팬레터를 보내주세요

ငယ်ရွယ်စဉ်တုန်းကမင်းဆီကို ပရိသတ်ပေးစာရေးဖူးခဲ့တဲ့အချိန်ရှိပါတယ်
ရေးလိုက်ဖျက်လိုက် အကြိမ်ကြိမ်လုပ်ရင်းနဲ့ ငါသိတဲ့ အကောင်းဆုံးစကားလုံးတွေနဲ့ အားပေးမှုတွေနဲ့ စိတ်ရင်းထည့်ပြီး စာရေးခဲ့တာပေါ့
တစ်နေ့မှာ မကောင်းတဲ့မှတ်ချက်တွေကြောင့် ခံစားနေရတဲ့ မင်းရဲ့အင်တာဗျူးတစ်ခုကို တွေ့ခဲ့ပါတယ်
ချက်ချင်းပဲဖြစ်ဖြစ်ပြေးသွားပြီး ပြောပြပေးချင်ခဲ့ပါတယ်
ဘာလို့မကောင်းတဲ့မှတ်ချက်တွေကိုပဲ ဖတ်တာလဲလို့
ငါ့စာကို ဘာလို့မဖတ်ကြည့်တာလဲ လို့
မင်းကိုမုန်းတဲ့လူတွေထက် ချစ်ပေးတဲ့ပရိသတ်တွေ ပိုများတယ်လို့


၉၉ခုတောင်ချီးကျူးထားကြပေမယ့်လည်း
မကောင်းပြောတဲ့ မှတ်ချက်တစ်ခုနဲ့ စိတ်ဒဏ်ရာရနေခဲ့တဲ့ မင်းသတင်းကို မြင်ပြီးတော့
မင်းကို သေချာပေါက် ပြောပြပေးချင်ခဲ့တာ
"မင်းက အကုန်လုံးထက် အဖိုးတန်ပြီး အချစ်ပဲခံရဖို့တောင် နှမြောစရာကောင်းတဲ့သူလို့"

မကောင်းတဲ့မှတ်ချက်တွေရေးတဲ့လူတွေက
ဖိနပ်မှာကပ်နေတဲ့ ပီကေလိုမျိုး
လွယ်လွယ်နဲ့ ပြုတ်ကျသွားနိုင်စရာမရှိဘူးပေါ့
အဆင်မပြေပေမယ့်လည်း
ဒီလိုမျိုး ဆက်တိုက် ဖိလျှောက်သွားမယ်ဆိုရင်
တစ်နေ့တော့ အသားကျသွားမှာပေါ့

တစ်နေ့နေ့ကျရင် ငါတို့လည်း ချစ်ရတဲ့အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ် ဒါပေမယ့်အချစ်က တခြားသောပုံသဏ္ဍာန်တွေနဲ့ သေချာပေါက် ငါတို့ဆီကို ပြန်ရောက်လာမှာပဲဆိုတာကို မမေ့လိုက်ပါနဲ့


နင့်ပတ်ဝန်းကျင်မှာ နင့်ကိုချစ်တဲ့ သဘောကျပေးကြတဲ့လူတွေ အများကြီးပိုများပါတယ်
မုန်းတဲ့လူတွေပေးတဲ့ ဒဏ်ရာကြောင့်နဲ့ မင်းကိုသဘောကျပေးတဲ့လူတွေရဲ့ နှလုံးသားကို လျစ်လျူမရှုမိပါစေနဲ့

တစ်ဖက်တည်းဆိုရင် အပြင်မှာမြင်နေရတာထက် စိတ်ထဲမှာရှိတဲ့အရာကိုပဲကြည့်ရတယ်တဲ့ ဒါဆို အကုန်နားလည်နိုင်သွားမှာ

လူတွေက ဟန်ဆောင်ပြီးကြိုက်ပြနိုင်ကြပေမယ့် ဟန်ဆောင်ပြီးတော့ မမုန်းနိုင်ကြဘူးမလား

နင့်ကိုယ်နင် ယုံကြည်နေသရွေ့ အဆင်ပြေတယ် ဒါဆို လူတစ်ယောက်တည်းကပဲ မကောင်းပြောပြော အယောက် ၁ဝဝ အယောက် ၁ဝဝဝ ကပဲပြောပြော ထိခိုက်နာကျင်စေမှာမျိုး ရှိမှာမဟုတ်တော့ဘူး
'2023 Kdrama' 카테고리의 다른 글
Taxi Driver: 모범택시 2 (0) | 2023.02.17 |
---|---|
Curtain Call (0) | 2023.02.16 |
사랑의 이해 (0) | 2023.02.01 |
Ha Sung Soo (0) | 2023.01.29 |
Ahn Soo Young (0) | 2023.01.29 |