드라마 다이얼로그

4 - 그리운 설날 떡국 본문

Recipe For Farewell

4 - 그리운 설날 떡국

드라마 Dialogue 2022. 12. 6. 01:10

သားဖြစ်သူကို ပျိုးထောင်ရင်းနဲ့ ဘာလီလက်ဖက်ရည်နဲ့ တစ်ကြိမ်ထပ်တွေ့ခဲ့တယ်
အပူတက်ပြီး နေမကောင်းတဲ့အချိန်ဆို
ဘာမှမစားနိုင်တော့ဘူး
လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ ထမင်းမှာ
ဘာလီလက်ဖက်ရည်ကို လောင်းထည့်ပြီးတော့
၂ နာရီလောက် မီးအေးအေးနဲ့ ချက်ထားလိုက်တယ် အဲ့ထမင်းရည်ကို ကျွေးခဲ့တယ်

တစ်ရက် နှစ်ရက် ကြာတဲ့အချိန်မှာ
အဲ့လိုကနေ ပြန်ပြီးတော့ ခံတွင်းပေါ်လာလို့လားပဲ ပြန်ပြီး အစားကောင်းကောင်း ပြန်စားလာတတ်တယ်
အနားမှာစောင့်ပြီး ရပ်နေမှရတယ်
ဆူတာ လွန်သွားလို့ မဖြစ်တာကြောင့်ပဲ

Bookpot ကနေ ထုတ်ထားတဲ့ ရီဂျုန်းထန်ရဲ့ တရုတ်သမိုင်းကြောင်းကို နားထောင်နေမိတယ်
သမိုင်းကြောင်းရဲ့ အစ ပြောရမယ်ဆိုရင်တော့ စာရေးတဲ့ လူတွေအတွက် အစပြုခြင်းလို့ ပြောလို့ရတယ်
နားထောင်တာထက် အများကြီး ပိုတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်
တစ်ခါလောက်လည်း ဖတ်ကြည့်သင့်တယ်


အစာရှောင်တဲ့အချိန်မှာ အစားအသောက်တွေကို
မစားရတာထက်ပိုပြီး စပြီးတော့ စားရမယ့်ကိစ္စက
ပိုပြီးခက်ခဲတယ် ခန္ဓာကိုယ်ကလက်မခံနိုင်တဲ့ အစားအသောက်တွေကို ခေါင်းထဲမှာ အဆုံးမရှိမှတ်မိနေပြီး စားချင်စိတ်ဖြစ်ပေါ်နေလို့ပါ
ပုံမှန်ရောဂါလေးပဲဆိုရင်တော့ ၁ပတ် ၂ပတ်လောက်ပဲ အစာရှောင်ပြီးတော့ အစာပြန်စားရတဲ့အချိန်မှာ သေချာစားသောက်မယ်ဆိုရင် အပြည့်အဝပြန်ကောင်းလာနိုင်ပါတယ်
ဒါပေမယ့် ကင်ဆာဖြစ်နေတဲ့လူဆိုရင်တော့ ၁နှစ်
ဒါမှမဟုတ် ဒီထက်ပိုပြီး ခန္ဓာကိုယ်က တောင့်တနေတာတွေကို တိုက်ထုတ်နေရပါလိမ့်မယ်


လွမ်းနေခဲ့ရတဲ့ နှစ်သစ်ရဲ့ ဆန်ကိတ်စွပ်ပြုတ်

ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ကူးနေ့မှာ
တမ်းတနေတဲ့ ဆန်မုန့်ဟင်းရည်သောက်ဖို့ လုပ်ခဲ့တယ်
ဟင်းရည်ကို ကမာကောင်နဲ့ပြုတ်တာက ကျွန်တော်တို့မိသားစုစတိုင်လ်ပါ

မနက်ကတည်းက ရေထဲစိမ်ထားလို့ ဆန်မုန့်က ပျော့ပျော့အိအိ ဖြစ်သွားပြီ ရင်ပုံသားကို သေချာနွှင်ပြီးတော့ ဟင်းခတ်အနှစ်တွေနဲ့ နှပ်ပြီး ဟင်းရည်ပေါ် တင်ဖို့လုပ်ထားတယ်ဒယ်အိုးထဲ
ဆီကို နည်းနည်းလေးပဲ ထည့်ပြီးတော့
ကြက်ဥအနှစ်သက်သက် အကာသက်သက်
ပါးပါးလေးဖြစ်အောင် ဖြန့်တယ်
ပြီးရင် မီးနည်းနည်းနဲ့ တင်ထားလိုက်ရင် ဒယ်အိုးကနေ ကြက်ဥခွာလို့ရတာကို တွေ့လိမ့်မယ်
ဒယ်အိုးမြှောက်ပြီး လှန်ရင် ပိုကောင်းပေမယ့် ယုံကြည်ချက်မရှိရင် တူနဲ့ လှန်ရင်ရပါတယ်

အခု ငါ့ရဲ့ ဓားလှီးနှုန်းက မိန်းမရဲ့ ဓားလှီးနှုန်းထက် မြန်နေတယ်

တိုးတက်လာတာလို့ ပြောရမလား
ဒါမှမဟုတ် မိန်းမက အားမရှိတော့လို့လို့ ပြောရမလား

ဗိုက်ဆာရင်ဆာသလောက် တောင့်တမှုတွေက
လူတွေကို ထင်ရာစိုင်းသွားစေပါတယ်
ဘယ်သူကများတောင့်တခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ဝေဒနာကို ကျော်လွှားနိုင်မှာလဲ
အပြင်းအထန် တောင့်တလာတဲ့ နောက်တစ်ကြိမ် ပြန်မရနိုင်တော့ဘူးဆိုတဲ့ အကြောက်တရားက
လူကိုအားနည်းသွားအောင် လုပ်နိုင်တယ်

တောင့်တမှုတစ်ခုတည်းနဲ့တင်
လူတစ်ယောက်ကို သေစေနိုင်ပါတယ်
ဒီလိုဆိုရင်တောင်
ကျွန်တော်တို့က နေ့တိုင်းနေ့တိုင်းသတိရနေမယ့်
အမှတ်တရတွေကို လုံ့လစိုက်ပြီး
ဖန်တီးယူနေခဲ့ပါတယ်

ကမာကောင်ထည့်ပြီး ခံတွင်းတွေ့စေမယ့်
ဟင်းရည်ကိုသုံးပြီး တစ်မနက်လုံးလုပ်နေတဲ့
ဟင်းရည်ပေါ်တင်မယ့်အသားနဲ့ကြက်ဥကို ထည့်လိုက်ပြီး အပေါ့အငန်ညှိလိုက်တယ်

သားကို နှိုးလိုက်ပြီးတော့ ၃ယောက်သား အရသာရှိရှိစားကြတယ် ဒီအခိုက်အတန့်လောက်ဖြစ်ဖြစ်
စိတ်ပူပန်မှုအကုန် ပျောက်သွားပြီး
ဒီတိုင်း အရသာရှိရှိ နှစ်သစ်ဆန်မုန့်ဟင်းရည်ကို သောက်ကြတယ်

'Recipe For Farewell' 카테고리의 다른 글

6 - 띄엄띄엄 탕수육  (0) 2022.12.06
5 - 누구 나 달달한 위로 는 필요 해  (0) 2022.12.06
3 - 굴비하세요!  (0) 2022.12.06
2 - 공간 이동 의 기적 돔베국수  (0) 2022.12.06
1 - 무치는 마음을 닮는 나물  (0) 2022.12.03