일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- OurBelovedSummer
- NowWeAreBreakingUp
- WiseMountainvillageLife
- ChicagoTypewriter
- BeMelodramatic
- TwentyFiveTwentyOne
- OurBlues
- RacketBoys
- KimSeonHo
- WhyHer?
- Taxidriver
- LeeJunho
- YumiCells2
- startup
- DrRomantic
- TheRedSleeve
- HometownChaChaCha
- LeeJeHoon
- YouthOfMay
- TheKingsAffection
- DaliandCockyPrince
- CrashLandingOnYou
- MrSunshine
- Remarriageanddesires
- ForecastingLoveandWeather
- HymnOfDeath
- 18Again
- HighClass
- TheDevilJudge
- YumiCells
- Today
- Total
드라마 다이얼로그
Ha Sung Soo 본문
သာတူညီမျှဖြစ်တယ်ဆိုတာ လူအများထဲမှာ သိသာနေတာမဟုတ်ဘူးဆိုတဲ့သဘောမလား
ကြီးကြီးမားမားချို့ယွင်းနေတာမရှိဘဲ ပုံစံတူတွေချည်းပဲ
ဒါပေမဲ့ ငါကအရွယ်ရောက်လာတော့ ငါ.. ရုပ်ဆိုးတဲ့ဘဲလေးလို ခံစားလာရတယ်
တစ်ယောက်ယောက်က ပေါ်တင်လာပြီး ပြောတာတော့ မဟုတ်ပေမဲ့ ဒီတိုင်း နားလည်သွားတယ်
တစ်စုံတစ်ယောက်အတွက် သာတူညီမျှဖြစ်တယ်ဆိုတာက ငါ့အတွက်တော့ အသေအလဲကြိုးစားတော့မှ ဖြစ်လာနိုင်တဲ့အရာပဲဆိုတာကို
သူတို့တွေပြောကြတဲ့ သာတူညီမျှမှုဆိုတာက သူတို့တွေပိုင်ဆိုင်ထားတာကို တိတ်တိတ်လေး ထုတ်ပြတဲ့ ဖော်ပြချက်ပဲဆိုတာကို
ငါ့မှာရှိတဲ့ပျော်ရွှင်မှုက နောက်ကြောင်းပြန်လှည့်ချင်တဲ့ အခိုက်အတန့်မျိုး မဖန်တီးတာပါပဲ
အဲဒီတုန်းက အဖေ့ကိုသာတားခဲ့ရင်
အဲဒီတုန်းက အဖေ့ကိုသာ ဆွဲထားခဲ့ရင်
နည်းနည်းလောက်ပိုပြီး အပြေးသွားခဲ့ရင်
လူတစ်ယောက်ရဲ့သေဆုံးမှုက ကျန်ရစ်တဲ့သူတွေရဲ့ဘဝကို ပြောင်းလဲစေပြီး တစ်သက်လုံး နောက်ကလိုက်လာမယ့် ကံဆိုးမှုဖြစ်စေပါတယ်
ဘဝရဲ့လေးလံမှုကို သိနေတဲ့လူက
အမြဲမှိုင်တွေနေတတ်ပါတယ် တွန့်ဆုတ်မှုလည်းဖြစ်စေပါတယ်
အဲဒီလိုနဲ့ ငါလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက အမြဲမပျော်ရွှင်မှုနဲ့ အဆုံးသတ်ရတယ်
အန်ဆူယောင်းက တစ်ခါမှတောင် မကြိုက်ဘူးမပြောဘူး
ခက်ခဲတဲ့ကိစ္စ၊ရှုပ်ထွေးတဲ့ကိစ္စ၊ သူမလုပ်လည်းဖြစ်တဲ့ကိစ္စ တစ်ခါမှတောင်မငြင်းဖူးဘူး
ကြိုးစားလုပ်တယ်
ပိုပင်ပန်းလာလေ ပိုအေးဆေးတည်ငြိမ်လာလေပဲ
အဲဒါက ငါနဲ့တူလို့ အားပေးချင်အောင်လုပ်တယ်
