일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- BeMelodramatic
- OurBlues
- TheDevilJudge
- RacketBoys
- Taxidriver
- ChicagoTypewriter
- ForecastingLoveandWeather
- YumiCells2
- HometownChaChaCha
- DaliandCockyPrince
- CrashLandingOnYou
- TwentyFiveTwentyOne
- WhyHer?
- Remarriageanddesires
- YouthOfMay
- KimSeonHo
- WiseMountainvillageLife
- LeeJunho
- NowWeAreBreakingUp
- HighClass
- YumiCells
- HymnOfDeath
- LeeJeHoon
- startup
- TheRedSleeve
- MrSunshine
- 18Again
- DrRomantic
- TheKingsAffection
- OurBelovedSummer
- Today
- Total
드라마 다이얼로그
Ahn Soo Young 본문
ကြီးပြီး တောက်ပနေတဲ့ နေရာစိမ်းတစ်ခု
ဆိုးလ်နဲ့ပတ်သက်တဲ့ ပထမဆုံးခံစားမှုက အဲလိုဖြစ်ခဲ့တယ်
ငါ့ကိုမသိတဲ့လူတွေ
ငါမသိတဲ့ ဘဝကို နေနေကြတဲ့နေရာ
အဲ့ဒီဆုံးရှုံးမှုက ထူးထူးဆန်းဆန်း မျှော်လင့်ချက်ဆိုတာကို ခံစားမိစေခဲ့တယ်
တစ်ယောက်တည်းပါ
အေးပြီး မှောင်မဲပြီး သက်တမ်းကြာနေတဲ့ ကျိန်းသေပေါက် ငါနဲ့တူတဲ့နေရာလေးမှာ ငါ သက်သာရာရခဲ့တယ်
ကြိုးစားပြီးအားထုတ်ရင် ဘာမဆို ဖြည့်ဆည်းနိုင်တယ်လို့ ယုံကြည်ခဲ့တယ်
သေလောက်အောင် အလုပ်မလုပ်ရင် သာမန်လောက်တောင်မနေနိုင်လို့ ပင်ပန်းခဲ့ရပေမဲ့ နည်းနည်းလောက်တော့ ပိုပြီး ကောင်းတဲ့ဘဝမှာနေချင်ခဲ့တယ်
အဲ့လိုနဲ့ အခွင့်အရေးပဲလို့ စဉ်းစားခဲ့တဲ့ဘဏ်မှာ ငါ သိသွားခဲ့တယ်
လူတွေက စည်းတားထားတယ်ဆိုတာကို
တစ်ခါတစ်လေတော့ အရမ်းကိုသိမ်မွေ့စွာနဲ့ တစ်ခါတစ်လေတော့ အတော်လေးကို သိသာတယ်
ပြီးတော့ အဲ့ဒါကိုဖြစ်သင့်တယ်လ်ု့ တွေးကြတယ်
တာထွက်ကမတူတာမလို့
တရားမျှတတဲ့အခွင့်အရေးလို့ မြင်ရတဲ့ကိစ္စတွေလည်း မသိမသာ ခွဲခြားဆက်ဆံတာပါပဲ
စည်းအပြင်ဘက်မှာ ရှိနေတဲ့သူတွေက စည်းအတွင်းထဲကို လွယ်လွယ်ဝင်မလာနိုင်ဘူး
