일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- OurBlues
- TheRedSleeve
- ChicagoTypewriter
- startup
- DrRomantic
- YouthOfMay
- YumiCells2
- TheDevilJudge
- KimSeonHo
- HymnOfDeath
- OurBelovedSummer
- Remarriageanddesires
- MrSunshine
- TwentyFiveTwentyOne
- TheKingsAffection
- NowWeAreBreakingUp
- HighClass
- LeeJunho
- YumiCells
- Taxidriver
- LeeJeHoon
- CrashLandingOnYou
- DaliandCockyPrince
- WiseMountainvillageLife
- BeMelodramatic
- WhyHer?
- RacketBoys
- HometownChaChaCha
- 18Again
- ForecastingLoveandWeather
- Today
- Total
드라마 다이얼로그
Taxi Driver: 모범택시 2 본문
အမြှီးကိုတော့ အကုန်ဖြတ်လိုက်နိုင်ပေမဲ့
အကျင့်ကိုဖျောက်ဖို့က မလွယ်ဘူး
အကူအညီလိုနေတဲ့သူက မျက်စိရှေ့ရှိနေတာတောင်
သည်းခံပြီးနေနေရတာဆိုတော့
ကျွန်မတို့ရဲ့ဖြစ်တည်မှုက ဘာများပါလိမ့်
ရာဇဝတ်ကောင်တွေကို ဘယ်လောက်ပဲဖမ်းဖမ်း
အသုံးမဝင်ဘူး ဘာလို့လဲ
နောက်ဆုံးမှာတော့ အဲ့ဒီရာဇဝတ်ကောင်တွေက ကောင်းကောင်းနေနိုင်ကြတယ်
အဲ့ဒါဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ
ငါ့ထမင်းအိုးကို ငါ ဂရုစိုက်ရမှာပေါ့ မဟုတ်ဘူးလား
“အဲဒီတော့ မင်းဂရုစိုက်တဲ့ ထမင်းအိုးထဲမှာ
ဘာပါနေလဲဆိုတာကိုကြည့်ပြီးပြီလား
ပြစ်မှုတွေကို ကျူးလွန်ပြီးတော့ အမှန်တရားကိုဖုံးကွယ်ရင်းနဲ့ သေးနုပ်စွာနဲ့အိုသွားတဲ့ အကျင့်ပျက်ရဲတစ်ယောက်ပါနေတာကိုမြင်နေရတယ်
ဒီလူငယ်တွေက တစ်ယောက်တည်း ကောင်းကောင်းစား ကောင်းကောင်းနေမယ်ဆိုပြီး ဒီကိုလာခဲ့တာမဟုတ်ဘဲ အလုပ်လုပ်ဖို့လာခဲ့တာ
လခရရင် မိသားစုတွေကို လုပ်ပေးချင်တာတွေ
အများကြီးရှိတာမို့လို့ မင်းလိုကောင်တွေက
လုံးဝနားလည်လောက်မှာ မဟုတ်ပေမဲ့..”
