본문 바로가기
It's Okay to not be Okay

The Cheerful Dog

by 드라마 Dialogue 2022. 7. 14.

The Cheerful dog

နွေဦးခွေးလေး

ဟိုးရှေးရှေးတုန်းက ကိုယ့်ခံစားချက်တွေကို သေချာ ဖုံးကွယ်ထားတတ်တဲ့ ခွေးလေးတစ်ကောင် ရှိခဲ့ပါတယ်

သစ်ပင်လေးမှာ ကြိုးနဲ့ ချည်ထားခံရတဲ့ ခွေးလေးဟာ အမြှီးကို အမြဲယမ်းပြပြီးတော့ ချစ်စရာကောင်းအောင်လုပ်တတ်တာမို့ ရွာက သူတွေက နွေဦးခွေးလေးလို့ ခေါ်ကြတာပေါ့

ဒါပေမဲ့ နေ့ဘက်မှာ ကလေးတွေနဲ့ ကောင်းကောင်းဆော့တဲ့ ခွေးလေးက ညဘက်ရောက်ပြီဆိုတာနဲ့ ကိန်.. ကိန်.. ဆိုပြီးတော့ လူမသိအောင် ခိုးငိုတတ်ပါတယ်

တကယ်တော့… ခွေးလေးဟာ လည်ပတ်ကြိုးကို ဖြေပြီးတော့ နွေဦးလယ်ကွင်းတွေကြားမှာ စိတ်ကြိုက် ပြေးကစားချင်တာပါတဲ့ ဒါပေမဲ့ အဲ့လို မလုပ်နိုင်လို့ ညတိုင်း ဝမ်းနည်းစွာနဲ့ အော်ငိုခဲ့တာပေါ့လေ ညတိုင်းကို ကိန်..ကိန်.. ဆိုပြီးတော့ပေါ့

နွေဦးခွေးလေးကို အသံတစ်သံက မေးခဲ့ပါတယ်

“ဟဲ့ နင် ဘာလို့ လည်ပတ်ကြိုးကို ကိုက်ဖြတ်ပြီးတော့ ထွက်မပြေးတာလဲ?“

အဲဒါနဲ့ပဲ နွေဦးခွေးလေးက ပြန်ပြောလိုက်ပါတယ် “ကျွန်တော်ဟာ အရမ်းကို အကြာကြီး အချည်ခံထားရလို့ လည်ပတ်ကြိုးကို ဖြေရတဲ့နည်းကို မေ့သွားပါပြီ”…

'It's Okay to not be Okay' 카테고리의 다른 글

It’s okay to not be okay  (0) 2022.07.16
Finding the real face  (0) 2022.07.16
The Hand, The Monkfish  (0) 2022.07.15
Zombie Kid  (0) 2022.07.14
The boy who fed on nightmares  (0) 2022.07.14