드라마 다이얼로그

5 - 누구 나 달달한 위로 는 필요 해 본문

Recipe For Farewell

5 - 누구 나 달달한 위로 는 필요 해

드라마 Dialogue 2022. 12. 6. 01:11

누구 나 달달한 위로는 필요해
ဘယ်သူမဆို ချိုမြိန်တဲ့ နှစ်သိမ့်မှုမျိုးကို လိုအပ်တယ်

နေ့တိုင်း တောင်တက်ခဲ့တယ်
နေ့တိုင်း တောင်တက်ဖို့က နှစ်သစ်ရဲ့ ဦးတည်ချက်တစ်ခု ဖြစ်ခဲ့ပြီးတော့ တောင်တက်တာက ရောဂါကို သက်သာစေနိုင်မလားဆိုတဲ့ အတွေးနဲ့ တစ်လခွဲလောက်တော့ တစ်ရက်မပြတ် အိမ်နားက တောင်ကို နေ့တိုင်း တက်ခဲ့ကြတယ်

တောင်တက်တာနဲ့ အသားမကျသေးတဲ့ ငါကတော့ အမြင့်ကို တက်ရတဲ့နေရာရောက်တိုင်း အစာအိမ်အောက်ပိုင်းက စပြီး နာခဲ့တယ် ခန္ဓာကိုယ်က စိတ်နဲ့ မတူပဲ ကြောက်ရွံ့နေခဲ့တဲ့ပုံပဲ
ဇနီးလည်း ဗိုက်နာခဲ့ပေမယ့် အကြောင်းအရင်းကတော့ ကွာခြားခဲ့တယ်

တောင်ထိပ်ကို ရောက်လာခဲ့ရင် ရင်ထဲ ခံစားရတာနဲ့အတူ ကြောက်ရွံ့မှုလည်း အတူပါလာခဲ့တယ်
ရောဂါက သက်သာလာနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုတင်မသိနိုင်တဲ့ အဆုံးသတ်နဲ့ ပတ်သတ်တဲ့ စိတ်ပူပန်မှု နှစ်ခုက ရောထွေးပြီးတော့ စိတ်ထဲမှာ ပေါ်ထွက်လာခဲ့တယ်

ဇနီးနဲ့အတူ တောင်အောက်ကို ဆင်းလာချိန်မှာတော့ ဘယ်လောက်တောင် ပျော်ခဲ့ရလဲ မပြောပြတတ်အောင်ပဲ
တောင်တက်ရင်းနဲ့ ကျခဲ့ရတဲ့ ချွေးတွေနဲ့ နာကျင်မှုတွေနီးပါးလောက်ကို ရောဂါကလည်း သက်သာလာတယ်လို့ ခံစားခဲ့ရတယ်
အခုတော့ အိပ်မက်တောင် မမက်နိုင်တော့တဲ့ ကိစ္စပဲ


ပန်းသီး မုန်လာဥနီ ဖျော်ရည်

မနက်ပိုင်းမှာတော့ မုန်လာဉနီရောထားတဲ့
ပန်းသီးဖျော်ရည်ကို ဖျော်လိုက်တယ်
ပန်းသီးကို သန့်စင်နေအောင် ဆေးကြောပြီးတော့
အခွံကိုပါ ထည့်ဖျော်မှ ဆေးဖက်ဝင်တယ်
ပန်းသီးက ကောင်းတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ glycemic index ဖြစ်တဲ့ GI နည်းတယ်ဆိုတဲ့ အချက်ပဲ
GI မြင့်တဲ့ အစားအစာကို စားမယ်ဆိုရင် သွေးတွင်း သကြားဓာတ်ကို အမြန် တိုးသွားစေပြီးတော့
စိတ်ပူပန်စေမြဲ အင်ဆူလင်ကို အများကြီး
ထုတ်လွှတ်ပေးတယ်
စတော်ဘယ်ရီ ပန်းသီးနဲ့ သစ်တော်သီးကို အဲဒီအချိုဓာတ်နဲ့ ယှဉ်လိုက်ရင် GI တို့ဖူးထက် ပိုလျော့တယ်
ကန်စွန်းဥက အာလူးထက် ကယ်လိုရီပိုများပေမယ့်လည်း GI ကတော့ ပိုပြီးတော့ နည်းတယ်
ပြောစရာမလိုတဲ့ စကားပေမယ့်လည်း
GI တစ်ချက်တည်းကို ကြည့်ပြီး အစားအသောက်ကို ဆုံးဖြတ်လို့တော့ မဖြစ်နိုင်ဘူး
အစားအသောက်နဲ့ဆိုင်ရင်လည်း အဖြေမှန်တစ်ခုတည်း ရှိနေတာ မဟုတ်ဘူး
အလိုက်အထိုက်နေသင့်တဲ့ အကျင့်စရိုက်ကို
ပိုင်ဆိုင်ထားသင့်တဲ့ နောက်ထပ်
အကြောင်းပြချက်တစ်ခုပဲ