တကယ်ပဲ ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုမျိုး အခြေအနေ ကျပ်တည်းနေတဲ့သူတွေကိုပဲ ရွေးပြီးတော့ ဒီလိုလုပ်ရပ်မျိုး လုပ်တာဖြစ်မလဲ
အခြေအနေကျပ်တည်းနေတာကို မမြင်တာမို့လို့လေ
အဲဒီလူတွေအတွက်တော့ ပိုပြီးတော့တောင် အောင်မြင်ဖို့ဖြစ်နိုင်ချေများတဲ့သူတွေပဲပေါ့
ဒီလူတွေရဲ့ပန်းတိုင်က အစတည်းက သေချာနေခဲ့ပါတယ်
သူတို့တွေ ဘယ်လိုလုပ်ရပ်ပဲ ကျူးလွန်ကျူးလွန် အဲဒါကို ကိုယ့်သားသမီးဆီကို ပြောပြဖို့ ခက်ခဲတဲ့သူ
အရာအားလုံးကို ကိုယ့်ဘာသာပဲ တာဝန်ယူသွားမဲ့သူမျိုးကို ပစ်မှတ်ထားတာမျိုး ဖြစ်နေခဲ့တာပါ
ရတနာရှာနေတာကို နှောင့်ယှက်လို့မဖြစ်ဘူးပေါ့
မြေကြီးထဲမှာမြုပ်ထားတဲ့ရတနာကို
ရှာတွေ့ရင် ပြီးပြီပေါ့
ငါတို့အတွက်တော့မရှိပေမဲ့ အဲဒီကောင်အတွက်တော့ရှိတယ်
တွေ့ပြီး ထိကိုင်ပြီး ခံစားခဲ့တာမို့လို့
အဲဒီကောင်အတွက်ဒီနေ့တစ်နေ့တာက
လုံးဝမမေ့နိုင်တဲ့နေ့ဖြစ်မှာပေါ့
အခိုက်အတန့်တစ်ခုအတွင်းမှာ ပိုင်ဆိုင်မှုအားလုံးက မီးထဲမှာပျောက်သွားပြီးတော့ မိတ်ဆွေတွေကထွက်သွားတယ်
အဲဒါအပြင် လူပါသေသွားတယ်
ကိုင်တွယ်ဖို့ခက်တဲ့ ဆိုးဝါးတဲ့လက်တွေ့ဘဝဖြစ်မှာပါ
မြေကြီးထဲမှာမြှပ်ထားတဲ့ပိုက်ဆံကိုရှာတွေ့တာကပဲ လက်တွေ့ဘဝကနေလွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်မှာပါ
လက်တွေ့ဘဝက ပိုဆိုးလာလေလေ
ရတနာအပေါ်စွဲလမ်းမှုနဲ့ လောဘက
ပိုအားကောင်းလာမှာမို့လို့
အကြင်နာဆုံးလူတွေကိုပဲရွေးပြီးတော့ ထိခိုက်အောင်လုပ်နေတဲ့ အဲဒီကောက်ကျစ်တဲ့စိတ်ကို ကိုယ်တိုင်ကခံစားကြည့်ရမှာပေါ့
ထောင်လိုပဲပေါ့
ကိုယ့်ရဲ့လောဘကဖန်တီးလိုက်တဲ့ ထောင်
နားလည်သွားရင် ကိုယ်တိုင်တံခါးကိုဖွင့်ပြီးတော့ထွက်လာမှာပေါ့
ဒါပေမဲ့အဲဒါကလည်း မလွယ်လောက်ပါဘူး
ရတနာကတော့မရှိပေမဲ့ ဗလာကတော့ရှိတယ်လေ
ခိုင်းတဲ့အတိုင်းလုပ်တာဆိုပြီး အပြစ်မရှိဘူးထင်နေတာ
အာဏာမရှိလို့ ဘာမှတတ်နိုင်တာမရှိလို့
ဘယ်လိုပဲဖြစ်ဖြစ်အလုပ်ဖြစ်မှာလည်း မဟုတ်လို့ဆိုပြီး
မကောင်းတဲ့ဘက်ကို ရပ်တည်လိုက်တာက အဲဒါပြသာနာပဲလေ
ဘာလို့လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စတွေမှာ ခံရတဲ့လူက ခင်ဗျားမဟုတ်လို့ပဲ
အဲ့လိုအကျင့်စာရိတ္တရှိတဲ့ ခင်ဗျားတို့လိုလူတွေက မကောင်းဆိုးဝါးတွေရဲ့ တောင်ပံကိုပိုပြီး ပြန့်ကားအောင်ဖြန့်နိုင်ဖို့ ဖန်တီးပေးနေတာ
ခင်ဗျားလည်းကြံရာပါပဲ
နစ်နာသူကရှိပေမယ့် တာဝန်ခံတဲ့လူကမရှိခဲ့ဘူး ဖြစ်နေကျတွေပဲ
နစ်နာသူတွေကရှိနေပေမယ့် တကယ့်တကယ်တာဝန်ခံမယ့်လူတွေကမရှိဘူး အထူးသဖြင့်ဒီလိုနေရာတွေမှာပေါ့ စစ်တပ်နဲ့ ဆေးရုံလိုနေရာတွေ
ဆူညံနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင် သူ့ဟာသူ အလိုအလျောက် အသံကျယ်လာပြီး အသံကပြာလာမှာပဲ
ကျွန်တော့်တို့လို သာမန်လူတွေအတွက်ကတော့ သူ့အသံက ရန်လိုတဲ့ အသံမျိုးဖြစ်နေမှာ
ရုံးဝန်ထမ်းတွေရဲ့ စာရွက်စာတမ်းတွေနဲ့ ပြည့်နေတဲ့ အိတ်လိုမဟုတ်ဘဲ
ဒီလူရဲ့ အလုပ်အိတ်ထဲမှာကျတော့
လက်နက်နဲ့တူတဲ့ တန်ဆာပလာတွေ အပြည့်ဖြစ်နေမှာ
အဲဒါကြောင့် လူတွေက သူ့ကိုအန္တရာယ်များတဲ့သူလို့ တွေးကြမှာပဲ
သန့်ရှင်းနေရင်တော့ ဖော်ရွေတယ်လို့ထင်ပြီး ညစ်ပတ်နေရင်တော့ မကောင်းတဲ့သူလို့ဘဲထင်ကြမှာ
ဒါပေမယ့် ဒီလူလိုမျိုး ပင်ပင်ပန်းပန်းနဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေရတဲ့သူတွေအတွက်
အသံကို သာသာယာယာနဲ့ ပီပီသသမပြောနိုင်လို့ဆိုပြီး သူတို့ရဲ့ တန်ဖိုးကို နှိမ့်ချပစ်လိုက်တာ
မဖြစ်သင့်ဘူးလို့ မထင်ဘူးလား
၁၀ ခုထဲက ၁ခုကို ပေးတယ်ဆိုတာက လွယ်တယ်
ဒါပေမယ့် ၁ခုထဲက တဝက်ကိုပေးတယ်ဆိုတာ အရမ်းကို ခက်ခဲတဲ့အလုပ်ပါ
တစ်နေ့မှာလူတွေ သတင်းထောက်ရဲ့စကားကိုနားထောင်ပေးတဲ့အချိန် ရောက်လာရင် ကျွန်တော့်လိုလူတွေက အလိုလို ပျောက်သွားပါလိမ့်မယ်
မင်း မိန်းကလေးတွေကို
အရုပ်ကောက်သလိုမျိုး စိတ်ကြိုက်ရွေးတုန်းက
အဲဒီမိန်းကလေးဘယ်လိုခံစားနေရမလဲရော မင်းတွေးမိလား
မင်းတောင်မလုပ်ခဲ့တဲ့အရာကို ငါ့ကိုဘာလို့လာလုပ်ခိုင်းတာလဲ
နတ်ဆိုးကိုဖမ်းရမဲ့ အာဏာရှိသူတွေက တကယ်တမ်း နတ်ဆိုးတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါ မြို့လယ်ခေါင်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုး ပေါ်လာမလဲဆိုတာကို ပြပေးမယ်လို့ မထင်ဘူးလား
မှတ်ထားမှ ပြန်ရှာလို့ရမယ့် အရာတွေဆိုတာ ရှိတယ်
အဖေဖြစ်သူက အဆက်အသွယ်ပြတ်သွားတဲ့ သားဖြစ်သူကို မမေ့တဲ့အတွက်ကြောင့် သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်တာ
၁၀နှစ်တောင် မပြည့်သေးတဲ့ ကလေးလေးက သူ့ညီမကို မမေ့တဲ့အတွက်ကြောင့်
အတူတူသွားဖို့လုပ်ထားတဲ့ အဲဒီပင်လယ်ကို မမေ့တဲ့အတွက်ကြောင့်..
မတရားအသတ်ခံလိုက်ရတဲ့ စုံထောက်ရဲ့သေဆုံးမှုကို မမေ့ဘဲ မှတ်မိနေတဲ့အတွက်ကြောင့်
လောကကြီးမှာ အမှန်တရားဆိုတာ ပေါ်ထွက်လာတာပဲ
လူတွေဟာ မှတ်မိနေလို့
'2023 Kdrama' 카테고리의 다른 글
Can We Be Strangers? (0) | 2023.03.13 |
---|---|
Crash Course in Romance (0) | 2023.03.12 |
Curtain Call (0) | 2023.02.16 |
사랑의 이해 (0) | 2023.02.01 |
Ha Sung Soo (0) | 2023.01.29 |