ဒဏ်ရာမရစေမယ့်နည်းလမ်းက ဒီအတိုင်း လက်ခံလိုက်တာပဲ
ဒီနေရာမှာ ငါက စည်းအပြင်ဘက်မှာ ရပ်နေတဲ့သူပဲ
ဘဝကောင်းနဲ့နေနိုင်ဖို့ ငွေအလုံအလောက်ရှာရတာက တသက်လုံးကြာသွားမှာကိုစိုးရိမ်တယ်
ငါ့အိပ်မက်က ပျမ်းမျှအတိုင်းနေဖို့ သာမန်ဘဝနဲ့နေဖို့
သာမန်ဘဝဆိုရင် လိုချင်တာ ဘာမှ မရှိတော့ဘူးလေ
ကောင်းကောင်းစား ကောင်းကောင်းနေတာနဲ့ တူတူပဲ
သူများတွေအတွက် လွယ်တဲ့ကိစ္စက ကျွန်မတို့အတွက် ခက်ခဲနေတာကို ဒေါသထွက်တယ် သူများတွေအတွက် ဘာမှမဟုတ်တာက ကျွန်မတို့အတွက် အသည်းအသန်ဖြစ်နေတာကို စိတ်တိုတယ်
ဒီနေ့လည်း အပူချိန်ကျဆင်းပြီး ရာသီတွေပြောင်းလဲနေပါတယ်
ဒီလိုအချိန်မှာ စဉ်းစားမိတဲ့ ဇာတ်ကားတစ်ခုရှိပါတယ်
ဒီနေ့အပိုင်းကို ဒီဇာတ်လမ်းရဲ့စာသားတွေနဲ့ စလိုက်ပါမယ်
"အနေခက်တဲ့အခိုက်အတန့်တစ်ခုပါ
မိန်းမက ဦးခေါင်းကိုငုံ့လိုက်ပြီး ယောက်ျားကို အခွင့်အရေးပေးလိုက်တယ်
မိန်းမကယောက်ျားကိုအခွင့်အရေးပေးလိုက်ပေမယ့် ယောက်ျားက ချဉ်းကပ်လာဖို့သတ္တိမရှိဘူး မိန်းမက လှည့်ပြန်သွားတယ်
အဲဒီနေ့ရက်တွေ ကျော်လွန်ပြီးတဲ့နောက် အဲဒီအချိန်ကတည်းက အားလုံးပျောက်ကွယ်သွားတယ်
ကုန်ဆုံးသွားတဲ့အချိန်တွေက ဖုန်တင်နေတဲ့ပြတင်းပေါက်လို မြင်နိုင်ပေမယ့် ကိုင်ကြည့်လို့မရဘူး
အဲဒီနေ့ရက်တွေကို လွမ်းမိတယ်
ပြတင်းပေါက်ကိုသာခွဲနိုင်ခဲ့ရင် အဲဒီအချိန်ကို ပြန်သွားနိုင်မလားမသိဘူး”
အချစ်အတွက်ခံစားချက်ထဲက စာသားတွေပါ
အချစ်အတွက်မဟုတ်တဲ့ အကြောင်းပြချက်တွေကို ငြင်းဆန်နေတဲ့ သူငယ်ချင်းတွေအတွက် ဝေမျှလိုက်တာပါ
မငြင်းဆန်လိုက်ပါနဲ့
ငြင်းဆန်လိုက်တဲ့ ဒီခဏတာအချိန်က မင်းတို့အချစ်မှာကြွေဆင်းနေလားဆိုတာ မသိနိုင်လို့ပါ
ဒီလိုမျိုးပဲ
အလကားသက်သက် မာနကိုချိုးခဲ့မိတယ်
စိတ်ယိုင်နေရဲ့သားနဲ့တောင် ကိုယ်တိုင်မရိုးသားနိုင်ခဲ့တဲ့အကြောင်းရင်း
အဲဒီယောကျာ်းရဲ့တုံ့ဆိုင်းမှုကို ငါလည်း ကောင်းကောင်းနားလည်သွားပြီ