အမှန် ကျွန်တော်ကလေ ပြောတောင် မပြောတတ်လောက်အောင် အပျင်းကြီးတဲ့သူမျိုးပါ
ကျွန်တော့်ရဲ့ ဆုတောင်းက ဟိုတယ်မှာ အခန်း ဝန်ဆောင်မှုအပြည့်နဲ့ နေသွားနိုင်ဖို့ပါ
ခေါင်းလောင်းကို နှိပ်လိုက်တာနဲ့ ကိုယ်စိတ်တိုင်းကျ အရာအားလုံးကို တောင်းဆိုလို့ရနိုင်တဲ့
အဲ့လို ဟိုတယ်မှာ နေရတဲ့ ဘဝမျိုးပါ ပြန်တွေးကြည့်လိုက်ရင် ဟင်းချက်တယ်ဆိုတာက ဒါက အရင်ဆုံး အဆင်ပြေတဲ့ ဟင်းချက်ပစ္စည်းတွေကို ရှာဖို့ သွားရပါတယ်
ပြီးတော့ ပါဝင်ပစ္စည်းတွေကို သေချာ ပြင်ဆင်ရမယ် ပြီးတော့ သင့်တော်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သုံးပြီးတော့ မီးထိန်းညှိမယ်
အညွှန်းအတိုင်း ဟင်းချက်ကြရမှာလေ
စားပြီးရင်တော့ ပန်းကန်ဆေးမယ်
ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ဂရုတစိုက် စီမံရတာ
အဲ့ဒါက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး
လက်လေးတောင်လှုပ်စရာမလိုတဲ့ ဟိုတယ်မှာ
ဇိမ်ခံရတဲ့ဘဝကို လိုချင်တဲ့ကျွန်တော်က ဘယ်လိုလုပ် ဟင်းချက်ရတာကို ကြိုက်ပါ့မလဲ

ဒါပေမဲ့ blog မှာ ရေးထားတာကို ဖတ်ကြည့်ရင်
နေ့တိုင်း ဟင်းချက်တဲ့ အကြောင်းပဲမို့လို့
ဆိုတော့ ဒီရက်ပိုင်း မကြိုက်တဲ့အလုပ်ကိုလုပ်နေတာပဲ
- မပြောတတ်ပါဘူး တစ်ယောက်ယောက်အတွက် အစားအသောက် ချက်ပြုတ်ပြင်ဆင်ပေးတာက အရမ်းကိုကောင်းတဲ့ ခံစားချက်မို့လို့ပါ
ပြီးတော့ blog မှာ စာတင်ရတာလည်း ကောင်းပါတယ် ပြီးတော့ ကျွန်တော့် blog ကို ဖတ်တဲ့လူတွေ အရမ်းကိုကောင်းတဲ့ ကောမန့်တွေချန်ထားပေးကြတာ အဲ့ဒါကလည်း အရမ်းကို စိတ်ပျော်စေပါတယ်

ဒါဆို ဟိုတယ်ဘဝက ဆန္ဒမပြည့်တော့ဘူးပေါ့
- စဉ်းစားကြည့်လိုက်တော့လည်း အဲ့လိုပဲ
ဒီတိုင်း ဆန္ဒပဲမို့လို့ပေါ့
ဆန္ဒဆိုတာက တော်တော်များများ ဖြစ်မလာနိုင်တတ်တာက အဲ့ဒီ ဆန္ဒတွေပဲပေါ့