အန်ဆူယောင်းအတွက် ငါ့စိတ်က
လုပ်ဆောင်ချက်အမှားတစ်ရပ်လို ဖြစ်ခဲ့တယ်
စိတ်ဖွင့်ပေးလိုက်လို့မဖြစ်တဲ့သူဆီကို
စိတ်ဖွင့်ပေးမိတဲ့အမှား
အန်ဆူယောင်းက.. တကယ်မကောင်းတဲ့မိန်းမမို့ပဲ
လူတွေအားလုံးက အသီးသီးကံဆိုးမှုနဲ့ စိတ်ဒဏ်ရာတွေကိုပွေ့ပိုက်ပြီးနေနေကြတာမို့
အဆောတလျင်အကဲဖြတ်တာရော
အဆောတလျင် နှစ်သိမ့်ပေးတာရော
မလုပ်နိုင်ဘူး အဲဒါကြောင့်
အချစ်ဆိုတာ
နားလည်လို့မရဆုံးအရာလို့ပြောကြတယ်
ဒါပေမဲ့ ငါကတော့ ငါ့ကိုယ်ငါ နားမလည်နိုင်ဆုံးပါပဲ
တွန့်ဆုတ်နေခဲ့တဲ့ အဲဒီတုန်းကရော
ပြန်လှည့်သွားရမယ့်အခုရော
ဘဝက စက်ဝိုင်းနဲ့တူလို့
ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေတယ်လို့
အထင်မှားနေပေမယ့် နောက်ဆုံးတော့ အစကိုပဲပြန်ရောက်နေတယ်
တစ်နေရာထဲမှာပဲ လှည့်ပတ်နေတယ်
ကြီးမားပြီး အဆုံးသတ်မရှိတဲ့စက်ဝိုင်းလို ဘဝ
ရှေ့ဆက်သွားနေတယ်လို့ အထင်မှားနေပေမယ့်
ထပ်ပြီး ဒီနေရာမှာပဲ
နောက်ဆုံးမှာ ထပ်ပြီးတော့ အစကိုပြန်ရောက်လာတယ်
နောက်ဆုံးမှာ ထပ်ပြီးတော့
အန်ဆူယောင်းဆီကိုပဲ
ဘာမှမဖြစ်ခဲ့သလိုနေဖို့လား
မလိုအပ်ပါဘူး အဲဒီလိုအခွင့်အရေးမျိုး အမှားလည်းမဟုတ်သလို နောင်တမရပါဘူး
သဘောကျပါတယ်
ကျွန်တော်အခုဒီလိုစကားမျိုးပြောရင် မကောင်းတဲ့လူဆိုတာသိပေမယ့်
ဒီအတိုင်းလုပ်လိုက်ပါ့မယ် မကောင်းတဲ့လူ
သဘောကျတယ်
ကျွန်တော်တို့အခြေအနေ နောက်ကျသွားတာ သိပါတယ်
ကျွန်တော်က ဒီလိုဖြစ်အောင်လုပ်ခဲ့တာပါ
အဲဒါကြောင့် အများကြီးစဉ်းစားကြည့်ခဲ့ပေမယ့် စဉ်းစားတာမျိုးတွေ
ထပ်ပြီးတော့ မလုပ်နိုင်တော့ဘူး
ငါ အန်ဆူယောင်း.. မင်းကို သဘောကျတယ်
တချို့ညတွေမှာ လုံးဝကြီးမေ့သွားရာက တချို့ညတွေကျ ပြန်ပြီးမြင်ယောင်လာတယ်
အဲဒီလိုမျိုးနဲ့ လေးနှစ်တာကုန်လွန်သွားတယ်
မတူညီတဲ့အကြောင်းရင်းနဲ့ နာကျင်ခဲ့ရတဲ့ အဲဒီညက ဘယ်လောက်တောင် ကြာရှည်ခဲ့မှန်းမသိဘူး
ပြီးခဲ့တဲ့အချိန်တွေကို ပြန်လှည့်ကြည့်နေမိသလား ဖြစ်လာတော့မယ့်အရာတွေကို ကြောက်ရွံ့နေမိသလား
အရာအားလုံးကို တိတ်တဆိတ်တောင့်ခံနေမိသလား မသိခဲ့တဲ့ အဲဒီည တိတ်တဆိတ် ရေရွတ်မိတယ်
"ဘာမှမဟုတ်ပါဘူး”
"ဒီတိုင်း အချစ်ပါပဲ"
"ဖြစ်နေကျအရာပါပဲ"
"အချစ်"
အဲဒီတုန်းက ပထမဆုံး ဒီမှာတွေ့ကြဖို့ပြောတုန်းက ဘာအကြောင်းပြောချင်ခဲ့တာလဲ?
