드라마 다이얼로그

8 - 무항생제 대패 삼겹살 의 기찬 효능 본문

Recipe For Farewell

8 - 무항생제 대패 삼겹살 의 기찬 효능

드라마 Dialogue 2022. 12. 6. 01:12

무항생제 대패 삼겹살 의 기찬 효능
သဘာဝအတိုင်း ပါးပါးလှီးထားတဲ့
ဝမ်းဗိုက်သားရဲ့ အကျိုးသက်ရောက်မှု

ကျွန်မ ခွဲစိတ်သွားမှာ မဟုတ်ဘူး
ကျန်တဲ့အချိန်တွေကိုတော့
ဒီတိုင်း အိမ်မှာပဲ နေသွားချင်တယ်
မနက်ပိုင်း ဧည့်ခန်းထဲကို ထိုးဝင်ပြီး
ကျလာတဲ့ နေရောင်ကိုလည်း ခံပြီးတော့
မိုးရွာရင် ပြတင်းပေါက်ဖွင့်ပြီး မိုးရွာသံကိုလည်း
နားထောင်သွားမယ်
အဲ့လိုမျိုး ပုံမှန်လေး နေသွားရင်းနဲ့
ထွက်သွားချင်တယ်
အဲ့ဒါက အခု ကျွန်မဖြစ်ချင်တဲ့ တစ်ခုတည်းသော ဆန္ဒပဲ ဖြစ်နိုင်တာက နောက်ဆုံး ဆန္ဒလည်း ဖြစ်လာမှာပေါ့
ရှင်ချက်ကျွေးတဲ့ ဝက်ချိုချဉ်ကြော်ကိုလည်း စားသွားချင်သေးတယ်

- အဲဒါကြောင့်ပဲ ပိုပြီးတော့တောင် ခွဲစိတ်ခံသင့်သေးတာလေ အဲ့ဒါမှ တစ်ခုခုတော့ စားလို့ရလာမှာပေါ့

ကျွန်မဖြစ်စေချင်ခဲ့တဲ့ ပုံစံထဲမှာ
Ileostomy အိတ်ကို တပ်ထားတဲ့ပုံစံတော့ မရှိနေဘူးလေ အခု ဒီခွဲစိတ်မှုကို လုပ်သွားမယ်ဆိုရင် ဆက်တိုက်ကို အဲဒါကို ဝတ်သွားမှရမှာလေ

- ငါက ဆရာဝန်မှမဟုတ်တာကို
အဲဒါကို ဘယ်လိုလုပ်ပြီး သိမလဲ
ဒါပေမယ့်လည်း အဲဒီ မသေချာတဲ့ အချက်တွေထဲမှာ မျှော်လင့်ချက်လည်း ရှိနေသေးတယ်လေ

မျှော်လင့်ချက်လား ဘာမျှော်လင့်ချက်လဲ

- မင်းနဲ့ အတူတူ ထမင်းချက်ရင်း စားလို့ရနိုင်လောက်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးလေ


တစ်ပတ်ဆိုတဲ့ အချိန်တွင်းမှာ ဖြည်းဖြည်းချင်း
လက်ခံလာအောင် သိမ်းသွင်းခဲ့တယ်
ဆရာဝန်အပြောအရ ခွဲစိတ်ခံဖို့ အဆင်ပြေပါ့မလား မသေချာပေမယ့် တစ်ခြားဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်ပေးမယ်လို့ ပြောခဲ့တယ်

ခွဲစိတ်ဖို့ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းလို့ သတ်မှတ်ထားပေမယ့် နေ့လည် ၁ နာရီလောက်မှ စတင်ခဲ့တယ်
ဝမ်းနည်းရမှာကို ဒီလောက်ထိ ကြောက်ရွံ့ခဲ့ဖူးတာမျိုး မရှိဘူး
မဟုတ်ဘူး ကြောက်ရွံ့ခြင်းက ဒီလောက်ထိ
ဝမ်းနည်းစရာကောင်းခဲ့တာမျိုး မရှိဘူး

