일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- ForecastingLoveandWeather
- TheRedSleeve
- startup
- YumiCells
- YouthOfMay
- KimSeonHo
- MrSunshine
- BeMelodramatic
- OurBlues
- OurBelovedSummer
- HighClass
- YumiCells2
- LeeJeHoon
- TheKingsAffection
- LeeJunho
- ChicagoTypewriter
- WhyHer?
- RacketBoys
- HymnOfDeath
- NowWeAreBreakingUp
- TheDevilJudge
- HometownChaChaCha
- Remarriageanddesires
- DaliandCockyPrince
- TwentyFiveTwentyOne
- DrRomantic
- Taxidriver
- CrashLandingOnYou
- WiseMountainvillageLife
- 18Again
- Today
- Total
드라마 다이얼로그
Curtain Call 본문
커튼콜: 나무는 서서 죽는다
အစတည်းက သေမယ့်ရက်ကို စောင့်နေရတဲ့လူပါ ဒီအတိုင်း ရာသီဥတုအေးရင်လည်းအေးသလို နွေးရင်လည်းနွေးသလိုပေါ့ အဲဒီအပူချိန်လေးကို အရှိအတိုင်း ခံစားရတာလေးကိုက ဘယ်လောက်တောင် အနှစ်သာရရှိလိုက်သလဲ
“အတိတ်ကိုပဲပြန်လှည့်နေရင် ရှေ့ကို ဆက်သွားနိုင်မှာမဟုတ်ပါဘူး” မင်းပြောတာလည်း မှားတာမဟုတ်ပေမယ့် ငါမျှော်လင့်တာက ငါတို့အတိတ်ကို နည်းနည်းလောက် တန်ဖိုးထားစေချင်တာ နာကျင်တဲ့ မှတ်ဉာဏ်တွေဖြစ်ရင်တောင်မှပေါ့
ဒီလိုအရောင်ရင့်ရင့်တွေကို စာရွက်ဖြူပေါ်ဆွဲတာ အကောင်းဆုံးပဲ ရင်ထဲမှာအစွန်းခံရတာမျိုးမဟုတ်ဘူး
ဘဝဆိုတာ စီစဉ်ထားတဲ့အတိုင်း ဖြစ်နေရင် အဲဒါက ဘဝဟုတ်ပါတော့မလား ဒီအတိုင်း စိတ်စေရာအတိုင်း ခန္ဓာကိုယ်စေရာအတိုင်း ဒီလို နေရတာက ဘဝဖြစ်ပြီး လွတ်လပ်မှုဖြစ်ပြီး ဒီမိုကရေစီမဟုတ်ပါလား
အကုန်လုံးက ကြိုးကြိုးစားစားနဲ့ ပန်းတိုင်ရောက်ဖို့ ပြေးလွှားနေကြပြီး ဒုက္ခတွေခံနေပေမယ့် အဲ့လိုလုပ်ဖို့က အရမ်းကြီးမလိုဘူးမလား အဲ့လို အရမ်းကြိုးစားနေရင်းက ရုတ်တရက်ကြီး သေသွားနိုင်တာပဲကို ဒီလိုဆို ဘယ်လောက်တောင် ခံရခက်ပြီး မတရားဖြစ်နေမလဲ
မတရားဘူးဆိုပြီး မကြိုးစားရင် အဲ့လိုက ပိုပြီး ခံပြင်းရတာမဟုတ်ဘူးလား ခံပြင်းတယ်ဆိုတာထက် မလုပ်လိုက်ရလို့ နောင်တရတာမျိုးက ပိုကြောက်ဖို့ကောင်းတာ မဟုတ်ဘူးလား
ဘဝနဲ့ ပြဇာတ်က အတူတူပဲ မဟုတ်နေဘူးလား ငါ့ဘဝကလည်း ဇာတ်လမ်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား ငါတို့ဆိုပြီးတော့ ထူးခြားသွားတာ ရှိပါ့မလား လူ့ဘဝဆိုတာ အကုန်တူတူပဲလေ
မိသားစုဆိုတာက အဲဒီလိုမျိုးပဲ ထူးခြားတယ် သူတို့ကို သေလောက်အောင်မုန်းရင်တောင် အခက်အခဲတွေ့ရင် အရင်စဉ်းစားမိတာ မိသားစုပဲ တစ်ခါတလေ သူစိမ်းတွေလိုမျိုးခံစားရပေမဲ့ အမြဲတမ်း မခွဲခွာနိုင်တဲ့လူလိုမျိုး ကိုယ့်ဘက်မှာရှိလိမ့်မယ် အဲဒါက ကြင်နာမှုပဲဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ် သူတို့က ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်ပြီးတော့ စိတ်ရှုပ်စေလိမ့်မယ် အဲဒါက မိသားစုပဲမဟုတ်လား
မထင်မှတ်ထားပဲ အသက်အရှည်ကြီး နေထိုင်ခဲ့ရတော့ မထင်မှတ်ထားတဲ့ လမ်းခွဲနှုတ်ဆက်ရတာတွေ အများကြီးကြုံတွေ့ခဲ့ရတာပေါ့ မျက်လုံးထဲထည့်ထားရင်တောင် မနာမယ့်အထိ ချစ်ရတဲ့ ကိုယ့်သားသမီးတွေအကုန်လုံးကလည်း အရင်ဆုံးထွက်သွားကြတယ် သူတို့တစ်ယောက်ချင်းစီထွက်သွားတာကိုကြည့်ပြီး အချိန်တစ်ခုစီအထိ နောင်တရတဲ့စိတ်တွေနဲ့ ရှင်သန်နေခဲ့ရတာပေါ့
လူတွေက အသက်ရှင်နေထိုင်လာရင်း ပင်ပန်းလာကြရင် တစ်ယောက်ယောက်ကိုမှီခိုတာဖြစ်ဖြစ် အပြစ်တင်တာဖြစ်ဖြစ် လုပ်တတ်ကြတယ်လေ အဲဒီနှစ်ခုပဲရှိတာကိုး
တစ်ဖက်လူက မတည်နိုင်တော့တဲ့ကတိတစ်ခုကို စောင့်နေရတာ အရမ်းပင်ပန်းပါတယ်
ဘယ်လိုအခြေအနေမှာမဆို ရိုးသားမှုက အကောင်းဆုံးနည်းလမ်းပဲ အမှန်အတိုင်းပြောပြီး ပြဿနာတက်ခံလိုက်တာက ထွက်ပြေးပြီး ပုန်းရှောင်နေတာထက် ပိုကောင်းတယ်
မင်းတို့ရှေ့မှာ မသိချင်ယောင်ဆောင်ပြီးနေခဲ့ရင်း တွေးခဲ့မိတာရှိတယ် သိနေရက်နဲ့မသိချင်ယောင်ဆောင်ရင်း မပျော်နေပေမယ့်လည်း ပျော်နေချင်ယောင်ဆောင်ပြီး နာကျင်နေပေမယ့်လည်း အဆင်ပြေနေချင်ယောင်ဆောင်ခဲ့ရတော့ ငါလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီပဲဆိုတာကို
'2023 Kdrama' 카테고리의 다른 글
Crash Course in Romance (0) | 2023.03.12 |
---|---|
Taxi Driver: 모범택시 2 (0) | 2023.02.17 |
사랑의 이해 (0) | 2023.02.01 |
Ha Sung Soo (0) | 2023.01.29 |
Ahn Soo Young (0) | 2023.01.29 |