드라마 다이얼로그

7 - 어제 는 보지 못한 것 본문

Recipe For Farewell

7 - 어제 는 보지 못한 것

드라마 Dialogue 2022. 12. 6. 01:11

달걀 이불을 덮은 볶음밥 도시락
ကြက်ဥကြော်အုပ်ထားတဲ့ ထမင်းကြော်ဘူး

နောက်ကျနေပြီ နှိုးစက်အသံကို ကြားပေမယ့်လည်း အိပ်ရာက မထနိုင်ခဲ့ဘူး
အဆုံးမှာ အသိစိတ်ကပ်ပြီး ထလာတဲ့အချိန်မှာ
အချိန် သိပ်မရှိတော့ဘူး
ဆေးရုံမှာ ညလုံးပေါက် စောင့်နေခဲ့တဲ့ သားဖြစ်သူအတွက် နေ့လည်စာ ထမင်းဘူးကို ပြင်ဆင်ပေးရမယ်
ဆေးရုံကထမင်းက အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ကို ခံတွင်းတွေ့စေမှာ မဟုတ်ဘူး

ဘာပဲလုပ်လုပ် အရင်ဆုံး ဝက်သားကို လှီးရမယ်
အသားကို ခဲရာကနေ အရည်ပျော်တာကို
စောင့်ဖို့လိုရင် အားလူးဖြစ်ဖြစ် ကြက်သွန်နီကိုဖြစ်ဖြစ် အရင် လှီးရတာမျိုးလည်း ရှိတယ်
ဒီနေ့တော့ ထမင်းကြော်ရင် ကောင်းမယ်ထင်တယ် အစားရွေးတတ်တဲ့သူတွေအတွက် အကောင်းဆုံး ဟင်းလျာပဲ
အသီးတွေကို တော်သင့်ရုံထည့်လိုက်ရင်
အတော်လေးကို အရသာပိုပေါ်စေတယ်
အိမ်မှာ ဟင်းချက်ရတာ ကောင်းတဲ့အချက်က
ပါဝင်ပစ္စည်းတွေကို စိတ်ကြိုက်ထည့်လို့ရတယ်
အကြိမ်တော်တော်များများ ချက်ခဲ့ရတော့
တစ်ယောက်စာက ဘယ်လောက်ချက်ရမလဲ
ခန့်မှန်းလို့ရသွားတယ်
ငရုတ်သီးစိမ်းကို ကျိန်းသေ ထည့်လေ့ရှိတယ်
အရသာကိုပိုပြီးတော့ ပေါ်လွင်စေနိုင်တာကြောင့်ပဲ

သားကတော့ မချက်ဖို့ ပြောခဲ့ပေမယ့်
ချက်ပေးရင်လည်း အရသာရှိရှိ စားပေးတတ်တယ်
အဲ့ဒါကြောင့် ပြင်ဆင်ပေးရတာ ပျော်ဖို့ကောင်းတယ်


어제 는 보지 못한 것
မနေ့ကတော့ မမြင်နိုင်ခဲ့တဲ့အရာ

ခံစားချက်ဆိုတာ အာရုံကြောတွေရဲ့ အလိုအလျောက် တုံ့ပြန်မှုပဲ စိတ်ဖိစီးမှုကို ကျော်ဖြတ်ရမယ်ဆိုတောင်
အရမ်းငံအောင် မလုပ်ရင် ရပြီ
စိတ်ဖိစီးမှုကို မရှောင်နိုင်ရင်
အသက်ပြင်းပြင်းရှူတာက အကူအညီဖြစ်တယ် အသက်ပြင်းပြင်းရှုရင် အာရုံကြောတွေက
ထုံသွားတယ် စိတ်ခံစားချက်တွေက လွှမ်းမိုးနေရင် အသက်ပြင်းပြင်းရှူဖို့ မမေ့ကြရအောင်
အပြင်ဘက်မှာဆို ပိုကောင်းတယ်
အဆုတ်ပေါက်ထွက်တော့မတတ် အသက်ကို
ပြင်းပြင်းရှူလိုက်ရာက ပြီးရင် ရှူထုတ်လိုက်မယ်
အဲ့ဒါဆိုရင် ခံစားချက်ထဲမှာ ငံတာတွေ
လျော့သွားလိမ့်မယ်