ခံစားချက်ကိုရိုးသားနိုင်တဲ့အခွင့်အရေးက ငါ့ဆီမှာမရှိဘူး
ဘယ်လောက်ကြိုးစားပါစေ
ငါက ဒီနေရာမှာပဲပိတ်မိနေပြီး ဒီလောက်ပဲရောက်နိုင်ခဲ့တယ်
ရာသီတွေကုန်လွန်သွားတယ်
တစ်ချို့အတွက်အဆင်မပြေဖြစ်ရပြီး တစ်ချို့က စိတ်အားထက်သန်ကြတယ်
တစ်ချို့ကတော့ ဆက်ငြိမ်သက်ရတယ်
အားလုံးအတွက် သူ့နည်းသူ့ဟန်နဲ့ အချိန်ကုန်ဆုံးသွားတယ်
ငယ်ငယ်လေးကတည်းက အများကြီးဆောက်ခဲ့တာလေ သဲက အလကားရတာဆိုတော့
သဲပုံရဲတိုက်ဆောက်ရတာကို သဘောကျတဲ့ငါက ဘာကို သိသွားခဲ့ရလဲသိလား
တစ်ရက်ကျရင် ပြိုလဲမှာပဲဆိုတာ
ဒါကို သိလျက်နဲ့တောင် သေချာဆောက်ပြီးသွားရင် စိတ်ပူမိတယ်
"ငါအိမ်ပြန်သွားတဲ့ အတောအတွင်း တစ်ယောက်ယောက်များဖျက်ဆီးလိုက်မလား”
"ပင်လယ်လှိုင်း ရိုက်ခတ်သွားလိမ့်မလား"
တစ်ညလုံး စိတ်ပူခဲ့တာ
အဲဒါကြောင့် ငါဘယ်လိုလုပ်ခဲ့တယ်ထင်လဲ
ငါ့လက်နဲ့ ဖြိုပစ်လိုက်တယ်
အဲဒါဆို စိတ်သက်သာရာရတယ်လေ
အဲဒီအစား ငါ့လက်နဲ့ ဖြိုလိုက်ရင်
မဟုတ်တာလည်း ဖြစ်နိုင်တယ်လေ
မပြိုလဲသွားဘဲ အချိန်အကြာကြီး တည်ရှိနေနိုင်တာပဲလေ
မတော်ရင် အစက. ငါဖြစ်နေမလားတောင်မသိနိုင်ဘူး
ရိပ်မိသွားလို့မဖြစ်တာကို
စိတ်လှုပ်ရှားမှုတွေ တွန့်ဆုတ်နေမှုတွေ နောင်တတွေ
အဲဒီတော့.. ဒီယောက်ျားကို ယိမ်းယိုင်စေခဲ့တာ ငါပဲ
ကျွန်မတို့ ဂိမ်းဆော့ကြမလား
အလိမ်အညာဂိမ်း
ကျွန်မလည်း အဖွဲ့ခွဲမှူးဟာကို သဘောကျတယ် မတော်ရင်...ကျွန်မကအရင်ဖြစ်မလားတောင်မသိနိုင်ဘူး
မြင်မြင်ချင်းတည်းက သဘောကျခဲ့တာ
အဖွဲ့ခွဲမှူးဟာနဲ့ရှိနေရင် ကျွန်မအခြေအနေတွေကို မေ့သွားတယ်
ပြီးတော့ အဖွဲ့ခွဲမှူးဟာရဲ့အခြေအနေကိုလည်းမေ့သွားတယ်
ဘဏ်အလုပ်ကနေ ထွက်ပစ်ပြီး လက်ကိုင်ထားချင်လိုက်တာ
အဲဒီလိုအတွေးမျိုးလည်း တွေးမိခဲ့တယ်
အလိမ်အညာဂိမ်း ပြီးပြီ
တစ်ခါတစ်လေ စဉ်းစားမိတယ်
"နည်းနည်းလောက် ထပ်စောင့်ခဲ့မယ်ဆိုရင်ရော”
တကယ်လို့ အဲဒီနေ့က ဟိုတယ်မှာ
ငါကတိတည်ခဲ့မယ်ဆိုရင် ငါနဲ့တွဲမှာလား?
