일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- YouthOfMay
- MrSunshine
- LeeJeHoon
- KimSeonHo
- WhyHer?
- startup
- NowWeAreBreakingUp
- TheKingsAffection
- BeMelodramatic
- CrashLandingOnYou
- OurBelovedSummer
- YumiCells2
- TheDevilJudge
- Taxidriver
- HighClass
- OurBlues
- HymnOfDeath
- RacketBoys
- 18Again
- DrRomantic
- DaliandCockyPrince
- TwentyFiveTwentyOne
- YumiCells
- WiseMountainvillageLife
- ChicagoTypewriter
- HometownChaChaCha
- LeeJunho
- Remarriageanddesires
- TheRedSleeve
- ForecastingLoveandWeather
- Today
- Total
드라마 다이얼로그
11 - 당신 은 당신 이 만드는 주스 본문
당신 은 당신 이 만드는 주스
ရှင်က ရှင်ဖျော်လာတဲ့ ဖျော်ရည်ပဲ
ဘလူးဘယ်ရီပင်မှာ ရင့်မှည့်နေတဲ့ အသီးတွေ အပြည့်ဖြစ်နေပြီ အမြန် ခူးမှဖြစ်တော့မှာကို
နေ့တိုင်း လုပ်နေကြ ဟင်းချက်တာကို
လုပ်စရာမလိုတော့ဘူးဆိုတော့
အချိန်တွေ များလာပေမယ့်လည်း
အနားက ကိစ္စတွေကို ဂရုစိုက်ဖို့အတွက်တော့
ပိုပြီးတော့ နည်းသွားမိတယ်လို့ ခံစားရတယ်
စိတ်ထားနူးညံ့ပြီး အသေးစိတ်ဂရုစိုက်တတ်ပြီး
နွေးထွေးတတ်တဲ့သူဖြစ်ရုံပဲလို့ ထင်ခဲ့တာကို
ကွဲပြားမှုတွေလည်း ရှိပြီးတော့ ကြမ်းတမ်းတတ်တဲ့သူလည်း ဖြစ်နိုင်တာကို မသိခဲ့ဘူး
အဲ့လိုအချိန်မျိုးမှာ အလုပ်လုပ်ရင်တော့
အမြဲ အသေးစိတ် လုပ်တတ်တာကြောင့်ပဲ
ကျွန်မအသက်ရလာတာနဲ့ ပြောင်းလဲသွားသလိုပဲ ရှင့်မှာလည်း အဲ့လို ပုံစံမျိုး ရှိနေခဲ့မှာကို
ဒီအတောအတွင်း အဲ့ဒါကို မသိခဲ့ပုံပဲ
ဒါပေမယ့်လည်း ဒီလိုမျိုး ထပ်ပြီးတော့
အချင်းချင်း နားလည်ပေးနိုင်တဲ့ အချိန်မျိုး
ရလာနိုင်လို့ တကယ့်ကို တော်သေးတာပေါ့
အဲ့နေ့က ဆေးရုံကို အတူသွားမယ်လို့
မပြောခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်သွားမလဲ သိချင်တယ်
ဒီတိုင်း ကွာရှင်းလိုက်ပြီးတော့ နောက်မှ သိသွားခဲ့မယ်ဆိုရင် ကျွန်မကို စိတ်ဆိုးသွားလောက်လား
မဟုတ်ရင် ကျေးဇူးတင်နေလောက်မလား
ဒီရောဂါက တကယ့်ကို ပြိုကွဲတော့မယ့် ကျွန်မတို့ မိသားစုကို ပြန်လည်ပေါင်းစည်းပေးလိုက်သလိုပဲ တကယ့်ကို ကြံစည်ထားခဲ့သလိုမျိုးပဲ
ဒီမှာရှိနေရင် နာကျင်မှုကို တောင့်ခံနိုင်မယ့်
နည်းလမ်းကို သင်ယူလို့ရတယ်
ဖြေးဖြေးချင်း အသက်ရှုတာဖြစ်ဖြစ်
နာတဲ့နေရာကို နှိပ်နေတာဖြစ်ဖြစ်
ကျွန်မ အကြိုက်ဆုံး နည်းလမ်းကတော့
စိတ်ကူးယဉ်ကြည့်တဲ့ နည်းလမ်းပဲ
ကျွန်မကို ပျော်အောင်လုပ်ပေးခဲ့တဲ့
အချိန်နဲ့ နေရာကို ပြန်တွေးကြည့်တာ
တစ်ခြားသူတွေကို တောင်းဆိုတာမျိုး မလုပ်နိုင်တဲ့ ကျွန်မက ဘာလို့ ရှင့်ကို ဒီလိုမျိုး ခက်ခဲတဲ့ ကိစ္စကို တောင်းဆိုခဲ့တာဖြစ်မလဲ
ဒါပေမယ့် ဘယ်လိုပဲ အပြန်ပြန်အလှန်
တွေးကြည့်လိုက်လည်း ရှင်မဟုတ်ပဲ တစ်ခြားသူကို တွေးကြည့်လို့မရခဲ့ဘူး
“တကယ်လို့ ပြောင်းပြန်အခြေအနေဆိုရင်
တစ်ပုံစံတည်း လုပ်မိခဲ့မှာပဲ” ဆိုတဲ့စကား
ပြောပေးခဲ့လို့ ကျေးဇူးတင်ခဲ့မိတယ်
ဟုတ်တယ် ကျွန်မလည်း အဲ့လိုပဲနေမှာ