နေ့စဉ်ဘဝကို တူတူဖြတ်သန်းရခြင်းရဲ့ အဖြစ်အပျက် ပြဿနာတွေအကုန်လုံးကို စကားပြောရုံနဲ့ ဖြေရှင်းနိုင်တယ်လို့ ထင်နေတဲ့ အရေးမပါတဲ့ ယုံကြည်မှု
ပြီးတော့.. လမ်းခွဲခဲ့ရင်တောင် တစ်နေရာစီမှာ
သေချာနေနိုင်ကြမယ်ဆိုတဲ့ အထင်မှားမှု
အဲ့လိုနဲ့ ငါတို့က လမ်းခွဲကြဖို့ သဘောတူခဲ့တယ်

Gogh က ဘယ်လိုနေခဲ့ရတဲ့ လူလဲဆိုတာကို သိရင် ပန်းချီကားကို သက်သောင့်သက်သာဖြစ်ကြမှာတော့ မဟုတ်လောက်ဘူး
Gogh ရဲ့ ပန်းချီကားတွေက
လူတွေကို သက်သောင့်သက်သာဖြစ်အောင်
လုပ်ပေးတယ်တဲ့

“အားလ်က အိပ်ယာ"
နယ်ဘက်ကို အိမ်ပြောင်းသွားတဲ့ Gogh က Gauguin ကို အိမ်လည်ဖို့ဖိတ်ပြီးတော့ ဆွဲခဲ့တဲ့ ပန်းချီကားလို့ ပြောတယ်မလား
ဗားရှင်းက သုံးခုရှိပေမဲ့ အဲ့လောက် အချင်းချင်း
လွမ်းနေကြတဲ့ သူငယ်ချင်းနှစ်ယောက် Gogh နဲ့ Gauguin က သိပ်မကြာခင်ဘဲ အနုပညာနဲ့
ပတ်သက်တဲ့ ကွဲလွဲအယူအဆတွေကြောင့်
အကြီးအကျယ် ရန်ဖြစ်ကြပြီး အဆိုးမရှိတဲ့ စိတ်ဆင်းရဲမှုတွေအောက်မှာ Gogh က သူ့ကိုယ်တိုင်ရဲ့
နားရွက်ကို ဖြတ်ပစ်လိုက်တယ်
“အားလ် က အိပ်ယာ” ရဲ့ နောက်ဆုံး ဗားရှင်းက
သူမသေခင် ၁၀ လ အလိုက စီတ်ရောဂါအထူးကုဆေးရုံမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားပဲ


သရက်သီးကို သေချာမလှီးဖူးတဲ့သူကတော့ လန့်နေပြီ
မာတဲ့ အစေ့က အသီးရဲ့ အလယ်တည့်တည့်မှာကို
ရှိနေတယ်
အဲဒါကြောင့် အစေ့ရဲ့ ဘေးကနေ
သုံးပိုင်း လှီးရမယ် အခွံကို မခွာဘဲနဲ့
အသားကို အတန်းလိုက်လှီးပြီး
ပြီးရင် တစ်ဘက်ကိုလှန်လိုက်ရင် လွယ်လွယ် ထွက်လာတယ်
သရက်သီးကို လှီးကြည့်လိုက်တော့လည်း ဂိုဟူးရဲ့ ”နေကြာပန်း" ကို တွေးမိတယ်
ထင်ထားတာထက် အရည်က ပျစ်တယ် သစ်တော်သီး ရောလိုက်ရင် နည်းနည်းများ ကျဲသွားမလား
ဒီလိုဆိုတော့လည်း ဒီဖျော်ရည်ရဲ့ အဓိကက သရက်သီးလား သစ်တော်သီးလား

မသေချာတော့တာနဲ့ပဲ ဟိုဟိုဒီဒီ သစ်သီးတွေ
ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်
ဈေးဆိုင် နည်းနည်း ပတ်သွားပြီးတော့ ကမ္ဗလာသီးရလာခဲ့ပြီ သွားတဲ့ ဆိုင်တိုင်းကနေ တစ်ခုစီလောက် ဝယ်ခဲ့တော့ သစ်သီးတွေက ခြင်းအပြည့်ပဲ ဝယ်မိလာတယ် နည်းနည်းများ ဝယ်တာ များသွားလား
အရင်ဆုံး မိန်းမကြိုက်တဲ့ ဂရိတ်ဖရုဖျော်ရည်ကို
စလုပ်ခဲ့တယ်

