드라마 다이얼로그

12 - 이러라 고 그런 거 야? 본문

Recipe For Farewell

12 - 이러라 고 그런 거 야?

드라마 Dialogue 2022. 12. 6. 01:13

이러라 고 그런 거 야?
ဒီလိုဖြစ်ဖို့အတွက် အဲလိုလုပ်ခဲ့တာလား

ဇနီးသည်ထွက်သွားတဲ့နေ့မှာ စိတ်ပူရတာက
အရသာမရှိတဲ့ အမဲရိုး စွပ်ပြုတ်တဲ့လား
စိတ်တွေ ရှုပ်ထွေးသွားရတယ်
ဒီနေ့လို ဝမ်းနည်းဖို့ကောင်းတဲ့နေ့မှာလည်း
ထမင်းကို ဂရုတစိုက်စားနေမိတဲ့ ငါ့ပုံစံက
ဘာလို့မှန်းမသိ ရှက်စရာကောင်းနေခဲ့တယ်

ဇနီးဖြစ်သူက အဆုံးထိ စာအုပ်ထုတ်တဲ့သူအဖြစ်ကို လက်မလွှတ်ခဲ့ဘူး နောက်ဆုံးအနေနဲ့ ထုတ်ဖို့
စဉ်းစားခဲ့တဲ့ စာအုပ်က သူ့အတွက် ဟင်းချက်နည်းဖြစ်နေခဲ့တယ်

ပြန်တွေးကြည့်တော့ ငါ့ရဲ့ ဘလော့မှာ တင်ထားခဲ့တဲ့ ဟင်းချက်နည်းတွေက နာကျင်ခံစားခဲ့ရတဲ့ ဇနီးဖြစ်သူရဲ့ ရောဂါဖြစ်နေတဲ့ ကာလမှာ ပျော်ရွှင်ခဲ့ရတဲ့
ရက်တွေကိုပဲ စုထားခဲ့တဲ့ ဒိုင်ယာရီနဲ့တူနေခဲ့တယ်

တစ်ခုခုကို စားလို့ရတဲ့နေ့ဆိုရင်
နေ့ရက်ကောင်းတစ်ခုဖြစ်ခဲ့တယ်
နာကျင်ရတဲ့ မှတ်ဉာဏ်တွေထဲကနေ စစ်ထုတ်ပြီးတော့ ကောင်းတဲ့နေ့ရက်တွေကိုပဲ ချန်ထားခဲ့တယ်လို့
ပြောပေမယ့်လည်း အဲ့ဒါက မှတ်ဉာဏ်အကုန်လုံးပဲ ဖြစ်ခဲ့တယ်လို့ ထင်ရတယ်

တစ်သက်လုံး စာပဲရေးလာခဲ့ပေမယ့် ငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို ဒီလိုမျိုး တစ်သက်လုံး အသက်ဝင်နေစေခဲ့ချင်မိတယ်
ကင်ဆာဆိုတဲ့ ရောဂါကို တိုက်ခိုက်နေခဲ့စဉ်မှာလည်း ဖြစ်ပေါ်လာခဲ့ရတဲ့ တိုတောင်းတဲ့ ပျော်ရွှင်မှုကို
အကြာကြီး စွဲထင်ကျန်နေခဲ့စေချင်မိတယ်

ဇနီးဖြစ်သူရဲ့ ဆန္ဒကို လျစ်လျူရှုလိုက်တာမျိုး မဟုတ်ပေမယ့် အချိန်ခဏလောက်တော့ ခေါင်းကို အလွတ်ထားပြီး ဘာဆိုဘာမှ မတွေးပဲ နေချင်မိတယ်

ဂျယ်ဂျူးကျွန်းကို သွားတဲ့ လေယာဉ်ပေါ်မှာ အကြောင်းရင်းကို မသိဘဲ မျက်ရည်တွေ ကျခဲ့တယ်
ဘေးနှစ်ဘက်မှာ မသိတဲ့ လူတွေကြားမှာ ထိုင်ရင်း ကျွန်းကို သွားနေတယ်ဆိုတဲ့ အတွေးထဲ ရုတ်တရက်ကြီး အရမ်း အထီးကျန်မိလာတယ် ထင်တယ်
အခုထိ ခံစားချက်ကို ထိန်းချုပ်တဲ့ လေ့ကျင့်ရေးက ထပ်ပြီး လိုအပ်နေသေးတယ်

မနက် ၇နာရီလောက် အိပ်ယာနိုးတယ်
ညဘက် ဇီးကွက်လိုမျိုး နေခဲ့ဖူးတဲ့ မှတ်ဉာဏ်တွေက တကယ်ပဲ ဘယ်ကိုပျောက်သွားပါလိမ့်
နောက်ကျမှ အိပ်ပေမဲ့လည်း မနက်ကျ စောစောစီးစီး နိုးနေတာထက်ပိုပြီး ရယ်ရတာ မရှိတော့ဘူး

