본문 바로가기
It's Okay to not be Okay

The boy who fed on nightmares

by 드라마 Dialogue 2022. 7. 14.

The boy who fed on nightmares

အိမ်မက်ဆိုးထဲက ကောင်လေး

ဒီနေ့လည်း ကောင်လေးက ခြောက်ခြားစရာအိပ်မက်ဆိုးတွေကြောင့် နိုးထလာရပြန်တယ် သူ့ခေါင်းထဲကနေဖျက်ပစ်ချင်တဲ့ မှတ်ဉာဏ်ဆိုးတွေ ညတိုင်း အိပ်မက်ထဲမှာပေါ်လာပြီးတော့ ဆက်တိုက်ကို ခြောက်လှန့်နေတော့တာပေါ့..

ကောင်လေးက အိပ်ပျော်မှာကိုတောင် ကြောက်လာတယ် အဲ့ဒါကြောင့် တစ်နေ့မှာ စုန်းမကြီးဆီသွားပြီး အကူအညီတောင်းတယ် “စုန်းမကြီး ကျေးဇူးပြုပြီး အိမ်မက်ဆိုးတွေထပ်မမက်တော့အောင် မကောင်းတဲ့မှတ်ဉာဏ်တွေကို ဖယ်ရှားပေးပါ ဒါဆိုရင် ခင်ဗျားလိုချင်တာမှန်သမျှ ပေးပါမယ်”

နှစ်တွေကြာသွားပြီး အရွယ်ရောက်လာတဲ့ကောင်လေးက ထပ်ပြီး အိပ်မက်ဆိုးတွေ မမက်တော့ပေမယ့် ဘယ်လိုအကြောင်းအရင်းကြောင့်လဲမသိပေမဲ့ ပျော်ရွှင်မနေခဲ့ပါဘူး

သွေးရောင်လွှမ်းတဲ့လမင်းကြီး ညကောင်းကင်မှာနေရာယူထားတဲ့ ညတစ်ညမှာ စုန်းမကြီးက ဆုတောင်းကိုဖြည့်ဆည်းပေးခဲ့တဲ့အတွက် အဖိုးအခယူဖို့ ပြန်ရောက်လာခဲ့တယ်

အဲ့ည စုန်းမကိုနာကျည်းချက်တွေနဲ့အော်လိုက်ပါတယ် “ငါ့ရဲ့မကောင်းတဲ့မှတ်ဉာဏ်တွေအားလုံး ဖျက်လိုက်ပြီကို ဘာလို့…ငါကမပျော်ရွှင်ရတာလဲ” အဲ့အခါ စုန်းမကသူတို့ကတိပေးထားတဲ့အတိုင်း ကောင်လေးရဲ့ ဝိညာဉ်ကိုနှုတ်ယူသွားပြီး ဒီလိုပြောခဲ့တယ်

နာကျင်ပြီး စိတ်နာစရာကောင်းတဲ့မှတ်ဉာဏ် လေးနက်တဲ့ နောင်တရမှုတွေနဲ့မှတ်ဉာဏ်တွေ တစ်ခြားသူတွေကို နာကျင်စေပြီး ကိုယ်ပါနာကျင်နေရတဲ့မှတ်ဉာဏ်တွေ စွန့်ပစ်ခံခဲ့ရတဲ့မှတ်ဉာဏ် အဲ့လိုမှတ်ဉာဏ်တွေကို နှလုံးသားထဲမှာ နှစ်မြှုပ်ထားတဲ့သူတွေက ပိုသန်မာပြီး နွေးထွေးပြီးတော့ ပိုပြီးစိတ်အားထက်သန်တယ်

အဲ့လိုလူတွေကပဲ ပျော်ရွှင်မှုကိုရနိုင်ကြတယ် "အဲ့ဒါကြောင့် မမေ့ပစ်ပါနဲ့ မမေ့ပစ်ဘဲ ကျော်လွှားလိုက်ပါ“ မကျော်လွှားနိုင်ရင် မင်းက ဝိညာဉ်ပြောင်းလဲခြင်းမရှိတဲ့ ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်..

'It's Okay to not be Okay' 카테고리의 다른 글

It’s okay to not be okay  (0) 2022.07.16
Finding the real face  (0) 2022.07.16
The Hand, The Monkfish  (0) 2022.07.15
The Cheerful Dog  (0) 2022.07.14
Zombie Kid  (0) 2022.07.14