드라마 다이얼로그

Finding the real face 본문

It's Okay to not be Okay

Finding the real face

드라마 Dialogue 2022. 7. 16. 00:21

Finding The real face

စစ်မှန်သော မျက်နှာကို ရှာဖွေခြင်း

ဟိုးရှေးရှေးက နက်ရှိုင်းတဲ့တောအုပ်ထဲက ရဲတိုက်ထဲမှာ ကိုယ့်ရဲ့ မျက်နှာအစစ်တွေကို အရိပ်စုန်းမကြီးက ခိုးယူသွားတာခံရတဲ့ လူသုံးယောက်နေထိုင်တယ် ထူးဆန်းတဲ့အပြုံးကို မျက်နှာဖုံးစွပ်ထားတဲ့ ကောင်လေးနဲ့ အထဲမှာဘာမှမရှိဘဲ အသံပဲကျယ်တဲ့ သံဘူးခွံမင်းသမီးလေး နောက်ပြီး မွန်းကျပ်တဲ့ ပုံးထဲမှာဝင်နေတတ်တဲ့ ဦးလေးကြီးတစ်ယောက်လည်းရှိတယ်

မျက်နှာတွေ ခိုးယူခံထားရလို့ မျက်နှာအမူအယာမရှိနိုင်တဲ့ သူတို့က တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားမလည်နိုင်လို့ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲပြီး အမြဲရန်ဖြစ်ခဲ့ကြတယ် ပုံးခွံနဲ့ဦးလေးကြီးကပြောတယ် “ငါတို့ရန်မဖြစ်ဘဲ ပျော်ရွှင်ကြဖို့ဆိုရင် လုယူခံလိုက်ရတဲ့မျက်နှာကို ပြန်ရှာကြရမယ်"

မျက်နှာကို ရှာဖွေဖို့အတွက် ခရီးသွားကားကိုစီးပြီး ခရီးထွက်လာကြတဲ့ သူတို့တွေဟာ နှင်းတောထဲမှာထိုင်ရင်း တရွတ်ရွတ်ငိုနေရှာတဲ့ မြေခွေးအမေကို တွေ့သွားကြတယ် မျက်နှာဖုံးကောင်လေးက မြေခွေးအမေကိုမေးတယ် “အဒေါ်ကြီးက ဘာလို့ ငိုပဲငိုနေတာလဲ”

“အစာရှာဖို့ထွက်လာရင်းနဲ့ ကျောမှာသယ်ထားတဲ့ ကလေးလေး ဒီနှင်းတောထဲမှာ ကျပျောက်သွားတယ်” ငိုရလွန်းလို့ မျက်ရည်တွေခမ်းနေတဲ့ မြေခွေးအမေက ရင်ဘတ်ကိုထုပြီး ညည်းနေတာကို မျက်နှာဖုံးကောင်လေးမြင်လိုက်ရတော့ နွေးထွေးတဲ့မျက်ရည်တွေ ကျဆင်းလာတယ်

နောက်တော့ အလျင်အမြန်အရည်ပျော်နေတဲ့ နှင်းတွေကြားထဲမှာ အေးခဲနေခဲ့တဲ့ မြေခွေးကလေးလေး တဖြည်းဖြည်းပေါ်လာခဲ့ပါတော့တယ်

နောက်ထပ်ခရီးဆက်ထွက်ခဲ့ကြတဲ့ လူ၃ယောက်က ဆူးပန်းခင်းထဲမှာ အဝတ်တွေချွတ်ပြီး က နေတဲ့လူရွှင်တော်တစ်ယောက်ကို မြင်ခဲ့ရတယ် သံဘူးခွံမင်းသမီးလေးက မေးတယ် “နင် ဘာလို့ ဆူးအစူးခံပြီး ကြိုးကြိုးစားစား က နေရတာလဲ”

“'ဒီလိုလုပ်မှ လူတွေက ငါ့ကို ကြည့်ပေးကြမယ်ထင်လို့ ဒါပေမဲ့ နာကျင်တာပဲရှိပြီး ဘယ်သူမှ ငါ့ကိုကြည့်မပေးကြဘူး” တဲ့ ဒီတော့ သံဘူးခွံမင်းသမီးလေးက ဆူးပန်းခင်းထဲဝင်သွားပြီး လူရွှင်တော်နဲ့အတူတူ က ပေးပါတော့တယ်

ငါက သံဘူးခွံလေးမလို့ ဆူးစူးရင်တောင် နာကျင်မှာမဟုတ်ဘူး သံဘူးခွံမင်းသမီးလေးက မြောက်ကြွမြောက်ကြွနဲ့ ပြေးလွှားနေရင်း က နေတော့ လွတ်နေတဲ့ ဘူးခွံထဲကနေ တစ်တောက်တောက်နဲ့ အသံကျယ်ကျယ်ထွက်လာခဲ့တယ် အဲဒီအသံကြောင့် လူတွေစုရုံးရောက်လာပြီး သူတို့ရဲ့အကကို ချီးကျူးလို့ လက်ခုပ်တီးပေးကြပါတယ်