ကျွန်မတို့ သားလေးက ရှင်နဲ့ တူတယ်
ကျွန်မ ထွက်သွားခဲ့ပြီးရင်လည်း နှစ်ယောက်သား ဘယ်လိုပုံစံမျိုးနဲ့ နေသွားလောက်မလဲ
ဒီလိုမျိုး နေ့တိုင်းလမ်းခွဲတဲ့ လေ့ကျင့်မှုကိုလုပ်ပြီးတော့ နည်းနည်းချင်းစီ သန်မာလာတာကို ခံစားမိတယ်
အကယ်၍ ရှောင်လွဲလို့မရတဲ့ကိစ္စဆိုရင်
အဆင်သင့်ဖြစ်နေရင် ကောင်းတယ်မဟုတ်ဘူးလား
ရှင်ချက်ပေးတဲ့ ထမင်းကို ဒီလိုမျိုး
အကြာကြီးစားခွင့်ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး
စားလို့ရလောက်လိမ့်မယ်လို့ ပိုလို့တောင်မထင်ခဲ့ဘူး
ကျွန်မ မရှိတော့လည်း အစားကို သေချာဂရုစိုက်စားလိမ့်မယ်လို့ ထင်ရလို့ စိတ်အေးမိတယ်
အခုတစ်ကယ်ပဲ ဘယ်လောက်မှ မကျန်တော့ဘူး
ဒီလောက်အချိန်အကြာကြီး ရန်ဖြစ်ပြီး မုန်းတီးခဲ့ကြတာကို အခုကတော့ အခု ဒီတစ်မိနစ် တစ်စက္ကန့်လေးထက် တန်ဖိုးရှိတာဆိုလို့ မရှိတော့ဘူး
သဘောကျလို့ပဲ အတူတူနေကြဖို့လုပ်ပြီးမှ
ဘာလို့ တစ်သက်လုံး နာကျည်းနေခဲ့ကြတာပါလိမ့်
မိဘ နှစ်ယောက်လုံးက အလုပ်လုပ်နေတော့ မအားလို့ ညီမလေးကို ထမင်းကျွေးဖို့က အမြဲ ငါ့အလုပ်ဖြစ်ခဲ့တာ သားသမီးအကြီးဆုံးတွေမှာ ရှိရတဲ့ တာဝန်လိုမျိုး ရှိတယ်မလား
သူများ ပါးစပ်ထဲ ထမင်းဝင်သွားတာကို ကြည့်ရတာက မဆိုးတော့ မဆိုးဘူး ခဏခဏဆိုတော့ တာဝန်ယူရတာလည်း အကျင့်ဖြစ်နေပြီ
အကျင့်ကိုလည်း ပျော်လာတယ်
တူတူ ထမင်းစားရတာထက်ပိုပြီး
အရေးကြီးတဲ့ ကိစ္စ မရှိတော့ဘူး ထင်တယ်
အဲ့ဒါမှ မိသားစုလို့ ခေါ်နိုင်တာမို့
နောက်တစ်ခေါက်တွေ့ကြရအောင်...ဆိုတဲ့ စကားက အချိန်တွေကုန်လာတာနဲ့အမျှ ပေးရခက်တဲ့ကတိလို ခံစားလာရတယ် အဲဒါကြောင့် တမင်တကာ ပေါ့ပေါ့ပါးပါးပဲ လမ်းခွဲဖြစ်ခဲ့တယ်
လောကကြီးမှာ လမ်းခွဲရတဲ့ အကြောင်းရင်းက ရေတွက်လို့ မရအောင် များပြားပေမဲ့ သတ္တိမရှိလို့ လမ်းခွဲတာဆိုရင် အများကြီး နောင်တရလိမ့်မယ်
နောင်တမရချင်ဘူးဆိုရင် လိုအပ်တာက တစ်ခါလောက်ပဲ သတ္တိမွေးဖို့လို့ ထင်တယ်
အချစ်ရဲ့ ဘလော့တွေလည်း တွေ့တယ်
အဲ့ဒါက ဘာမို့လို့လဲ
ဒီတိုင်း မင်းကို ချက်ကျွေးတဲ့ဟင်းတွေရဲ့ ချက်နည်း မေ့သွားမှာစိုးလို့ အဲ့လောက်ပဲကို
ကောင်းတဲ့ စာတွေပဲ အယ်ဒီတာ အမြင်နဲ့ ကြည့်တာ
ကိုယ့်စာတွေကို ချီးကျူးတာ ပထမဆုံးပါလား ဝမ်းနည်းစရာ အကြောင်းအရာပေမယ့်
လူတွေ ဖတ်ရင် ပျော်ရွှင်နိုင်လောက်မှာ..
အဲ့အခိုက်အတန့်တွေကို ချန်ထားခဲ့နိုင်လို့
တကယ် တော်သေးတယ်
ဒီအခိုက်အတန့်က မှတ်ဉာဏ်ကလည်း
အချိန်နဲ့အမျှ မှေးမှိန်သွားမှာပေါ့နော်
ဝမ်းနည်းစရာ မှတ်ဉာဏ်တွေကို အကုန်ဖယ်ပြီး ပြုံးရယ်စရာတွေပဲ မှတ်မိပေးပါ
ရှင်က ရှင် လုပ်ထားတဲ့ အချိုရည်အတိုင်းပဲ
“ရှင်နဲ့တူတဲ့ အရသာ
ပေါ့ပေါ့ကြီးဖြစ်နေပေမဲ့လည်း
ရှိသင့်တာ အကုန်ရှိတဲ့အရသာ..”
'Recipe For Farewell' 카테고리의 다른 글
It May Be A Little Spicy Today (0) | 2023.01.19 |
---|---|
12 - 이러라 고 그런 거 야? (0) | 2022.12.06 |
10 - 카르페디 엠 해삼탕 (0) | 2022.12.06 |
9 - 즐거움 은 운행 되는 것 (0) | 2022.12.06 |
8 - 무항생제 대패 삼겹살 의 기찬 효능 (0) | 2022.12.06 |