드라마 다이얼로그

3 - 굴비하세요! 본문

Recipe For Farewell

3 - 굴비하세요!

드라마 Dialogue 2022. 12. 6. 01:10

“ဟင်းသီးဟင်းရွက်စုံကို အချိန်အကြာကြီး
တည်ထားရင်း ချက်ထားတဲ့
ဟင်းသီးဟင်းရွက်စွပ်ပြုတ်”

ရွှေဖရုံသီးကို လှီးမယ်ဆိုရင်
ဘယ်လောက်ခက်ခဲလဲဆိုတာ သိလာရလိမ့်မယ်
ဒါပေမယ့်လည်း ရွှေဖရုံသီးကတော့ မုန်လာဉနီထက် နည်းနည်းပိုလွယ်တယ် တွေးကြည့်လိုက်တော့မှ
အာလူးကိုလည်း အမြန်ထည့်လိုက်တာ ပိုကောင်းမယ် ကြက်သွန်နီ ကြာစွယ် ကပ်စေးနဲမြှစ်

ရေခဲသေတ္တာထဲမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးကို လှီးထည့်ပြီးတော့ အချိန်တော်တော်ကြာတည်ထားပြီးတော့ စားလို့လွယ်လောက်မယ့် ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကို လုပ်လိုက်တယ်
အရသာနဲ့ အနေအထားကတော့ အရိုးစွပ်ပြုတ်တွေနဲ့ အရမ်းကွာခြားလောက်ပေမယ့်
ဟင်းသီးဟင်းရွက်တွေကို ဆူအောင်ပြုတ်ထားတဲ့ အရည်ကတော့ လုံး၀ကို တိုင်းရင်းဆေးတွေနဲ့
တူလောက်တဲ့အထိ ကျန်းမာရေးအတွက်ကောင်းတယ်

အင်တာနက်ပေါ်မှာရှာကြည့်လိုက်မယ်ဆိုရင်
ဟစ်ပိုခရက်တစ် စွပ်ပြုတ်ဆိုတဲ့နာမည်နဲ့
စွပ်ပြုတ်ပါရှိနေတယ် ဟင်းသီးဟင်းရွက်မျိုးစုံက ဘာများလဲဆိုရင်တော့
လူကိုလိုက်ပြီး အတွေးတွေက အနည်းငယ်စီ
မတူညီကြဘူး
ဖြစ်သင့်တဲ့ ကိစ္စပဲ
လူတွေကလည်း အကုန်ဆင်တူတယ်ထင်ရရင်းနဲ့ကို ကွာခြားနေကြတယ် ဆင်တူပေမယ့်လည်း ကွဲပြားစွာနဲ့
ကိုယ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ ရွေးပြီး ထည့်ချက်လိုက်ရင်ရပြီ

အမှန်တော့ ဟင်းသီးဟင်းရွက်အားလုံးနီးပါးက ကျန်းမာရေးအတွက် ကောင်းစေပြီးတော့
ကင်ဆာရောဂါကိုလည်း သက်သာအောင်
လုပ်ပေးနိုင်တယ်လို့ ပြောကြတယ် အသက်ကြီးလာတယ်ဆိုတာကလည်း ကင်ဆာရောဂါရလာနိုင်ချေတိုးလာခြင်းပဲ အဲ့ဒါကြောင့် ကင်ဆာကို သက်သာအောင် တိုက်ထုတ်ပေးနိုင်မယ့် အရာရှိမယ်ဆိုရင်
အဆုံးမှာ ငယ်ရွယ်ပြီး အရွယ်တင်အောင် လုပ်ပေးတဲ့နေရာမှာလည်း အကျိုးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ

ဂေါ်ဖီကို နည်းနည်းလောက် ထပ်ထည့်ခဲ့လိုက်ရမှာ အစာအိမ်အတွက် ကောင်းတယ်လို့ ကြားထားတဲ့အတွက်ပဲ
အာလူးကိုလည်း နည်းနည်း ထပ်ပြီး ထပ်ထည့်သင့်ခဲ့တာပဲ ဗီတာမင်စီကြောင့်ပဲ


굴비 하세요!
ဂိုလ်ဘီချက်ပေးပါ

ပင်လယ်လေညှင်းကိုသုံးပြီးတော့ ဂိုလ်ဘီကို ဂိုလ်ဘီဆိုတဲ့ နာမည်ပေးခဲ့ကြတာက
ဂိုလျောခေတ်ကနေ စတင်ပြီး ပေါ်လာတယ်လို့
ပြောကြပါတယ်
ထိုခေတ်အခါ၌ နိုင်ငံရေးပညာရှင်ဖြစ်တဲ့
ရီဂျာဂယောင်းကတော့ ဘုရင် အင်ဂျုံးကို ဆန့်ကျင်တဲ့ အပြစ်ကြောင့် ဂျောလ်နမ်ဒို ယိုးဂွမ်ကို
နယ်နှင်ဒဏ်ပေးခံခဲ့ရပြီးနောက် အဲ့နေရာမှာ တွေ့ခဲ့ရတဲ့ အရသာရှိလှတဲ့ ငါးကို သူ့ရဲ့ ခံစားချက်တွေကို ထည့်သွင်းပြီးတော့
"လက်လျော့ဖို့ကို ငြင်းဆန်တယ်“ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဂိုလ်ဘီ ဆိုတဲ့ နာမည်ကို မှည့်တွင်စေခဲ့ပါတယ်
ခက်ခဲတဲ့အခြေအနေမှာတောင် စိတ်ဘယ်လောက်ပြင်းပြရမလဲဆိုတာကို သင်ယူနေပါတယ်
ဒီအကြောင်းကို ကျောင်းသားတွေက ကျေးဇူးတင်ဖို့ကောင်းစွာ မှတ်မိပေးပြီး အစားအစာနဲ့ သတ္တိအနေနဲ့ ပြန်ပေးခဲ့ကြပါတယ် အထူးတလည်မပြောဖူးပေမယ့် ကျွန်တော်နဲ့
ကျွန်တော့်မိန်းမကို အားပေးကြတဲ့ အားလုံးကို
ကျေးဇူးတင်ပါတယ်

