일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- TheKingsAffection
- HometownChaChaCha
- OurBlues
- TheDevilJudge
- YouthOfMay
- HymnOfDeath
- DrRomantic
- CrashLandingOnYou
- MrSunshine
- ForecastingLoveandWeather
- TwentyFiveTwentyOne
- ChicagoTypewriter
- YumiCells
- LeeJeHoon
- NowWeAreBreakingUp
- OurBelovedSummer
- YumiCells2
- Remarriageanddesires
- startup
- Taxidriver
- DaliandCockyPrince
- LeeJunho
- WiseMountainvillageLife
- RacketBoys
- WhyHer?
- 18Again
- BeMelodramatic
- KimSeonHo
- TheRedSleeve
- HighClass
- Today
- Total
드라마 다이얼로그
1 - 무치는 마음을 닮는 나물 본문
무치는 마음을 닮는 나물:
ချက်ပြုတ်သူရဲ့နှလုံးသားနဲ့ တစ်ထပ်တည်းကျနေတဲ့ အရွက်သုပ်
“ပဲပင်ပေါက်သုပ်နဲ့ ဟင်းနုနွယ်ရွက်သုပ်”
ဒီနှစ်ခုက ထူးခြားတဲ့ဆက်နွယ်မှုမျိုး
ရှိနေတာတော့ မဟုတ်ပါဘူး
ဒီတိုင်း မြင်နေကျမို့လို့
ဝယ်လာတာလည်း ဖြစ်နိုင်တယ်
လုပ်ရတာလည်း လွယ်ကူနေတာကြောင့်..
ဆားနဲ့ငံပြာရည်ကိုတော့ လုံးဝ ထည့်မသုံးဘူး
အဲ့ဒီလိုလုပ်မှဖြစ်မှာမို့..
အစပိုင်းမှာတော့
လက်အိတ်သုံးပြီးတော့ သုပ်တတ်ပေမယ့်
ဒီရက်ပိုင်းတော့ လက်ကို သေချာဆေးပြီး
လက်ဗလာနဲ့ပဲ သုပ်တတ်တယ်
အရွက်ဟင်းတွေမှာ
လက်အရသာ မပါရင် အရသာမရှိတတ်ဘူး
အရသာရှိတဲ့ အစားအသောက်တွေကို
နှလုံးသားနဲ့ ဖန်တီးရတယ်
စိတ်အေးလက်အေးနဲ့ ချက်ပြုတ်ရပြီး
ပါဝင်ပစ္စည်းတွေကိုလည်း ဆက်သွယ်ရတယ်
တစ်ပုံစံတည်းတူတဲ့ ပါဝင်ပစ္စည်းနဲ့
တစ်ပုံစံတည်းချက်ပြုတ်နည်းကို အသုံးပြုထားလည်း
ချက်ပြုတ်တဲ့ စိတ်ထားကိုလိုက်ပြီး အရသာပြောင်းသွားတတ်တယ်
အချစ်နဲ့ ဂရုစိုက်မှုအပြည့်ပါဝင်နေတဲ့ အစားအသောက်ဖြစ်မှပဲ ဗိုက်ပြည့်စေမှာဖြစ်တယ်..
