드라마 다이얼로그

9 - 즐거움 은 운행 되는 것 본문

Recipe For Farewell

9 - 즐거움 은 운행 되는 것

드라마 Dialogue 2022. 12. 6. 01:12

즐거움 은 운행 되는 것
ပျော်ရွှင်မှုကို လေ့ကျင့်ဖို့လိုတဲ့အကြောင်းအရာ

အာဂွီငါးပေါင်းလုပ်နည်းကို ရှာကြည့်ပြီးတဲ့နောက်မှာ လျှို့ဝှက်နည်းလမ်းက အခုလိုဖြစ်မယ် ထင်ရတယ်
အာဂွီက ပုံမှန် ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး အသုံးပြုကြရင် အသားတွေက ကျောက်ပုစွန်နီးနီး
အရသာရှိလာတယ်ဆိုတာ
ပဲပင်ပေါက်တွေကိုတော့ ကြိုပြီးထည့်ပြုတ်ထားရာက ဒီအတိုင်း ဟင်းခတ်ပုံစံမျိုးနဲ့ အသုံးပြုသွားမှာဖြစ်တယ် ဟင်းရည်ကိုတော့ ထားခဲ့လိုက်ပြီးတော့ တစ်ခြား ပင်လယ်စာတွေ ရောထည့်လည်း ကောင်းတယ်
အထူးအနှစ်လုပ်နည်းကတော့ ဒီလိုဖြစ်လောက်တယ်

အချိန်တစ်ခုကစပြီးတော့ ငါ့ရဲ့ စမတ်ဖုန်းက
ငါ့လက်ဗွေရာကို လက်မခံတော့ဘူး အစပိုင်းမှာ
ဖုန်းပျက်နေတယ်လို့ပဲ ထင်ထားခဲ့တာပေါ့
မီးဖိုချောင်အလုပ်ကို နည်းနည်းလုပ်လိုက်မိလို့ လက်ဗွေရာပါ ပျောက်သွားမယ်ဆိုတာ မသိခဲ့ဘူး

ငါတို့လင်မယားက စိတ်ရင်းအပြည့်နဲ့ စကားကိုပဲ ပြောဖို့ လုပ်ခဲ့တယ် ပိုပြီးဆိုးရွှားလာခဲ့တယ်
တစ်ခါတစ်လေ စိတ်ရှည်မှုနဲ့တိတ်ဆိတ်မှုက
အချင်းချင်း အားပေးမှုတစ်ခုလည်း ဖြစ်လာနိုင်တယ်


ဆွီဒင်က ခယ်မဖြစ်သူ ရောက်လာမယ့်နေ့ပဲ
သူ့က ကိုရီးယားကို လာတိုင်းမှာ ပဲပင်ပေါက်ဟင်းရည်ကို ကျိန်းသေ သောက်ချင်တယ်လို့ ပြောခဲ့ဖူးတယ်
ကင်ဆာဆိုတဲ့ရောဂါကို သိနေရင်းနဲ့တောင်မှ မမီတော့ဘူးစေပြီး စကားတောင်မပြောနိုင်တဲ့ နာကျင်မှုကနေ နောက်ဆုံး တစ်ညတည်းမှာပဲ အရေးပေါ်ခန်းရောက်ပြီးတော့ စိတ်ငြိမ်အောင် ပြန်လုပ်နိုင်ခဲ့တယ်
ဒီနေ့တော့ ကောင်းကင်မှာ ဖုံးအုပ်နေတဲ့ တိမ်မည်းတွေ အကုန်လုံး ရှင်းလင်းကင်းစင်နေတယ်

အရင်တုန်းကနဲ့ ကွာခြားတာရှိတယ်ဆိုရင်
အလုပ်သေချာလုပ်တတ်လာပြီ
အရင်တုန်းက အလျင်စလို အိုးနဲ့ဒယ်အိုးတွေကို
မီးဖိုပေါ်တင်ပြီး မီးအရင်ဖွင့်တယ်
အခုနေတော့ ခေါင်းထဲမှာ အစဉ်လိုက် တွေးထားပြီး ပါဝင်ပစ္စည်းပမာဏကိုလည်း မှန်းဆတတ်လာပြီ မကြာခဏတော့ မဟုတ်ပေမယ့် ကိုရီးယားစာ
ငြီးငွေ့လာရင် ပါစတာ လုပ်ပေးလိုက်တယ်