ဂိုလ်ဘီငါးကို စားပဲစားဖူးတယ် တစ်ခါမှ မချက်ဖူးဘူး

ငါးညှီနံ့ကို ဘယ်လိုရှင်းရမလဲ အင်တာနက်ပေါ်မှာ
ရှာဖို့ လုပ်လိုက်တယ်
ငါးညှီနံ့ကို ဖယ်ဖို့အတွက် ဂိုလ်ဘီငါးကို
ဆန်ဆေးရည်ထဲ ၁၀မိနစ်လောက် စိမ်ထားလိုက်ရင်
ရတယ် ဒါပေမဲ့ ငါတို့အိမ်မှာ ဆန်ဆေးရည်မရှိဘူး ဆန်မှုန့်ကို ရေထဲပျော်ပြီး သုံးရင်ရတယ်လို့
ပြောထားပေမယ့် အရမ်းနှမြောဖို့ ကောင်းတယ်

ဂိုလ်ဘီငါးအကြေးခွံရှင်းတဲ့နည်းကတော့ အကုန်အတူတူလောက်ပဲ
"အမြီးဘက်ကနေ ခေါင်းဘက်ကို ဆွဲခြစ်ပြီးတော့ အကြေးခွံကို သန့်စင်အောင် ဖယ်ပါ"
အဲ့လိုလုပ်တာပေါ့
"ပါးစပ်ပေါက်ကနေ သစ်သားတူကို ထိုးထည့်ပြီး အတွင်းအူကလီစာတွေကို ထုတ်ပါ"
ဟင် ဘယ်လိုမျိုး..?
ဓာတ်ပုံနဲ့ စာနဲ့ပဲတော့ နားမလည်သေးဘူး

တစ်ဝက်ပိုင်းပြီး ပေါင်းအိုးနဲ့ ပေါင်းခိုင်းတာလည်း ရှိသလို အရာပေးပြီး ဟင်းခတ်အနှစ်ထည့်ဖို့လည်း ပြောကြတယ် ပေါင်းတဲ့အခါမှာလည်း
ပေါင်းအိုးအောက်ဘက်မှာ ဂျိုးမကပ်သွားအောင်လို့ ပင်လယ်ရေမှော်ရွက်ဖြစ်ဖြစ် မုန်လာဥရွက်ခြောက်ကို ခင်းတာကောင်းတယ်လို့ ပြောကြတယ်
ထင်းရှူးရွက်ခင်းလည်း ရတယ်လို့ ပြောတဲ့သူလည်း
ရှိတယ်
ဘယ်ဟာက ဂိုလ်ဘီငါးနဲ့ ပိုလိုက်လောက်မလဲ

- ငါ အခု ဂိုလ်ဘီငါးပေါင်းမလို့ လုပ်နေတာ ငါးညှီနံ့ပျောက်အောင် ဘယ်လိုလုပ်ရမလဲ
ဂျင်းပြုတ်ရည် နနွင်းဖျော်ရည် ဆန်အရက်ထည့်ရမယ်လို့ ပြောကြတယ် ~ အဲ့ဒါအကုန် မလိုအပ်ဘူး
အလယ်တစ်ဝက်ဝက်ပြီး ပေါင်းသာပေါင်းလိုက် ခမ်းသွားတဲ့အခါ ဒီတိုင်းလည်း စားကောင်းနေတာကို
အလကားနေ အနှစ်တွေဘာလို့ထည့်မှာလဲ

-အတွင်းကလီစာတွေ ထုတ်လို့ ပြောတယ်
~မထုတ်လည်း ရတယ်

-ဒါဆို ကြက်ဥဖြစ်ဖြစ် ထည့်လိုက်ရမလား
~ပုံစံကြည့်မလှလည်း ရတယ် ဘာမှမလုပ်ပဲ ပေါင်းလိုက်ပြီးတော့ ဒယ်အိုးမှာ ခဏကြော်လိုက်ရင် ရပြီ
အဲ့လိုကြော်ရင် အရေခွံ ကြွပ်ကြွပ်လေးမို့လို့ စားကောင်းတယ်

- ဟုတ်တယ်
အရမ်းရိုးရှင်းတယ် ဘာမှမလုပ်ပဲနဲ့
၁၀မိနစ်ပေါင်းပြီး ခဏကြော်လိုက်တယ်
တစ်ခုခုလစ်ဟင်းနေသလိုပဲ
ဂိုလ်ဘီငါးစားရင် လက်ဖက်စိမ်းရည်မရှိရင်
ဘယ်အဆင်ပြေမလဲ

ကဲ ဂိုလ်ဘီငါးစားပြီး ငါတို့အကုန်လုံး "ဂိုလ်ဘီ"
လုပ်ကြမယ်
"အရှုံးမပေးဘူး"
ဒီ"ဂိုလ်ဘီ"က "အရှုံးမပေးဘူး"ဆိုတဲ့ အဓိပ္ပာယ်ပဲ
ဂိုလ်ဘီငါးမှာ ပရိုတင်းနဲ့ မီတာမင် အေနဲ့ဒီပါတယ်
ပြီးတော့ အဆီဓာတ်လည်း နည်းလို့ အစာချေလို့ကောင်းတယ်တဲ့