본문 바로가기
It's Okay to not be Okay

Zombie Kid

by 드라마 Dialogue 2022. 7. 14.

Zombie kid ဇွန်ဘီ ကလေး

 

ကောင်လေးတစ်ယောက်က ရွာထဲမှာ မွေးလာတယ် အသားအရေက ဖြူဖျော့ပြီး မျက်လုံးတွေက အကြီးကြီးပဲ ကလေးလေးကို စောင့်ရှောက်ရင်း သူ့အမေသိလာတာကတော့ သူ့မှာ ဘာခံစားချက်မှ မရှိဘူးဆိုတာပဲ

သူက ဖုတ်ကောင်လိုပဲ စားဖို့ပဲ သိတယ် ဒီတော့ သူ့ အမေက သူ့ကို မြေအောက်ခန်းထဲမှာ ပိတ်ထားပြီး ရွာသားတွေမမြင်အောင် ဖွက်ထားလိုက်တော့တယ် ညတိုင်းပဲ အိမ်နီးချင်းတွေဆီက တိရစ္ဆာန်တွေကိုခိုးပြီး သူ့ကိုအစာကျွေးတယ် သူ့ကိုဒီလိုပဲ လျှို့ဝှက်ပြီးမွေးထားခဲ့တယ်

တစ်ညမှာတော့ သူ ကြက်တစ်ကောင် ခိုးလာခဲ့တယ် နောက်ရက်မှာ ဝက်တစ်ကောင် ဒီလိုနဲ့နှစ်တွေကြာလာတော့…တစ်နေ့မှာ ရောဂါကြီးဖြစ်လာပြီး ကျန်တဲ့တိရစ္ဆာန်တွေ အကုန်သေသွားတယ် လူတွေလည်း အများကြီးသေသွားတယ်..

ရောဂါကပ်ဘေးကလွတ်တဲ့လူတွေဟာ ရွာကနေ ထွက်သွားကြတော့တယ် ဒါပေမယ့် အမေက သူ့သားကို တစ်ယောက်ထဲ မထားခဲ့နိုင်ဘူး ဒါကြောင့် သူ့ သား ဗိုက်ဆာပြီး ငိုနေတာကို တိတ်အောင် သူ ခြေထောက်တစ်ဖက်ကို ဖြတ်ပြီး ပေးလိုက်တယ်

ပြီးတော့ နောက်ထပ်လက်တစ်ဖက် ဒီလိုနဲ့ လေးဖက်စလုံးကို ပေးလိုက်တယ် သူ့မှာ ကိုယ်လုံးပဲ ကျန်တော့တဲ့အချိန်မှာ သူ သားကို နောက်ဆုံးအနေနဲ့ ဖက်ပြီး ကျန်တဲ့ကိုယ်လုံးကို စားခွင့်ပြုလိုက်တော့တယ်

ကောင်လေးက သူ့ရဲ့ လက်နှစ်ဖက်နဲ့ သူ့အမေရဲ့ ကိုယ်လုံးကို ဖက်ပြီး ပထမဆုံးအကြိမ် စကားပြောလိုက်တယ် “အမေက အရမ်းနွေးတာပဲ”

ကောင်လေး တစ်ကယ်လိုချင်ခဲ့တာကဘာလဲ ဆာလောင်မှုကို ကျေနပ်ချင်တာလား ဒါမှမဟုတ် သူ့အမေရဲ့ နွေးထွေးမှုကို လိုချင်ခဲ့တာလား?

'It's Okay to not be Okay' 카테고리의 다른 글

It’s okay to not be okay  (0) 2022.07.16
Finding the real face  (0) 2022.07.16
The Hand, The Monkfish  (0) 2022.07.15
The Cheerful Dog  (0) 2022.07.14
The boy who fed on nightmares  (0) 2022.07.14