ပင်လယ်စာဆိုရင် ခရမ်းချဉ်သီးအနှစ်နဲ့ ပိုလိုက်မှန်းသိပေမယ့် ဧည့်သည်ကလေးရဲ့ အကြိုက်တွေ့စေဖို့
ခရင်မ်အနှစ်ကို သုံးလိုက်တယ်
တကယ်တမ်းတော့ ခရမ်းချဉ်သီးလည်း တိုက်တိုက်ဆိုင်ဆိုင် ကုန်နေလို့ ရှိတဲ့ပစ္စည်းတွေနဲ့ပဲ သုံးလိုက်ရတယ် သိပ်မရင်းနှီးတဲ့ပုံစံကို နည်းနည်းစိတ်ပူပေမယ့် မကြိုက်ဘူးပြောရင် ဖယ်ပေးလိုက်ရင်ရပြီ
ပါစတာခေါက်ဆွဲကို နည်းနည်းမကျက်တကျက်လုပ်ထားပြီးတော့ ဆော့စ်နဲ့ ရောမွှေပြီးရင် ကဆီဓာတ်ထွက်လာလို့ အနှစ်ကို ပိုယူလိမ့်မယ်
ဒီတစ်ခေါက်မှာတော့ ဆူဂျယ်ဘီကို သုံးလိုက်ပေမယ့် ကွာခြားချက် သိပ်မရှိလောက်ဘူး

တူလေးက ငါချက်ပေးတဲ့ ဆူဂျယ်ဘီကို အားရပါးရစားတယ်
ခယ်မလည်း အာဂွီငါးပေါင်းနဲ့ ပဲပင်ပေါက်ဟင်းရည်ကို ကောင်းကောင်းစားတယ်
ငါက မိသားစုဝင်တွေ အားရပါးရစားတဲ့အသံကို မီးဖိုချောင်ထဲကနေ စောင့်ကြည့်နေခဲ့တယ်
အစားအစာလုပ်ကျွေးရတဲ့ကိစ္စက အမြဲအဲ့လိုပဲ ပင်ပန်းပေမယ့် အရသာရှိရှိစားပေးတဲ့အသံကို ကြားရင် စိတ်လုံးဝသက်သာသွားတယ်
ဟင်းချက်တာကို စတင်ပြီးတဲ့နောက်ပိုင်း ပထမဆုံးဖြစ်မယ်ထင်တယ် မိန်းမမဟုတ်ပဲ တခြားလူအတွက် ဟင်းချက်ကျွေးတာက

တကယ်တမ်းတော့ အာဂွီငါးပေါင်းက
မအောင်မြင်လုနီးနီးဖြစ်သွားခဲ့တယ်
အရင်ဆုံး ပဲပင်ပေါက်က ကျွတ်ကျွတ်ရွရွမဟုတ်ဘူး အရမ်းအကြာကြီး ပေါင်းလိုက်မိတယ်
ကျွတ်ကျွတ်ရွရွအရသာ ပျောက်သွားပြီးတော့
ပျော့စိသွားတယ်
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက စားကောင်းတယ်ဆိုပြီး စားပေးကြပြီး အဲ့တော့ နောက်ဆုံးမှာ စားကောင်းတဲ့ အာဂွီငါးပေါင်းဟင်း ဖြစ်သွားတယ်
အစပ်မစားနိုင်တဲ့ တူလေးအတွက်
မီနူးအသစ်ပါ တီထွင်လိုက်တယ်

တစ်ယောက်ယောက်အတွက် တစ်ခုခုလုပ်ပေးပြီး
အဲ့ဒါကို အားရပါးရစားပေးတဲ့ပုံကို ကြည့်ရတာ ပျော်တယ် အရင်တုန်းက ဘာလို့မသိခဲ့တာလဲ
ဒီလိုပျော်ရွှင်မှုမျိုးက တစ်နေ့နေ့မှာ ရုတ်တရက်ကြီး ထွက်ပေါ်လာတာမဟုတ်ဘူး
အချိန်ပေးပြီး အကြိမ်ကြိမ်အခါခါ လေ့ကျင့်မှုကြောင့် တဖြည်းဖြည်းခံစားလာရတာ
အဲလိုနဲ့ နည်းနည်းချင်းစီ ပြောင်းလဲလာခဲ့တယ်
ဟင်းချက်လက်ရာကော ငါကော..