လုယူခံလိုက်ရတဲ့မျက်နှာတွေကို ရှာဖွေဖို့အတွက် တခြားလမ်းတစ်ခုကိုထွက်ခွာသွားတဲ့ သူတို့ရှေ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်စုန်းမကြီးက ပြန်ပေါ်လာခဲ့ပါတယ် သူမဟာ အမေမြေခွေးမကြီးအစား မျက်ရည်တွေကျဆင်းနေတဲ့ မျက်နှာဖုံးတပ်ထားတဲ့ကောင်လေးနဲ့ သရဖူလေးနဲ့အတူ အကကနေတဲ့ ဗလာမင်းသမီးတို့ကို ဖမ်းသွားခဲ့တာပေါ့

“အခုမင်းတို့နှစ်ယောက် လုံးဝပျော်ရွှင်တဲ့မျက်နှာတွေကို ရှာတွေ့ ရတော့မှာမဟုတ်ဘူး“ ကျိန်စာတိုက်ထားတဲ့ နက်နဲမှောင်မိုက်တဲ့ အပေါက်ကြီးထဲမှာ ထားပစ်ခဲ့လိုက်ပါတော့တယ် ရက်အတော်ကြာအောင် ပုံးခွံနဲ့ဦးလေးကြီးက အဲ့အပေါက်ကိုတူးခဲ့ပေမယ့် အပေါက်ဝင်ပေါက်ကအရမ်းကိုသေးလို့ လုံးဝအထဲကို ဝင်သွားလို့မရခဲ့ပါဘူး

“ဘယ်လိုလုပ်ရပါ့မလဲ ဒီအပေါက်ထဲကိုဝင်သွားဖို့ဆိုရင် ဒီပုံးကြီးကိုချွတ်ပစ်ရမယ်ထင်တယ်” အဲ့အချိန်မှာ အပေါက်ထဲက မျက်နှာဖုံးကောင်လေးရဲ့အသံကိုကြားခဲ့ရပါတော့တယ် “ဦးလေးကြီး ကျွန်တော်တို့ကိုစိတ်မပူဘဲနဲ့ အဝေးကြီးကိုထွက်ပြေးပါ မကြာခင်အရိပ်စုန်းမကြီးရောက်လာတော့မှာ..”

ဒါပေမယ့် ပုံးခွံနဲ့ဦးလေးကြီးက သတ္တိမွေးပြီးတော့ သူ့ခေါင်းမှာစွပ်နေတဲ့ ပုံးခွံကြီးကိုချွတ်ပြီး အပေါက်ထဲကိုဝင်သွားကာ မျက်နှာဖုံးကောင်လေးနဲ့ သံဘူးခွံမင်းသမီးတို့ကို ကယ်ခဲ့ပါတော့တယ်

ဗိုက်ကိုဖိပြီး အရူးတစ်ပိုင်းလိုရယ်နေတဲ့ မျက်နှာဖုံးကောင်လေးရဲ့ မျက်နှာဖုံးက ရုတ်တရက်ဆိုသလို ပြုတ်ကျသွားပါတော့တယ် သံဘူးခွံမင်းသမီးလေးရဲ့ ဗလာရုပ်ကြီးကလည်း ဂွပ်ခနဲဆိုပြီးပြုတ်ကျသွားတာပေါ့

ရယ်ရင်းကနေ တကယ့်မျက်နှာအမှန်တွေပေါ်လာတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ ပုံးခွံကိုချွတ်လိုက်တဲ့ဦးလေးကြီးက ပြောပါတယ် “အာ ပျော်လိုက်တာ”

နောက်ဆုံးတော့ အရိပ်စုန်းမကြီးခိုးသွားတာက သူတို့သုံးယောက်ရဲ့ တစ်ကယ့်တစ်ကယ့်မျက်နှာတွေမဟုတ်ဘဲနဲ့ အဲ့ဒါကတော့ ပျော်ရွှင်မှုကိုရှာဖွေနေတဲ့ သတ္တိတွေပဲဖြစ်ပါတယ်

'It's Okay to not be Okay' 카테고리의 다른 글

It's Okay to Not Be Okay: 사이코지만 괜찮아  (0) 2022.08.04
It’s okay to not be okay  (0) 2022.07.16
The Hand, The Monkfish  (0) 2022.07.15
The Cheerful Dog  (0) 2022.07.14
Zombie Kid  (0) 2022.07.14