိမ်သက်ရတယ်
အားလုံးအတွက် သူ့နည်းသူ့ဟန်နဲ့ အချိန်ကုန်ဆုံးသွားတယ်
ဘဝက စက်ဝိုင်းနဲ့တူလို့
ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေတယ်လို့ အထင်မှားနေပေမယ့် နောက်ဆုံးတော့ အစကိုပဲပြန်ရောက်နေတယ်
တစ်နေရာထဲမှာပဲ လှည့်ပတ်နေတယ်
ကြီးမားပြီး အဆုံးသတ်မရှိတဲ့စက်ဝိုင်းလို ဘဝ
သူများတွေအတွက် လွယ်တဲ့ကိစ္စက ကျွန်မတို့အတွက် ခက်ခဲနေတာကို ဒေါသထွက်တယ် သူများတွေအတွက် ဘာမှမဟုတ်တာက ကျွန်မတို့အတွက် အသည်းအသန်ဖြစ်နေတာကို စိတ်တိုတယ်
အများကြီးမထိခိုက်စေနဲ့ စိတ်ပူပန် ရှုပ်ထွေးပြီး စိတ်ညစ်နေလည်း အားလုံးအဆင်ပြေတယ် အရမ်းအများကြီးသာ မထိခိုက်စေနဲ့ ရင်ထဲကဒဏ်ရာက ပိုကြာရှည်တယ်
မငြင်းဆန်လိုက်ပါနဲ့ ငြင်းဆန်လိုက်တဲ့ ဒီခဏတာအချိန်က မင်းတို့အချစ်မှာကြွေဆင်းနေလားဆိုတာ မသိနိုင်လို့ပါ
နင့်ကိုယ်နင်ထိခိုက်ရတဲ့အထိ ကာကွယ်ပေးဖို့ ဘာအကြောင်းမှမရှိဘူး ငါသိခဲ့ရတာတော့ အဲဒါပဲ ငါက ငါ့ကိုယ်ငါကာကွယ်မှ အခြားသူတွေလည်း အထင်မသေးရဲမှာ
သမီးရည်းစားဆက်ဆံရေးမှာ အရာအားလုံးလုပ်နိုင်တဲ့အခွင့်အရေးက အချစ်ခံရတဲ့သူဆီမှာပဲရှိတာပါ
အဖွဲ့ခွဲမှူးဟာမျှော်လင့်တဲ့ အနာဂတ်ရဲ့ပျော်ရွှင်မှုကဘာလဲ?
"မပြောတတ်ဘူး အပြောင်းအလဲမရှိတဲ့ဘဝ အဲဒါကပျော်ရွှင်မှုလို့ တွေးခဲ့တယ်
မနေ့ကထက် သိပ်မဆိုးရင် အဲဒီလောက်ဆိုရပြီ"
လူတွေက “ပျော်ရွှင်မှု" ဆိုတဲ့စကားလုံးကြောင့် ပူပန်နေကြရတယ်ထင်တယ်
ဒီအတိုင်း အားလုံး ဒီလိုပဲနေနေတာမဟုတ်ဘူးလား တစ်နေ့တာရဲ့ကံဆိုးမှုတွေကို တောင့်ခံရင်းနဲ့..
လောကကြီးမှာ ထာဝရတည်တဲ့လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး
ကျောင်းထဲမှာ အချိန်တွေရပ်တန့်ထားသလိုပဲ ဘယ်အချိန်လာလာ မပြောင်းလဲလို့
ပျော်စရာနေ့တွေကိုတောင် လွမ်းသွားပြီ
ဆက်ဆံရေးတွေက ပူလိုက် အေးလိုက်နဲ့ အသက်ကြီးလာရင်တော့ တစ်ကယ် ဘာမှသိပ်မခံစားရတော့ဘူး
အဲဒါကြောင့် ငယ်တုန်းပဲချစ်ရတာ ရည်းစားထားရတာလို့ ပြောကြတာဖြစ်မှာပေါ့
တစ်ချိန်ကျ ပြတ်မှာပဲဟာကို
အချစ်ကထာဝရတည်မြဲတယ်တွေ လုပ်နေသေးတယ်
ဒါပေမယ့်လည်း အတိတ်ကိုပြန်ကြည့်လိုက်ရင် တောက်ပတယ်လို့ ထင်မိတယ်
ဘာပဲဖြစ်နေပါစေ ဒီတိုင်း ပျော်အောင်နေ
'2023 Kdrama' 카테고리의 다른 글
Taxi Driver: 모범택시 2 (0) | 2023.02.17 |
---|---|
Curtain Call (0) | 2023.02.16 |
Ha Sung Soo (0) | 2023.01.29 |
Ahn Soo Young (0) | 2023.01.29 |
Please Send Me A Fan Letter (0) | 2023.01.24 |