본문 바로가기
2021 Kdrama

Melancholia

by 드라마 Dialogue 2022. 2. 11.

멜랑꼴리아

တိကျတဲ့ အဖြေမရှိတဲ့ သင်္ချာပုစ္ဆာတွေကို
ဖြေရှင်းနေကျမဟုတ်တာကို သိတယ်
ဒါပေမဲ့ ငါတို့ဘဝတွေနဲ့အတူတူတူပဲ
လောကကြီးက နဂိုကတည်းက အမှားတွေနဲ့အတူ
နားလည်းမလည်နိုင် မဖြေရှင်းနိုင်တဲ့
ပုစ္ဆာတွေနဲ့ပြည့်နှက်နေလို့ပဲ

ကလေးတွေကို ယုတ္တိမရှိတဲ့တရားမျှတမှုအကြောင်း
မသင်ပေးပါနဲ့
တရားမျှတမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းမို့
အဲ့လိုသင်ကြားမှုမျိုးက ကလေးတွေကို
လောကကြီးကိုအပြစ်တင်တဲ့ အရှုံးသမားဖြစ်အောင်
လုပ်လိုက်တာပဲရှိတယ်

Melancholia ဆိုတာ စိတ်ညှိုးငယ်တာ
စိတ်ဓာတ်ကျနေပြီး
တစ်ခုမှမရှိတော့ဘူးလို့ ခံစားရတဲ့အခါ
အဲ့ဒီလိုစိတ်အခြေအနေကိုရောက်နေပေမယ့်
အဆုံးမရှိနစ်မြှုပ်သွားပုံကိုကြည့်ရင်း
တစ်ချိန်ချိန်ကျ အောက်ခြေကြမ်းပြင်ကိုထိသွားတယ်
အဲ့ဒီလိုကနေ အားလုံးကိုလက်လွှတ်ပေးလိုက်ရင်
အသစ်စတင်ဖို့ အိမ်မက်မက်လို့ရသွားတာပေါ့

When you give all of your energy to one thing,
it also means you are losing yourself.
It will destroy and hurt you.

တစ်ခုခုပေါ်မှာ မင်းရဲ့စိတ်အလုံးစုံကို
ပုံအပ်ထားတယ်ဆိုတာက
မင်းကိုယ်မင်းဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့
အဓိပ္ပာယ်လည်းသက်ရောက်တယ်
မင်းကိုဖျက်စီးပြီး နာကျင်စေလိမ့်မယ်

ကျွန်တော်တို့တွေဟာ အဆုံးမရှိအိမ်မက်မက်ခွင့်ရှိပြီး
လွတ်လပ်စွာ အတွေးအခေါ်တွေကို
ဖြန့်ကျက်နိုင်စွမ်းရှိပါတယ်
အဆုံးမရှိခြင်းဟာ အနာဂတ်မှာ မဝေးတော့ပါဘူး

အသက်ရှင်နေထိုင်ဖို့ လမ်းတွေအများကြီးရှိတယ်
တစ်ချို့က ဖြတ်လမ်းတွေလိုက်ကြတယ်
တခြားသူတွေထက် ပိုရှေ့ရောက်နိုင်ပေမယ့်
တနေ့စည်းကျော်ပြီး လမ်းလွှဲသွားရင်
တခြားသူတွေကို ထိခိုက်နိုင်တယ်
ပိုပြီးအရေးကြီးတာက
မင်းကိုယ်မင်းလည်းထိခိုက်နိုင်တယ်

အကြီးမားဆုံးဒဏ်ရာက အမြဲတမ်း
အနီးကပ်ဆုံးသူဆီကလာတာပဲ…"

လူတစ်ယောက်က လူတစ်ယောက်အပေါ်
အမှားလုပ်မိရင်
နာကျင်စေခဲ့မိရင် အဲ့ဒီလူရဲ့ဘဝကိုဖျက်စီးခဲ့မိရင်
“တောင်းပန်ပါတယ်” “မှားသွားပါတယ်” လို့
ပြောရတယ်

လုပ်နိုင်သမျှအကုန်လုပ်ပေးပြီး ကလေးကိုချစ်ပြီး
တခြားကလေးကို သွေးမျက်ရည်စီးအောင်လုပ်တာက
ကိုယ့်ကလေးကို ကောင်းသောချစ်ခြင်းမျိုးနဲ့ ချစ်တာမဟုတ်ဘူး

'2021 Kdrama' 카테고리의 다른 글

Taxi Driver  (0) 2022.02.12
The Devil Judge  (0) 2022.02.12
The King’s Affection  (0) 2022.02.11
Racket Boys  (0) 2022.02.11
High Class  (0) 2022.02.11