일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- WiseMountainvillageLife
- KimSeonHo
- MrSunshine
- ForecastingLoveandWeather
- TwentyFiveTwentyOne
- YumiCells2
- Taxidriver
- RacketBoys
- DrRomantic
- 18Again
- TheRedSleeve
- HighClass
- TheKingsAffection
- startup
- CrashLandingOnYou
- NowWeAreBreakingUp
- HometownChaChaCha
- HymnOfDeath
- YumiCells
- TheDevilJudge
- OurBlues
- WhyHer?
- ChicagoTypewriter
- DaliandCockyPrince
- LeeJeHoon
- LeeJunho
- YouthOfMay
- BeMelodramatic
- Remarriageanddesires
- OurBelovedSummer
- Today
- Total
드라마 다이얼로그
6 - 띄엄띄엄 탕수육 본문
စားလို့ရနိုင်တဲ့အရာတွေ တစ်ဖြည်းဖြည်း
နည်းလာပြီးတော့ ဇနီးက အစားအသောက်ကို
ပိုပြီး ရွေးလာခဲ့တယ်
စားသာစားနိုင်မယ်ဆိုရင် ဘာမဆို လုပ်ပေးနိုင်တယ် ဝက်ချိုချဉ်ကြော်ကို သေချာလေး ချက်နိုင်ဖို့အတွက် တရုတ်လက်ကိုင်ဒယ်အိုးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ် အင်တာနက်ကနေ မှာရင် လွယ်တဲ့အလုပ်ပေမယ့်လည်း ကိုယ်တိုင် လိုက်ရှာပြီး ဝယ်ချင်တယ်ဆိုတဲ့ အတွေးနဲ့ ဟွမ်းဟက်ဒုံဈေးကို ရောက်လာခဲ့တယ်
လက်ကိုင်နေရာက လွယ်လွယ်နဲ့ ပူလာတတ်လို့ အဝတ်စနဲ့ ကိုင်ရမှာဖြစ်လို့ သစ်သားလက်ကိုင်နဲ့ တစ်ခုကို ယူရမယ် မိသားစုအတွက် ဟင်းချက်ပေးမယ့်သူဆိုရင် အနည်းဆုံး ၃၀၀ မီလီမီတာ အချင်းလောက်ရှိနေမှ အဆင်ပြေလောက်မှာပဲ
လာမ၀ယ်ခင် သေချာ လေ့လာထားခဲ့ပေမယ့်လည်း တကယ့်လက်တွေ့မှာ လက်ထဲမှာ ကိုင်ထားတာက ဘယ်လောက်ကြီးလဲဆိုတာ အင်တာနက်ကနေ
သင်ယူလို့မရတဲ့ မျက်လုံးနဲ့ တိုင်းတာတဲ့
အရည်အချင်းပဲ
မကျွမ်းကျင်တဲ့ အလုပ်သမားက ကိရိယာတွေနဲ့ အဆင်မပြေတတ်ဘူးဆိုပေမယ့် ငါကတော့
မကျွမ်းကျင်တဲ့ အလုပ်သမားလည်း မဟုတ်ပဲ
ဟင်းချက်ဆိုးတဲ့ စာဖိုမှူးလည်း မဟုတ်တာကြောင့်
သုံးလို့ရလောက်မယ့် တရုတ်ဓားတစ်ချောင်းလောက်လည်း ဝယ်သွားဖို့ စဉ်းစားထားတယ်
띄엄띄엄 탕수육
ဝက်ချိုချဉ်ကြော်
အရင်ဆုံး ပြောင်းဖူးကော်မှုန့် အာလူးကော်မှုန့် ဆန်မှုန့်နဲ့ ဂျုံမှုန့်ကို 2:4:1:1 အချိုးနဲ့ ရောရမယ်
ပြီးတော့ ရေနွေးနဲ့ နယ်ပေးရပါတယ်
အရည် မပျစ်ခင်အထိ ကိုင်ကြည့်လိုက်တဲ့အခါ
ပြတ်မသွားဘဲ တရှူးရှူးဆင်းသွားရမှာပေါ့
ပြီးတော့ ဆီတစ်ဇွန်းစာထည့်ပြီး
ရောမွှေပေးလိုက်ပါ ဒါက အရေးအကြီးဆုံး အပိုင်းပါ
အကုန်လုံး နှယ်ပြီးရင် ၂၄ နာရီနဲ့အထက် နှပ်ထားပါ အဲ့တော့မှ ကြွပ်ရွပြီးတော့ ဝါးလို့ကောင်းတဲ့ ထန်းဆူယူ ရမှာပါ
ကောင်းကောင်းနပ်နေပြီ
ဂျုံနယ်ထားတာ ကောင်းကောင်း နပ်ရင် ကြော်တဲ့ အချိန်ကျ မကွာကျဘူးတဲ့
အကြော်အလှော်တွေက ကြော်ပြီးပြီးချင်း စားမှ အရသာ ရှိတာ
ဒယ်လီနဲ့ ပို့တဲ့ ဝက်ချိုချဉ်ကြော်တွေက
မပေးစွမ်းနိုင်တဲ့ လက်ဆတ်ကြွပ်ရွတဲ့ အရသာအတွက် မိန်းမ နှိုးပြီးမှ ကြော်ဖို့ လုပ်ထားတယ်