“သဘောကျတယ်လို့”
“တွဲချင်တယ်လို့”
“ငါနဲ့တွဲရအောင်လို့”
အဲလိုလမ်းခွဲပြီးနောက်ပိုင်း နေ့တိုင်း စဉ်းစားနေခဲ့တာရှိတယ်
အဲ့နေ့ကတွန့်ဆုတ်မနေခဲ့ဘူးဆိုရင်
ပြန်လှည့်မသွားခဲ့ဘူးဆိုရင်
ပွင့်လင်းခဲ့မယ်ဆိုရင်
'နောက်ထပ်ထွက်မပြေးပါနဲ့တော့လို့'
'ဒီအတိုင်း အတူတူသွားရအောင်လို့' ပြောခဲ့ရင်
အဲလိုဆိုရင် ဘယ်လိုပြောင်းလဲသွားမယ်ထင်လဲ
လက်ထပ်ဖြစ်လောက်ပြီလား
ကလေးလည်းမွေးပြီးတော့
ရန်တွေလည်းဖြစ်ပြီးတော့
အလုပ်လုပ်ရတဲ့မိဘတွေဖြစ်မှာဆိုတော့
"ကလေးကို လူကြီးတွေဆီ ဘယ်သူလိုက်ပို့မလဲ" အဲလိုကိစ္စမျိုးတွေနဲ့ ရန်ဖြစ်ပြီးတော့
အဲလိုနဲ့ ကွာရှင်းရတာလည်းဖြစ်နိုင်တယ်
အဲလိုနဲ့ ပြန်ပြေလည်ပြီးတော့ ပျော်ပျော်နေတာလည်း ဖြစ်နိုင်တာပဲ
အဲလိုလည်းဖြစ်နိုင်မှာပေါ့
ဒါပေမယ့် အဲလိုစိတ်ကူးကြည့်တော့လည်း ထူးခြားတာ ဘာမှမရှိဘူးပဲ
အဲဒါက အချစ်ပဲမဟုတ်ဘူးလား
ဘာမဟုတ်တာလေးကို အတူလုပ်တာ
အတိတ်ကအချစ်က ခြေရာတွေကျန်ခဲ့တယ်
သေချာတဲ့ဆုံးဖြတ်ချက်မချမိလို့ နောင်တရရပြီး ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်လည်း နောင်တရရတယ်
မခံစားနိုင်လောက်တဲ့ နာကျင်မှုမျိုးမဟုတ်ပေမယ့် အနာမကျက်တော့မယ့် ဒဏ်ရာလို နာကျင်ရတယ်
အမြဲတည်ရှိနေမယ့် ဒဏ်ရာတစ်ခုပါပဲ
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမှာ တစ်ယောက်အတွက်တစ်ယောက် ရှိခဲ့ကြတယ်
သဘောကျပြီး ရင်တွေခုန်ခဲ့ ရူးမိုက်ခဲ့ကြပြီးတော့ နောင်တရခဲ့တဲ့
အဲဒီအခိုက်အတန့်တွေအားလုံးက နောက်ဆုံး ပန်းချီကား ဖြစ်သွားခဲ့တယ်
အဲဒီအချိန်တုန်းက ငါတို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေခဲ့တာလား မျက်ကန်းဖြစ်နေခဲ့တာလား
ဒီနေ့ငါတို့အတူတူမေ့ပျောက်ခြင်း တောင်ကုန်းကိုတက်ခဲ့တော့
ဒီနေ့ ဘာတွေမေ့သွားပီလဲ
ဘာမှမမေ့ခဲ့ပါဘူး ဘာမှပေါ့ ...
'2023 Kdrama' 카테고리의 다른 글
Taxi Driver: 모범택시 2 (0) | 2023.02.17 |
---|---|
Curtain Call (0) | 2023.02.16 |
사랑의 이해 (0) | 2023.02.01 |
Ahn Soo Young (0) | 2023.01.29 |
Please Send Me A Fan Letter (0) | 2023.01.24 |