နောက်တော့မှ ကင်ဆာက အရိုးထဲ အဆုတ်ထဲထိ ပြန့်နှံ့နေပြီလို့ သက်သက်ပြန် ကြားခဲ့ရပေမဲ့
ဘာပဲဖြစ်ဖြစ် အဲတုန်းကတော့ ကျွန်တော်တို့ ဘယ်လောက်တောင် ပျော်ခဲ့ရလဲမသိပါဘူး
အဆိုးဆုံးအတွက် ပြင်ဆင်ထားတဲ့ ငါတို့အတွက် လက်ဆောင်လိုရလဒ်မျိုး ဖြစ်ခဲ့တယ်


အရသာနည်းနည်းနဲ့ ငါးလေးခြောက်
နှမ်းဆီရယ် ကြက်သွန်မှိတ်ရယ်ပါတဲ့
အငံပေါ့ ငါးလေးဥအငံစိမ်

အကြောဆေးသွင်းတာ ပြီးတော့
အစာပျော့ကို စစားနေတာ တစ်ရက်ခွဲလောက်ရှိပြီ
လတ်ဆတ်တာတွေလည်း ကောင်းပေမယ့်
အရသာရှိပုံတော့ မပေါ်ဘူး
အဲ့နောက်တော့ ဆန်ပြုတ်ပေါ့
ဆန်နဲ့ လုပ်တာဆိုပေမယ့် ငါးနဲ့အသားလည်း ပါတယ်
စောင့်ကြည့်ဆောင်ကို ပြောင်းရပြီးတည်းက
ငါ့ စိတ်က ပြောင်းလဲသွားပြီ
ချက်ချင်း နာကျင်ခံစားနေရတာမျိုး မဟုတ်ရင် မဟုတ်ဘူး နည်းနည်း နာကျင်ရလား မသိတောင်
စားချင်တာတော့ ဘာဖြစ်ဖြစ် စားရအောင်
လုပ်ပေးမယ်

ဘယ်လောက်ကြာမှလဲ မသိဘူး
ငါတို့မိသားစု ဝက်သားကင်စားတာ
မိန်းမက သုံးထပ်သားကို ၂ပြားပဲ စားနိုင်တယ်
သတိထားပြီး ဖြည်းဖြည်းချင်း ဝက်သားအရသာကို ခံစားရင်း
ထပ်ပြီး ငါချက်တဲ့ဟင်းကို မစားနိုင်တော့ဘူးလို့
မွန်းကျပ်ပြီး ရင်နာခဲ့တာက ၂ပတ်ပဲရှိသေးတယ်
သားက အခုထိစားဖူးသမျှ သုံးထပ်သားကင်တွေထဲမှာ စားလို့အကောင်းဆုံးလို့ ပြောပြီးတော့
အများကြီးပဲလို့ပြောတဲ့ အသားတွေကို တစ်ခုမကျန်စားလိုက်ကြတယ်

မိန်းမနဲ့ ငါက အကြာကြီးနေမှ မျက်နှာချင်းဆိုင်ကြည့်ပြီး ရယ်ခဲ့ကြတယ် ဆေးအစွမ်းမရှိတဲ့ အလွှာပါးသုံးထပ်သားရဲ့ အာနိသင်က မှတ်ဉာဏ်ကိုပါ
ဖျက်လိုက်တယ်
ကြောက်ရွံ့စရာဆူနာမီရဲ့ ခြေရာတွေနဲ့ မကြာခင်လာတော့မယ့် ဆိုးရွားတဲ့ဆူနာမီကိုပါ

'Recipe For Farewell' 카테고리의 다른 글

10 - 카르페디 엠 해삼탕  (0) 2022.12.06
9 - 즐거움 은 운행 되는 것  (0) 2022.12.06
7 - 어제 는 보지 못한 것  (0) 2022.12.06
6 - 띄엄띄엄 탕수육  (0) 2022.12.06
5 - 누구 나 달달한 위로 는 필요 해  (0) 2022.12.06