본문 바로가기
2021 Kdrama

Taxi Driver

by 드라마 Dialogue 2022. 2. 12.

모범택시

“ပြစ်မှုက အသက်ငယ်တာကြီးတာနဲ့ မဆိုင်ဘူး
ဘယ်သူကပဲ ကျောက်တုံးကိုရေထဲပစ်ချချ
နစ်သွားမှာတော့အတူတူပဲ”

“ကျူးလွန်သူတွေအတွက်တော့
ဒါကသူတို့ဆယ်ကျော်သက်ဘဝရဲ့
အမှားသေးသေးလေးပဲဖြစ်နိုင်လောက်ပေမယ့်
ခံရတဲ့လူတွေအတွက်တော့
ဘ၀ သို့မဟုတ် သေခြင်းတရား
ဖြစ်သွားနိုင်ပါတယ်"

“ဝါးပင်တွေက
လေပြင်းမုန်တိုင်းတိုက်ရင် ကျိုးသွားနိုင်ပေမယ့်
မြက်ပင်ကတော့ လေဘယ်လောက်ပဲကြီးကြီး
ပြန်ထနိုင်ပါတယ်
ဝါးပင်လိုမျိုး ဟန်ဆောင်ထားနိုင်ပေမယ့်
စိတ်ကတော့ မြက်ပင်လိုမျိုးပြန်ထပါ
တောင့်ခံထားပါ အဆုံးထိ ပြိုလဲမသွားပါနဲ့”

“တရားဉပဒေကဝေးပေမယ့်
လုပ်ပိုင်ခွင့်ကအနီးမှာရှိတယ်
ရှင်သန်နေထိုင်နေရတဲ့ လက်တွေ့ဘဝမှာ  
အကူအညီမဲ့နေတဲ့အင်အားနည်းသူကို
ဉပဒေက ကာကွယ်ပေးတဲ့အထိစောင့်နေခိုင်းတာက
ကျိုးကြောင်းမဆီလျော်ဘူးလို့ထင်တယ်
ဉပဒေကဝေးကွာတယ်
ဒါပေမယ့်လက်သီးချက်ကတော့ နီးကပ်တယ်“

“အမှိုက်ပုံးထဲကို အမှိုက်တွေပဲ ပစ်သင့်တယ်
အဖိုးတန်တာတွေမပစ်နဲ့”

“ဘယ်ရွေးချယ်မှုမှာမဆို
စွန့်လွှတ်ခြင်းက တွဲပါလာမှာပဲ
အဲ့ဒီတန်ကြေးအတွက် ပေးဆပ်လိုက်ရရုံပါ”

“ပထမဆုံးအပြစ်ကျူးလွန်သူမို့
စိတ်မကျန်းမာလို့ဆိုပြီး ပြစ်ဒဏ်လျှော့တယ်  
နောင်တရနေလို့ဆိုပြီး လျှော့ပေးတယ်
ဒါပေမယ့် နစ်နာသူတွေက အဲ့ဒါတွေကိုဂရုမစိုက်ဘူး
မှားတာကမှားတာပဲ”

“အပြစ်သား အယောက်တစ်ရာ လွတ်သွားရင်တောင်
အပြစ်မဲ့တဲ့သူတစ်ယောက်ကို အကျဉ်းမချနဲ့
တစ်ယောက်ပဲဆိုရင်တောင်မှပဲ
ဒါဟာလူသားဆန်ခြင်းပဲ”

“မိသားစုကိုဆုံးရှုံးလိုက်ရတဲ့လူတွေက
ရင်ထဲမှာ ဗုံးတစ်လုံးသယ်နေရသလို
အသက်ရှင်နေရတာ
ဘယ်အချိန်ထပေါက်မယ်မှန်းမသိတဲ့ဗုံးကို
ဖိနှိပ်ဖို့ကြိုးစားရင်းရှန်သန်နေရတာ  
တစ်စုံတစ်ယောက်ရဲ့ရင်ထဲကဗုံးကို မီးသွားညှိတဲ့ကိစ္စမျိုးမလုပ်မိစေနဲ့”

“လက်စားချေတယ်ဆိုတာ
တစ်ဖက်သား ပျက်စီးသွားရုံနဲ့မပြီးသွားဘူး
မင်းကိုယ်တိုင် မင်းဘဝလေးမှာ ပြန်နေနိုင်တော့မှ
လက်စားချေတာက ပြီးသွားတာ”

'2021 Kdrama' 카테고리의 다른 글

The Red Sleeve  (0) 2022.02.13
Snowdrop  (0) 2022.02.13
The Devil Judge  (0) 2022.02.12
Melancholia  (0) 2022.02.11
The King’s Affection  (0) 2022.02.11