ဟိုးရှေးရှေးတုန်းက တောနက်ကြီးရဲ့အထဲမှာ ရှိတဲ့ ရဲတိုက်တစ်ခုထဲမှာ ကောင်မလေးတစ်ယောက်နေသတဲ့
သူက အမြဲတမ်း တစ်ယောက်ထဲပဲ အထီးကျန်ပြီး ပျင်းနေရတယ်
ဒီတော့ တစ်နေ့မှာသူကရဲတိုက်ထဲကနေထွက်လာပြီး အတူကစားဖို့ သူငယ်ချင်းရှာတော့တာပေါ့
သူကအခြားသူတွေကို လက်ဆောင်ကောင်းတွေ အများကြီးပေးပေမယ့် ဘယ်သူမှ သူ့ကို အပေါင်းအသင်း မလုပ်ကြဘူး
နောက်တော့မှ ဘာကြောင့်လဲဆိုတော သူသိလာရတယ် “သေမင်းအရိပ်မည်းကြီးကို သယ်ဆောင်လာတဲ့ မိစ္ဆာတဲ့“ လူတွေက သူ့ကို ဒီလိုခေါ်ကြတယ် “သူကမိစ္ဆာပဲ”
သူကကမ္ဘာပေါ်က လူအားလုံးကို ဒေါသတွေ ထွက်သွားတယ် တစ်ယောက်ယောက်အပေါ်ကိုလည်း ဒေါသတွေပုံချချင်လာတယ်
သူက ကောင်လေးကို မသေအောင် မထင်မှတ်ဘဲ ကယ်ခဲ့မိကတည်းက သူ့နောက်မှာအမြဲပါနေတဲ့ ကြောက်စရာအရိပ်ဆိုးကြီးက ရုတ်တရက် ပျောက်ကွယ်သွားပါတယ်
ပြီးတော့ ကောင်လေးက သူ့ နောက်ကို အမြဲ တကောက်ကောက်လိုက်နေတော့တာပေါ့ နေ့နေ့ညည သူ့အနားမှာပဲ အမြဲရှိတယ် တောင်ပေါ်မှာပဲဖြစ်ဖြစ်လယ်ကွင်းမှာပဲ ဖြစ်ဖြစ် မခွာဘူး
နေသာတဲ့နေ့တစ်နေ့မှာ ကောင်မလေးက မေးလာတယ် “နင်ငါ့ဘေးမှာပဲ အမြဲရှိနေမှာလား” “ဒါပေါ့ ငါဘယ်တော့မှ ထွက်မပြေးပါဘူး”
“နင် ဒါကို မြင်ပြီးရင်တောင်မှလား”
ကောင်မလေး တစ်ယောက်ထဲ ပြန်ဖြစ်သွားရတယ် ဒီတော့မှ သေမင်းအရိပ်မည်းက ပြန်လာပြီး တိုးတိုးလေး ပြောတယ် “မင်းက မိစ္ဆာဖြစ်လို့ မင်းရဲ့ဘေးမှာ ဘယ်သူမှ မနေနိုင်ဘူး”တဲ့
ဒါကို ဘယ်တော့မှ မမေ့နဲ့ နားလည်လား
ဟုတ်ကဲ့ အမေ…
'It's Okay to not be Okay' 카테고리의 다른 글
It's Okay to Not Be Okay: 사이코지만 괜찮아 (0) | 2022.08.04 |
---|---|
Finding the real face (0) | 2022.07.16 |
The Hand, The Monkfish (0) | 2022.07.15 |
The Cheerful Dog (0) | 2022.07.14 |
Zombie Kid (0) | 2022.07.14 |