ဝက်ချိုချဉ် ဆော့စ်ကို အရင် လုပ်မယ်
ဗနီကာက ၅ ဇွန်း ပဲငံပြာရည်က ၁ ဇွန်း အိုလီဂိုအစား လိမ္မော်ရည်ကို ၄ ဇွန်း ထည့်တယ်
ဒီတစ်ခါအတွက်ပဲ အထူး ဆားလည်း နည်းနည်း
ပိုထည့်ပြီး သေချာ မွှေထားတယ်
မိန်းမက ခဏခဏ တောင်းဆိုထားတဲ့ နာနတ်သီးကိုလည်း စည်သွပ်ဘူးအစား အသီးတစ်လုံးလုံး ဝယ်လာတယ် နာနတ်သီးကို တစ်လုပ်စာလေးတွေ လှီးပြီး မုန်လာဥနီနဲ့ သခွားသီးကို ပုံလေးတွေ ဖော်ထားမယ်
သေချာ အရောင်တင်ထားတဲ့ အိုးမှာ ဆီကို လောင်းထည့်ပြီး ဆီထဲကို အနံ့မွှေးဖို့အတွက် ဂျင်းနဲ့ ကြက်သွန်ဖြူလေးတွေ လှီးထည့်လိုက်တယ်
လုံးဝ ပြင်းထန်တဲ့ ဆူနာမီလိုပဲ
နာကျင်မှုကြောင့် ငြီးတွားနေတဲ့ မိန်းမကို ဆေးရုံထိ ကားမောင်းမပို့နိုင်လို့ ထပ်ပြီး ၉၁၁ ကို ခေါ်ရပြန်တယ် တစ်သက်လုံးမပြီးဆုံးဘူးလို့ ထင်ရတဲ့ ဆူနာမီက ဂန်ဘုမ်ဆမ်ဆောင်းဆေးရုံရဲ့ အရေးပေါ်ခန်းထဲမှာ ငြိမ်သက်သွားတယ်
ဒါက ယမန်နေ့က ကိစ္စဖြစ်တယ်
၂ရက်လုံးလုံး အထူးကြပ်မတ်ဆောင်မှာ နေပြီးတော့ ပုံမှန်ဆေးအဆောင်ကို ပြောင်းနိုင်ခဲ့တယ်
သားရဲ့ စိတ်ခိုင်မာမှုကို မလွန်ဆန်နိုင်လို့
အိမ်ပြန်လာခဲ့တယ် မနက် ၅နာရီလောက်မှာ အိပ်ပျော်သွားခဲ့တယ်နဲ့ တူတယ်
အိပ်ရာနိုးလာတော့ ၈နာရီရှိနေပြီ
မျက်လုံးကိုက်ပြီး ခေါင်းက အလုပ်မလုပ်ဘူး
ခန္ဓာကိုယ်နဲ့ လုပ်နိုင်တဲ့ကိစ္စတွေကို စလုပ်ခဲ့တယ်
အဝတ်လှန်းထားတာ ရုတ်ပြီး
ဆေးရုံအကြာကြီးတက်တဲ့အခါ လိုအပ်မယ့်ပစ္စည်းတွေကို ထုပ်ပိုးခဲ့တယ် အိမ်ကနေ မထွက်ခင် အတတ်နိုင်ဆုံး အိမ်ကို ရှင်းလင်းခဲ့တယ်
အိမ်ပြန်လာတဲ့သားကို ရှုပ်ပွနေတဲ့အိမ်ကို မမြင်စေချင်ဘူး
ဆေးရုံမှာ စားစရာသိပ်မရှိလို့ သားအတွက်
ဝက်ချိုချဉ်ကြော်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်
ဂျုံအနှစ်နဲ့ ဆော့စ်ကို လုပ်ပြီးသားဟာ သုံးပြီး ကျန်တဲ့ပါဝင်ပစ္စည်းသာ ပြင်ဆင်ရင်ရပြီ ကြက်သွန်ကို
တစ်ဝက်ဝက်ပြီး နာနတ်သီးလှီးပြီး ငရုတ်သီးပွကိုလည်း အတော်အသင့်လှီးပြီး ပုံစံက ကိစ္စမရှိဘူး
ဒါပေမယ့် ကြော်ရတာ လုံးဝစိတ်မပါဘူးဖြစ်နေတယ် ဒီလိုဆို စားလို့ကောင်းတဲ့ဟင်း ရမှာမဟုတ်ဘူး
ရုတ်တရက်ကြီး ခေါင်းနည်းနည်းမူးလာတယ်
နာမကျန်းမဖြစ်တဲ့လူက နေမကောင်းဖြစ်သွားရင်
နာမကျန်းဖြစ်နေတဲ့သူအတွက် ပိုပြဿနာကြီးတယ် ပန်းကန်လုံးထဲက ဂျုံအနစ် အချဉ်ဖောက်သွားပြီး
သုံးမရတော့ဘူး
လောဘကို စွန့်လွှတ်ပြီး တစ်ရက်လောက်
စောစောလုပ်ခဲ့မယ်ဆိုရင် အဲ့လိုဆိုရင် ဝက်ချိုချဉ်ကြော်အရသာတော့ စားလို့ရသေးတယ်
၃ ၄ရက် ခွဲချက်နေတဲ့ ဝက်ချိုချဉ်ဟင်းက
ဒီမှာအဆုံးသတ်သွားပြီ
ဘယ်အချိန်ပြန်ချက်ဖြစ်မလဲဆိုတာ မသိဘူး
'Recipe For Farewell' 카테고리의 다른 글
8 - 무항생제 대패 삼겹살 의 기찬 효능 (0) | 2022.12.06 |
---|---|
7 - 어제 는 보지 못한 것 (0) | 2022.12.06 |
5 - 누구 나 달달한 위로 는 필요 해 (0) | 2022.12.06 |
4 - 그리운 설날 떡국 (0) | 2022.12.06 |
3 - 굴비하세요! (0) | 2022.12.06 |