The Hand, The Monkfish
လက်, မကောင်းဆိုးဝါး
ဟိုးအရင်တုန်းက သူဌေးအိမ်တစ်အိမ်မှာ လှပတဲ့ကလေးမလေးမွေးဖွားလာခဲ့ပါတယ် တံတိုင်းမွှေးပန်းလေးလို လှပပြီးချောမွေ့တဲ့ သမီးလေးကိုအရမ်းချစ်တဲ့အမေဖြစ်သူက ကလေးအတွက်ဆိုရင် လနဲ့နေကိုပါ ယူပေးမယ်ဆိုပြီး ကျိန်ဆိုခဲ့တာပေါ့
ကလေးက ထမင်းစစစားချင်း အမေက တစ်ဖြည်းဖြည်းရင်ဖိုလာပါတယ် “ကလေးရေ အခုအမေက အကုန်စားပေးမယ် ပါးစပ်အကြီးကြီးဟပါဦး အာ...လို့ဟလိုက်”
ကလေးက လမ်းစလျှောက်တတ်တတ်ချင်း အမေကအမောတကောလေးပြေးလာတာပေါ့ “ကလေးရေ အမေ ကုန်းပိုးပေးမယ် အမြန်ကျောပေါ်တက်လိုက်”
လိုအပ်တာတွေအကုန်လုပ်ပေးရင်းနဲ့ ပြီးပြည့်စုံတဲ့ကလေးကို ပျိုးထောင်ခဲ့တဲ့ အမေကပြောပါတယ် “ချစ်ရတဲ့ငါ့ကလေးလေးရေ အမေတော့ အခုနားရတော့မယ် အခု သမီးကအမေ့ကိုအစာလေးကျွေးပေးပါဦး”
အဲ့လိုနဲ့ ကလေးကပြောပါတယ် “အမေ သမီးမှာလက်မရှိဘူး တစ်ခါမှမသုံးခဲ့ဘူးလို့ မရှိတော့ဘူးပဲ” “အဲ့လိုဆိုရင် ငါ့ရဲ့ ကလေးလေးရေ အမေ့ကိုကျောပေါ်မှာချီပိုးပေးပါဦး ခြေထောက်တွေကနာနေတယ်”
အဲ့မှာကလေးကပြောတယ် “အမေ သမီးမှာခြေထောက်လည်းမရှိဘူး အမေကအမြဲကုန်းပိုးပေးနေခဲ့တော့ မြေကိုခြေနဲ့ထိဖူးခြင်းမရှိဘူးလေ အဲ့အစား သမီးပါးစပ်ကတော့အရမ်းအရမ်းကိုကြီးပါတယ်” ဆိုပြီး ကြီးမားတဲ့ပါးစပ်ကြီးကိုဖွင့်လိုက်တာပေါ့
အဲ့လိုနဲ့ဒေါသထွက်လာတဲ့အမေက အော်ဟစ်ခဲ့ပါတယ် “အခုမှကြည့်လိုက်တော့ နင်ကငါ့ရဲ့ ပြီးပြည့်စုံတဲ့သမီးမဟုတ်ဘဲ သုံးစားမရတဲ့ စူးငါးပါလား စားဖို့လောက်ပဲသိပြီး လုပ်နိုင်တာမရှိတဲ့အရှုံးသမားပဲ”
အမေက ကလေးကိုပင်လယ်ကြမ်းပြင်အထိ အဝေးဆုံးကိုစွန့်ပစ်လိုက်တာပေါ့ အဲ့နေ့နောက်ပိုင်း ပင်လယ်မှာလေပြင်းတိုက်တဲ့နေ့တွေမှာဆိုရင် ငါးဖမ်းသမားတွေရဲ့ နားထဲမှာ ကလေးငိုသံတွေကြားရပါတော့တယ်
“အမေ သမီး ဘာအမှားလုပ်မိသွားလို့လဲ အမေ ပြန်လာခေါ်ပေးပါ အမေ သမီးကို ပြန်ပြီး လာခေါ်သွားပါ”
'It's Okay to not be Okay' 카테고리의 다른 글
It’s okay to not be okay (0) | 2022.07.16 |
---|---|
Finding the real face (0) | 2022.07.16 |
The Cheerful Dog (0) | 2022.07.14 |
Zombie Kid (0) | 2022.07.14 |
The boy who fed on nightmares (0) | 2022.07.14 |