드라마 다이얼로그

2 - 공간 이동 의 기적 돔베국수 본문

Recipe For Farewell

2 - 공간 이동 의 기적 돔베국수

드라마 Dialogue 2022. 12. 6. 01:09

ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်တဲ့ ကြက်ဉကြော်

ကြက်ဥကို ခွဲလိုက်ပြီးတော့ အကြော်အိုးထဲမှာ ပင်လယ်လိုမျိုး ဖြန့်ချလိုက်တယ်
ကြက်ဥ ၅ လုံးထည့်လိုက်ပြီးတော့
သဘာဝနွားနို့ကိုလည်း နည်းနည်း ထည့်လိုက်တယ်

ကြက်ဥလိပ်ကြော်အတွက် ပါဝင်ပစ္စည်းတွေကို
ကြိုပြီး ပြင်ဆင်ထားဖို့လိုတယ်
အာလူးနဲ့ မုန်လာဥနီတွေက မာတာဖြစ်လို့
သေးသေးလေးတွေ လှီးလိုက်ပြီးတော့
ကြက်သွန်မြိတ်ကလည်း စပ်တာဖြစ်လို့
သေးသေးလေးတွေလှီးလိုက်မယ်
ကြက်သွန်နီကလည်း နည်းနည်း ပိုပြီး ပျော့ပျောင်းတာကြောင့် နည်းနည်းပိုပြီး ကြီးကြီး လှီးရမယ်
မှိုကိုလည်း ကြက်သွန်နီအနေလောက်ပဲ လှီးပေးရမယ်
ခရမ်းချဉ်သီးကတော့ အရမ်း သေးသေးလေးတွေ
လှီးစရာမလိုပေမယ့်
တော်သင့်ရုံ အနေအထားလှီးပေးရမယ်

ဘာလို့ ဒီလောက်တောင် ပါဝင်ပစ္စည်းတွေ
အမျိုးစုံအောင် ပြင်ဆင်ထားရတာလဲလို့ မေးလာခဲ့ရင်
ဒီထဲက ပါဝင်ပစ္စည်းတွေအားလုံးက
လူနာရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်
ဘယ်တစ်ခုက ပိုပြီး ကောင်းလဲဆိုတာကတော့
သိဖို့ ခက်ခဲလွန်းတယ်

အခွင့်အရေးများတာက အကောင်းဆုံးပဲ
အဲ့လိုဆိုမှပဲ ဟင်းနုနွယ်လည်းနည်းနည်းထည့်လိုက်တာ ပိုကောင်းမယ်ထင်တယ်
ကြက်ဥလိပ်ကြော်မှာတော့ စားရတာမကြိုက်တဲ့
အရာတွေကိုလည်း စားနိုင်အောင် လုပ်ပေးနိုင်တယ်
မသိပဲ စားလိုက်ရင် ပြန်ဖယ်ထုတ်ပြီး မစားဖြစ်တော့ဘူး လူ့ခန္ဓာကိုယ်ရဲ့ ပိုင်ရှင်က စိတ်ပဲ..


공간 이동 의 기적 돔베국수
တယ်လီပို့နည်းဖြင့် သွားလာနိုင်ခြင်း ၏
အံ့ဩဖွယ်ရာ ဒုံဘယ်ခေါက်ဆွဲ

အိမ်အနီးအနားက ဂျယ်ဂျူကျွန်းက အစားအစာတွေကို ချက်ပြီး ရောင်းတဲ့ဆိုင်ကို အွန်လိုင်းပေါ်မှာလိုက်ရှာပြီး ရောက်လာခဲ့တယ်
မစားကြည့်ဖူးတဲ့အစားအစာကို ချက်ပြုတ်ဖို့ဆိုတာ ခက်ခဲတယ် အရသာကိုမသိရင် ဘာကိုလုပ်ရမလဲဆိုတာ သိဖို့မလွယ်ဘူး
အကြာကြီးပြုတ်ထားတဲ့ ဝက်ရိုးစွပ်ပြုတ်မှာ
ခေါက်ဆွဲကြီးတွေကို ထည့်ထားတယ်
အိမ်မှာ ဒီလိုစွပ်ပြုတ်မျိုးချက်ဖို့ဆိုတာ မလွယ်ဘူး
ပမာဏအများကြီးကို တစ်ခါတည်း ချက်ပြုတ်တဲ့အခါမှာ ရတဲ့အရသာပဲ
အခု အရသာကိုတော့ သိသွားပေမဲ့
ဒါကို အိမ်မှာ ဘယ်လိုချက်ရမလဲ