အဲ့ဒါပြီးတော့ နဂါးမောက်သီးဖျော်ရည်
သံပုရာသီးနဲ့ စပျစ်သီးကို အတူတူထည့်လိုက်တယ်
အဲ့ဒါပြီးတော့ ပန်းသီးဖျော်ရည်
ခရမ်းချဉ်သီးဖျော်ရည်က အမျှင်ဓာတ်များပြီး ကင်ဆာအတွက်လည်း အာနိသင်ကောင်းတယ်

ဘာလီရွက်နဲ့ ကိုက်လန်ရွက်ကိုရောပြီး အစိမ်းရောင်ဖျော်ရည်လုပ်လိုက်တယ်
အခါးအရသာကို ဖယ်ပေးမယ့် စပျစ်စိမ်းနဲ့အတူ

ဘူးအလွတ်တစ်ဘူး ကျန်နေတယ်
ဒီမှာ ရပ်လိုက်လို့ရပေမယ့် လုပ်ရင်းလုပ်ရင်း
ပိုလောဘတက်လာတယ်
အာ..ဂေါ်ဖီထုပ်ဖျော်ရည်လည်း လုပ်ရမယ် ဝမ်းတွင်းနေလို့ကောင်းအောင် အကူအညီဖြစ်လိမ့်မယ်

ပြန်ပြီး အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်တာကို ဆက်တိုက်လုပ်နေခဲ့တယ်
မမေ့ကြရအောင် ခံစားချက်ဆိုတာ အလိုအလျောက်အာရုံကြောတွေရဲ့ တုန့်ပြန်မှုပဲဆိုတာ
အခုတော့ ဟင်းချက်ကျွေးလို့လည်း မရတော့ဘူး
နည်းနည်းစီ ခွဲလုပ်ထားတဲ့ ဝက်ချိုချဉ်ကြော်ကိုလည်း လုပ်လို့မပြီးသေးတာကို နောက်နေ့မှာ မိန်းမက အထူးကြပ်မတ်ဆောင်ထဲ ပြန်ရောက်သွားတယ် နာကျင်မှုကို ရအောင် ထိန်းထားနိုင်ခဲ့တယ်
အဲ့လိုအပိုင်းမှာ ခေတ်မီဆေးပညာကို မျက်လှည့်လိုမျိုး ခံစားမိတယ်
အမြဲအော်ငြီးနေကျအသံ လောလောဆယ်
ငြိမ်သက်သွားပြီ
ဒါပေမဲ့ ခေတ်မီဆေးပညာလည်း သူ့ရဲ့လုပ်နိုင်စွမ်းအတိုင်းအတာကို ပွင့်ပွင့်လင်းလင်းပြောပြတယ်
ပါးပါးလေးနဲ့ ငါတို့ကို ခြုံပေးထားတဲ့
မျှော်လင့်ချက်ဆိုတဲ့ စောင်ကို လှန်လိုက်ပြီးတော့
ခွဲခွာရမယ့်အချိန်အတွက် ပြင်ဆင်လို့ရအောင် လုပ်ပေးတယ်
ဒီအထိက ခေတ်မီဆေးပညာလုပ်ပေးနိုင်တဲ့
အကောင်းဆုံးပဲ
မနေ့က ဒီဖျော်ရည်အားလုံးကို
သောက်နိုင်လိမ့်မယ်လို့ တွေးခဲ့တယ်
မဖြစ်လာမချင်း မမြင်နိုင်တဲ့အရာတွေ
အများကြီးရှိတယ် ဒီနေ့ခွဲခွာရမယ်ဆိုရင်တောင် မနက်ဖြန် မျက်နှာမြင်မယ်လို့ ယုံကြည်နေတာ ဘယ်လောက်တောင် မရင့်ကျက်လိုက်တဲ့အတွေးလဲဆိုတာ
အချိန်ဘယ်လောက်ကျန်သေးမှန်း မသိပေမယ့် ရယ်ပြီးတော့ စကားပြောနိုင်သေးတယ်
အပြင်းအထန်နာကျင်ပေမယ့် နာကျင်မှုကို
ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်
စိတ်သက်သောင့်သက်သာရှိစေလောက်တယ်