ဇနီးက လမ်းလျှောက်ရတာ သဘောကျတဲ့သူပဲ
ကုမ္ပဏီတစ်ခုကို တာဝန်ယူထားပြီး အလုပ်ကို
ဦးစားပေးတတ်ပြီး အချိန်မရှိတဲ့သူပေမဲ့
ကင်ဆာ ရောဂါဖြစ်ပြီးတော့ လမ်းပြန်လျှောက်ခဲ့တယ် ငါကတော့ ဇနီးနဲ့ လမ်းလျှောက်တိုင်း လမ်းဘေးမှာ တူတူ လိုက်လျှောက်ပြီး ဒီတိုင်း တူတူလျှောက်ခဲ့တဲ့ တစ်နှစ်က အပျော်ဆုံးအချိန်ဖြစ်ခဲ့တယ်

ပြီးခဲ့တဲ့ အချိန်တွေကို တွေးရင်း လမ်းလျှောက်ခဲ့တယ် ငါတို့က တောင်တက်ရင် “ဒီနေ့ တောင်တက်တာကြောင့် အသက်တစ်ရက်ပိုရှည်မှာ”
အဲ့လိုစိတ်နဲ့ နောက်ပြောင်းရင်း တက်ခဲ့ကြတယ်

အဲ့လိုနဲ့ နွေဦးရာသီ
ပြင်းထန်တဲ့ ကင်ဆာလက္ခဏာတွေပြပြီး
တစ်နှစ်အတွင်းမှာ လောကကြီးကနေ ထွက်သွားတယ်
ဟော့စ်ပစ်က ကုတင်ပေါ်မှာ ပြင်းထန်တဲ့ အကြည့်နဲ့
ဒီစကားပြောခဲ့တဲ့ ဇနီးရဲ့ ပုံစံကို ပြန်သတိရလာတယ်
“ထပ်ပြီး တစ်ခါလောက်ပဲ နွေးထွေးတဲ့ ကမ်းခြေမှာ လမ်းလျှောက်ချင်တယ်”
ငါကတော့ အဲ့မှတ်ဉာဏ်တွေနဲ့တူတူ
မရင်းနှီးတဲ့ ကမ်းခြေမှာလျှောက်ရင်း နှစ်ထောင်ချီတဲ့ အမှတ်တရတွေက တောင်ထိပ်ထိတောင် ရှိနေသလိုပဲ

လမ်းအဆုံးမှာတော့ ဒေါသထွက်နေတဲ့ ရေလှိုင်းတွေနဲ့ တွေ့ခဲ့တယ် ဇနီး ထွက်မသွားခင် ရှိနေခဲ့တဲ့ အထင်လွဲမှုတွေ အကုန် ပြေပျောက်သွားရဲ့လား
အားနာတဲ့ စိတ်နဲ့ ရေလှိုင်းတွေ ငြိမ်သွားတဲ့အထိ
ငြိမ်ငြိမ်လေးရပ်ပြီး ကြည့်နေမိတယ်

ကိစ္စအများကြီးကို အတူတူဖြတ်ကျော်လာခဲ့တယ် အသက်ကြီးလာပြီးတော့ ၂၅နှစ်ကုန်ဆုံးသွားတော့မှ အခုစကားပြောရ အဆင်ပြေလာတယ်ဆိုတော့မှ တစ်ယောက်က အရင်သွားလိုက်ရပြီ

တွေ့ဆုံတာနဲ့ အဆုံးသတ်တာက ဒီလိုမျိုးပဲ
အချင်းချင်း ချစ်ခဲ့ကြပေမယ့် ခက်ခဲနေခဲ့တယ် ဒါပေမဲ့လည်း နောက်ဆုံးနှုတ်ဆက်မှုကို
သေချာလုပ်နိုင်ခဲ့တယ်

အခုနေတော့ နေသားမကျသေးတဲ့ ကိစ္စတွေကို
နေသားကျအောင် လုပ်ရမှာပေမယ့်
အဲ့ဒါကို မကြောက်ရွံ့နေဘူး

နေ့စဉ်ဘဝက အလုပ်များလာရင်
အမှတ်တရတွေ နောက်ရောက်သွားတယ်
အဲ့တော့ မိန်းမရဲ့ နောက်ဆုံးပေးခဲ့တဲ့ အိမ်စာက
ငါ့အတွက် တောင့်တလိုလားတဲ့
ဆန္ဒတစ်ခုဖြစ်လာခဲ့တယ်

တစ်နေ့တစ်နေ့ ဖြတ်သန်းရှင်သန်ရင်း
အတိတ်နေ့ရက်တွေကို အမှတ်ရရင်း ကျန်ရစ်သူနဲ့ သွားနှင့်ပြီဖြစ်တဲ့သူကို တစ်နေရာတည်း စုစည်းနေတာက အဲ့ဒါက ငါ့အတွက် ချန်ခဲ့တဲ့အိမ်စာပဲ

အချိန်အကြာကြီးမဟုတ်ခဲ့ပေမယ့်
မီးဖိုချောင်ထဲမှာ ခုလိုချက်စားရတာကို
ကြိုက်လာတယ်
ဒီလိုမျိုးဖြစ်အောင်လို့ မိန်းမက
ဂျီးများခဲ့တာများလား…