ဝက်သားက ဘယ်မှာဖြစ်ဖြစ် လွယ်လွယ် ရပေမယ့်
ဂျယ်ဂျူကျွန်းက အတတ်နိုင်ဆုံး အရသာနဲ့ တူအောင်လို့ ဂျီးများဖို့ ဆုံးဖြတ်လိုက်တယ်
ဂျယ်ဂျူကျွန်း နယ်စကားသံနဲ့ စဉ့်တီတုံးကို
“ဒုံဘယ်"လို့ခေါ်တယ်
စဉ့်တီတုံး ပေါ်တင်ထားလို့ ဒုံဘယ်အသား ပန်းကန်ပြားပေါ်တင်ထားရင် ဒီတိုင်း "ဆူယူ"

ဝက်သားကို ပြုတ်ပြီးရင်
ပဲပိစပ်အနှစ်ကို ထည့်ရတာ အဓိကအချက်ပဲ မီးဖိုချောင်ထဲမှာ ဟင်းချက်ကြည့်ရင် ပစ္စည်းတွေက ချက်ချင်းပျောက်သွားရာက ပြန်ပေါ်လာတတ်တဲ့ ဖြစ်ရပ်ဆန်းမျိုး ဖြစ်တတ်တယ်
ဒီနေ့ အတွက်ကတော့ လေးညှင်းရွက်တွေက ဖြစ်ရပ်ဆန်းပဲ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒါကို လက်လျှော့ရတော့မယ် ထင်တယ်

အများကြီးတော့ မကွာသွားလောက်ပါဘူး
မလိုအပ်တဲ့အခါ အံဩဖွယ်ရာလိုမျိုး ပြန်တွေ့မှာပဲ
ဝက်သားပဲ သေချာပြုတ်ပြီးရင် အကုန်အဆင်သင့်ပဲ အလျင်လိုစရာ မလိုပါဘူး
ဗိုက်ဆာနေလို့ စောင့်နေတဲ့သူ မရှိတော့..


ရိုးရာနည်းအတိုင်း ပြန်လည်ချက်ထားတဲ့
ဒုံဘယ်ခေါက်ဆွဲ

မိန်းမရဲ့မှတ်ဉာဏ်ထဲက ဒုံဘယ်ခေါက်ဆွဲက
ငါစားဖူးတာနဲ့မတူတဲ့အရသာပဲ
အဲ့လိုသာဆို
မသိတဲ့ စားစရာကို ချက်ကြည့်ရမယ်ဆိုတဲ့ သဘောပဲ

“ဂျယ်ဂျူကျွန်းထွက်လက်ရာ”
ဒုံဘယ်ခေါက်ဆွဲရဲ့ အစက ပွဲတော် ဟင်းလျာပဲ
ဂျယ်ဂျူကျွန်းမှာ ပွဲတော်နေ့ဆိုရင် ဝက်ကို ဖမ်းပြီး
ဝက်သား သုံးဖတ်နဲ့ တို့ဖူး ဆွန်းဒယ်နဲ့ နွယ်ဂီဘန်ရယ် တူတူ ဝက်သားပြုတ်ရည်နဲ့လုပ်ထားတဲ့
ရေညှိပါတဲ့ "မုံးဂု” ကို လုပ်ကြတယ်
ဒါပေမယ့် ဂျပန် လက်အောက်ခံအချိန်က
ပင်လယ်ထဲက အပင်တွေကို အကုန်တင်ပို့ရတော့
“မုံးဂု" မစားရတဲ့ ဂျယ်ဂျူကလူတွေက
အသားခေါက်ဆွဲတို့ ငါးခြောက်ခေါက်ဆွဲတို့ကို ပြောင်းလဲ လုပ်စားရာက ဝက်သားခေါက်ဆွဲကို
စားဖြစ်ကြတာက ဒုံဘယ်ခေါက်ဆွဲရဲ့အစပဲ

လွတ်လပ်ရေးရပြီးတော့ ပြည်မကြီးက
ပို့ကုန်တွေလည်း လျော့နည်းလာတော့ ဝက်သားလည်း ရှားလာတယ်
ဒုံဘယ်ခေါက်ဆွဲလည်း ခဏပျောက်သွားရာက ၁၉၉၀ ခုနှစ်တွေလောက်မှာ အမှတ်ရစေတဲ့ ဟင်းလျာအဖြစ် ပြန်ပေါ်လာပြီး အခုတော့ လာရောက်လည်ပတ်သူတွေ သဘောကျတဲ့ ဂျယ်ဂျူကျွန်းရဲ့ ဓလေ့စားစရာ ဖြစ်လာတယ်
အဆီအနှစ်ပြည့်ဝတဲ့ စွပ်ပြုတ်ရည်ရဖို့အတွက်
ဝက်ရိုးတွေကို သုံးကြတာလည်း အဲ့အချိန်ကစတယ်