"တကယ်တော့ ကျွန်မ ဂျုံဟွန်းနဲ့တွဲခဲ့တာမဟုတ်ပါဘူး" လို့
"အမှန်အတိုင်းပြောဖြစ်ခဲ့မယ်ဆိုရင်ရော”
လေ့ကျင့်ရေးသင်တန်းမှာ ကျွန်မကိုမေးခဲ့တယ်မလား
အဲဒီနေ့က ကျွန်မတို့တွေ့ဖြစ်ခဲ့ရင် ပြောင်းလဲသွားနိုင်မှာလားလို့
အဲဒီတုန်းက အဲလိုပြောခဲ့ရမှာ
“ဟုတ်ကဲ့ ပြောင်းလဲသွားလောက်မှာပါ” လို့
သဘောကျတယ်
ငါအခု ဒီလိုပြောလိုက်ရင် မကောင်းတဲ့ကောင်ဖြစ်သွားမှာသိပေမယ့်
ဒီတိုင်း မကောင်းတဲ့ကောင်လုပ်လိုက်ပါ့မယ်
ငါ အန်ဆူယောင်း မင်းကို သဘောကျတယ်
"ကျွန်မလည်း သဘောကျတယ်လို့”
"ဘဏ်ကနေမထွက်တော့ဘူး အတူတူပြန်သွားရအောင်လို့ပြောခဲ့ရင်ရော"
အဲလိုဆိုရင် ဘယ်လိုပြောင်းလဲသွားမယ်ထင်လဲ
လက်ထပ်ဖြစ်လောက်ပြီလား
ကလေးလည်းမွေးပြီးတော့
ရန်တွေလည်းဖြစ်ပြီးတော့
အလုပ်လုပ်ရတဲ့မိဘတွေဖြစ်မှာဆိုတော့
"ကလေးကို လူကြီးတွေဆီ ဘယ်သူလိုက်ပို့မလဲ" အဲလိုကိစ္စမျိုးတွေနဲ့ ရန်ဖြစ်ပြီးတော့
အဲလိုနဲ့ ကွာရှင်းရတာလည်းဖြစ်နိုင်တယ်
အဲလိုနဲ့ ပြန်ပြေလည်ပြီးတော့ ပျော်ပျော်နေတာလည်း ဖြစ်နိုင်တာပဲ
အဲလိုလည်းဖြစ်နိုင်မှာပေါ့
ဒါပေမယ့် အဲလိုစိတ်ကူးကြည့်တော့လည်း ထူးခြားတာ ဘာမှမရှိဘူးပဲ
အဲဒါက အချစ်ပဲမဟုတ်ဘူးလား
ဘာမဟုတ်တာလေးကို အတူလုပ်တာ
အတိတ်ကအချစ်က ခြေရာတွေကျန်ခဲ့တယ်
သေချာတဲ့ဆုံးဖြတ်ချက်မချမိလို့ နောင်တရရပြီး ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်လည်း နောင်တရရတယ်
မခံစားနိုင်လောက်တဲ့ နာကျင်မှုမျိုးမဟုတ်ပေမယ့် အနာမကျက်တော့မယ့် ဒဏ်ရာလို နာကျင်ရတယ်
အမြဲတည်ရှိနေမယ့် ဒဏ်ရာတစ်ခုပါပဲ
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမှာ တစ်ယောက်အတွက်တစ်ယောက် ရှိခဲ့ကြတယ်
သဘောကျပြီး ရင်တွေခုန်ခဲ့ ရူးမိုက်ခဲ့ကြပြီးတော့ နောင်တရခဲ့တဲ့
အဲဒီအခိုက်အတန့်တွေအားလုံးက နောက်ဆုံး ပန်းချီကား ဖြစ်သွားခဲ့တယ်
အဲဒီအချိန်တုန်းက ငါတို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေခဲ့တာလား
မျက်ကန်းဖြစ်နေခဲ့တာလား
ဒီနေ့ငါတို့အတူတူမေ့ပျောက်ခြင်း တောင်ကုန်းကိုတက်ခဲ့တော့
ဒီနေ့ ဘာတွေမေ့သွားပီလဲ
ဘာမှမမေ့ခဲ့ပါဘူး ဘာမှပေါ့ ...
'2023 Kdrama' 카테고리의 다른 글
Taxi Driver: 모범택시 2 (0) | 2023.02.17 |
---|---|
Curtain Call (0) | 2023.02.16 |
사랑의 이해 (0) | 2023.02.01 |
Ha Sung Soo (0) | 2023.01.29 |
Please Send Me A Fan Letter (0) | 2023.01.24 |