ရေအနေတော် ထည့်ပြီး တစ်နာရီလောက် ဆန်ကို ရေစီမ်ထားပြီးရင် ထမင်းချက်ရတယ် ရေအပါအဝင် အကုန်လုံးကို ကြိုတင်ပြီး ပြင်ဆင်ထားရတယ်

ဆန်လုံးညိုတစ်ခွက် ပဲနီတစ်ခွက် နိုင်လွန်ပဲတစ်ခွက်၊ ပဲဝါတစ်ခွက် မတ်ပဲတစ်ခွက် ပြီးတော့ ကျိတ်ပင်ကိုလည်း နည်းနည်းထည့်မယ်
ဆန်လုံးညိုကိုသုံးရင် ဆန်တွေက ပိုပြီး နူးညံ့တယ် လင်ဇီးမှိုကို ရေထဲမှာ ၁၂ နာရီကြာ စိမ်ထားပြီး ထမင်းချက်ဖို့ သုံးပါတယ်

ချာဂါမှိုဖြစ်ဖြစ် သစ်စေးစိမ်ထားတဲ့ ရေကိုလည်း အစား အသုံးပြုနိုင်တယ်

ဆန်ဆေးပြီးရင် အဖုံးကို မပိတ်ခင် လှော်စေ့နဲ့ နနွင်းကို ထည့်ရင် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်
ထမင်းချက်တိုင်း အမြဲ လုပ်နေကျပါ


“ခဏ နားရအောင်
အပေါ်မှာ တစ်ယောက်ယောက် စောင့်နေတာလည်း မဟုတ်တာကို အမြန်လိုစရာ ဘာအကြောင်း ရှိမှာလဲ
နားကြရအောင် နားချင်လာတဲ့ အခါတိုင်း
အဆုံးထိတော့ ရောက်မှာပဲလေ..”

အကြာကြီးနေမှ တောင်လည်း တက်ခဲ့တယ် သစ်တောအုတ်ဂူနေရာက တောင်ခြေမှာ ရှိလို့ပဲလား မသိဘူး
တော်တော် မတ်စောက်တယ် ချွေးတွေလည်း ထွက် ခြေထောက်လည်း နာ ရေလည်း ငတ်တယ်

ကြားထဲမှာ ခဏခဏ လက်လျှော့လိုက်ချင်ပေမယ့် တကယ် ပင်ပန်းနေတဲ့အချိန် တောင်ထိပ် အဆုံးထိ တက်နိုင်အောင် လုပ်ပေးတာက ရည်မှန်းချက်လည်း မဟုတ်ဘူး ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး

ဒီအတိုင်း ချိုမြိန်တဲ့ ပျားရည်မုန့် အပိုင်းအစလေးပဲ


မုန်လာဥ အချဉ်စိမ် ဂျူးမြစ်ရိုင်း အချဉ်စိမ်နဲ့ ကျောက်ဖရုံသီးမွှေကြော် မိသားစုကို ပေးမမြည်းနိုင်တဲ့ ကျရှုံးသွားတဲ့ ဟင်းလျာတွေနဲ့
သဘောကျတယ်လို့ ပြောခံရပေမယ့် အများကြီး လုပ်ထားမိလို့ ကျန်နေတဲ့ ဟင်းလျာတွေကို အတူတူ ပေါင်းပြီး တစ်ခါတည်းစားဖို့
လုပ်လိုက်တယ် ရေခဲသေတ္တာရှင်းရင် ထမင်းသုပ်က အကောင်းဆုံးပဲ


အဆုံးသတ်ကို မသိနိုင်တဲ့ ပင်ပန်းတဲ့ကုသမှုကို
ခံယူနေရသူနဲ့
အဲ့လိုပုံစံကို ဘေးကနေ စောင့်ကြည့်ပေးရင်း
ကူညီပေးချင်တဲ့သူတွေ…

ဘယ်သူမဆို ချိုမြိန်တဲ့ နှစ်သိမ့်မှုလိုအပ်တယ်..

'Recipe For Farewell' 카테고리의 다른 글

7 - 어제 는 보지 못한 것  (0) 2022.12.06
6 - 띄엄띄엄 탕수육  (0) 2022.12.06
4 - 그리운 설날 떡국  (0) 2022.12.06
3 - 굴비하세요!  (0) 2022.12.06
2 - 공간 이동 의 기적 돔베국수  (0) 2022.12.06