ဝက်သားကို ပြုတ်တာကတော့ အရင်တိုင်းပဲ ပဲပိစပ်အနှစ်ကို ထည့်ပြီး ကြက်သွန်မြိတ် ကြက်သွန်ဖြူ ဂျင်း နဲ့ ငရုတ်ကောင်းဖြူ
“လေးညှင်းရွက်” အဲ့လိုမှန်း သိနေတယ်
လိုနေတုန်း ပေါ်လာပေးလို့ပဲ ကျေးဇူးပါလို့ ပြောရမလား

ကွာခြားချက်က ဒီမှာ စတာပဲ
ပဲပင်ပေါက် အချဉ်စိမ် ထည့်လိုက်မှ ဂျယ်ဂျူကျွန်းက ဓလေ့စားစရာ ဒုံဘယ်ခေါက်ဆွဲ ဖြစ်သွားတယ်
အရိုးပြုတ်ရည်အစား စွပ်ပြုတ်ရည်ထဲ အရသာထည့်ဖို့ ကြက်သွန်မြိတ် မုန်လာဥနီနဲ့ ကြက်သွန်လည်း လှီးထည့်လိုက်တယ်
ရှာလကာရည်နဲ့ ဆားထည့်ထားတဲ့ ရေအာက်မှာ ပြုတ်ထားတဲ့ ဝက်သားကို ခဏစိမ်ထားလိုက်ရင် အသားက ပဲ့ထွက်တာတို့ ကြေမွတာတို့ မဖြစ်တော့ဘူး

ဒုတိယကွာခြားချက်
ကြက်ဉ ဂျယ်ဂျူဒေသစကားအရ "ဒေါ့ဆယ်ဂီ"
ရိုးရာဒုံဘယ်ခေါက်ဆွဲထဲကို ဒေါ့ဆယ်ဂီကို
ကျိန်းသေပေါက်ခေါက်ပြီး ထည့်ရတယ်
ငယ်ငယ်တုန်းက ကြက်ဥက ဧည့်သည်အိမ်လာလည်ရင် မပါမဖြစ်တဲ့ အစားအစာဖြစ်တယ်
အသားနဲ့ပဲ ပြုတ်ထားတဲ့ ဟင်းရည်ဖြစ်လို့
ဝက်သားအနံ့ကို အပြည့်အဝရတယ်
မစားဖူးပေမယ့် ဂျယ်ဂျူကျွန်းမှာ
အဲ့လိုချက်တယ်ပြောလို့ ယုံကြည်ရုံပဲ ရှိတာပေါ့

ဂျုံရှားပါးတဲ့ ဂျယ်ဂျူကျွန်းမှာ ပန်းဂျုံကို ခေါက်ဆွဲအဖြစ်သုံးတာက သဘာဝကျတဲ့ ရွေးချယ်မှုဖြစ်တယ်
အရသာက အမှတ်တရတွေကို ပြန်စေခေါ်နိုင်တဲ့ အစွမ်းရှိတယ်

ဒုံဘယ်ခေါက်ဆွဲကိုစားရင်း ဂျယ်ဂျူကျွန်းရဲ့ ကမ်းစပ်က မျက်စိကျိန်းရတဲ့ နေ့လယ်ခင်းကို
စဉ်းစားမိရင် ကောင်းလိမ့်မယ်

ဂျယ်ဂျူ ရိုးရာဒုံဘယ်ခေါက်ဆွဲက ဟင်းရည်ကအစ ထူးခြားတယ် အရသာရှင်းပေမယ့် နက်နဲတယ်
ပဲပိစပ်နည်းနည်းထည့်ထားလို့ ချိုမြိန်တဲ့အရသာကို ခံစားရတယ်
အဲ့ထူးခြားတဲ့ အရသာက အမှတ်တရထဲက နေရာနဲ့ ပေါင်းသွားပြီး ကံကြမ္မာအပြောင်းအလဲဖြစ်စေတယ်


ဒီ ခြောက်ကပ်နေတဲ့ ပို့စ်ကို သဘောကျလို့ ဝမ်းသာမိပါတယ်
ဝမ်းနည်းမှုက အမြဲတမ်း အရိပ်လိုမျိုး ကျွန်တော်တို့နောက် လိုက်နေတယ်လေ
ဒါပေမဲ့ ကျွန်တော်က ဝမ်းနည်းမှုထက် ပျော်ရွှင်မှုကို ဝေမျှချင်လို့ စာရေးတာပါ
ကျွန်တော်ရေးတဲ့ ဟင်းလျာကြောင့် အတူတူပျော်ရွှင်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..

'Recipe For Farewell' 카테고리의 다른 글

6 - 띄엄띄엄 탕수육  (0) 2022.12.06
5 - 누구 나 달달한 위로 는 필요 해  (0) 2022.12.06
4 - 그리운 설날 떡국  (0) 2022.12.06
3 - 굴비하세요!  (0) 2022.12.06
1 - 무치는 마음을 닮는 나물  (0) 2022.12.03