ခင်ပွန်းဖြစ်သူနဲ့ ဇနီး
ဒီနှစ်ယောက်က ကျိန်းသေပေါက် ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိစရာမလိုအပ်ဘူး
ဒီအတိုင်း နေသားကျနေလို့ အတူနေနေတာမျိုးလည်း ဖြစ်နိုင်တယ်
ဒီနေ့ မနက်ပိုင်း မီးဖိုချောင်ထဲမှာ ပျော်စရာအချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပုံပဲ
အာရုံစိုက်ခဲ့ရလို့ ပျော်ရွှင်ခဲ့ရပြီး
အေးချမ်းတဲ့ စိတ်မျိုးနဲ့ လတ်ဆတ်တဲ့ အရွက်တွေနဲ့ ကောင်းမွန်တဲ့ ဟင်းခတ်တွေက လူတွေကို အသက်ရှင်စေနိုင်တဲ့ အစားအစာတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရင်းနဲ့ ပြင်ဆင်ခဲ့တယ်
ကျွန်တော်ရေးနေတဲ့ ဘလော့မှာ တင်ထားတဲ့
ချက်နည်းကတော့ တစ်ခြားသူတွေ လိုက်ပြီး
ချက်ပြုတ်နိုင်ဖို့ မျှော်လင့်ထားတာ မဟုတ်ဘူး
အစားအစာကို ဖန်တီးတဲ့ အချိန်မှာရှိတဲ့ ခံစားချက်နဲ့ စိတ်ကို မှတ်တမ်းတင်ထားချင်လို့ ရေးနေတာပဲ
အထူးတလည် လေ့လာတာမျိုးလည်း မရှိခဲ့သလို သင်လည်း မသင်ယူခဲ့ဘူး ဒါပေမယ့် အခုတော့
ဓားကိုင်စွမ်းရည်လည်း တော်တော်လေး
တိုးတက်လာခဲ့ပြီ
ကျွမ်းကျင်သူတွေရဲ့ အမြင်ကနေ ကြည့်လိုက်ရင်
အခုထိ လိုအပ်နေလောက်သေးပေမယ့်
잡채의 눈물: ပဲကြာဇံကြော်ရဲ့မျက်ရည်
ဆီကို အတတ်နိုင်ဆုံးနည်းနည်းပဲထည့်ပြီး
ကြော်လိုက်တော့ ပါဝင်ပစ္စည်းရဲ့ အခြေအနေကို ဆက်တိုက် မျက်လုံးနဲ့ စောင့်ကြည့်နေရတယ်
လုံးဝမကြည့်တတ်ဘူးဆိုရင်
အရသာကို မြည်းကြည့်ရင် ရတယ်
အဲ့ဒါတောင် မသိသေးဘူးဆိုရင်
အင်တာနက်ပေါ်မှာ ရှာကြည့်လို့ရတယ်
ဖန်ခေါက်ဆွဲကို ကြော်တဲ့အခါ
အချင်းချင်းကပ်သွားနိုင်လို့ မတတ်နိုင်ပေမယ့်
နှမ်းဆီကို နည်းနည်းသုံးရတယ်
အဲ့ဒါလည်း ခေါက်ဆွဲက ကပ်တုန်းဆိုရင်
ချက်ချင်း တခြားပါဝင်ပစ္စည်းတွေကို ထည့်ပြီး
မွှေလိုက်ရင် ရတယ်
ဘယ်လိုပဲ ဆားနဲ့ ငံပြာရည်မသုံးထားဘူးပြောပြော အရမ်းပေါ့ရွှတ်နေတယ်
အား ထိုင်းငရုတ်သီး ရှိတယ်လေ
ဟင်းက စားချင်ဖွယ်မဖြစ်တဲ့အခါ
ပူစပ်စပ်အရသာလုပ်တာ အကောင်းဆုံးပဲ
အနံ့ကတော့ ထင်ထားသလောက် မစပ်သလိုပဲ
၁တောင့်ပဲဆိုရင် မလုံလောက်ဘူးထင်လို့ ၂ခုကို
လှီးပြီး ထည့်လိုက်တယ်
နောက်ဆုံးမှာ blog တင်ဖို့ ဓာတ်ပုံရိုက်တာနဲ့
ဟင်းချက်တာကို လက်စသတ်တယ်
အရသာရှိတဲ့ဟင်းလျာဆိုတာ ပါးစပ်နဲ့တင် မဟုတ်ဘူး
အမြင်မှာပါ အရသာရှိဖို့လိုတယ်
အရမ်းစပ်ပေမယ့် ခံတွင်းတွေ့စေတယ်
ဆားမပါတဲ့ ပေါ့ရွှတ်မှုကို အနိုင်ယူခဲ့တဲ့
အစပ်အရသာကို မျက်ရည်ကျရင်း ဇနီးဖြစ်သူက
ပဲကြာဇံကြော်ကို အားပါးတရ စားခဲ့တယ်
အစပ်ကို ကောင်းကောင်းမစားနိုင်တဲ့ ငါလည်း..
ဘယ်လိုပဲပြောပြာ ဇနီးဖြစ်သူက
အကြာကြီးနေမှ အရသာရှိရှိစားခဲ့တယ်
အဲ့ဒါဆိုရပြီလေ..
'Recipe For Farewell' 카테고리의 다른 글
6 - 띄엄띄엄 탕수육 (0) | 2022.12.06 |
---|---|
5 - 누구 나 달달한 위로 는 필요 해 (0) | 2022.12.06 |
4 - 그리운 설날 떡국 (0) | 2022.12.06 |
3 - 굴비하세요! (0) | 2022.12.06 |
2 - 공간 이동 의 기적 돔베국수 (0) | 2022.12.06 |