라켓소년단



🏸 ဆိုလ်းမြို့လယ်ခေါင်မှာ
လမ်းပျောက်နေတဲ့အဖွားက
ကူညီပေးတဲ့လူတစ်ယောက်ကို
ဘာလို့ကူညီတာလဲလို့မေးတော့
လူငယ်လေးက ပထမဆုံးအကြိမ်မလား
ဒီကိုတစ်ခါမှမရောက်ဖူးဘူးမလား
အဲ့ဒါကြောင့်ကူညီပေးတာပါ
အဲ့ဒါနဲ့အဖွားက ရွာကိုပထမဆုံးအကြိမ်ရောက်လာတဲ့
လင်မယားအတွက် ဂင်မ်ချီနှယ်လေးပေးခဲ့ပါတယ်

မထင်မှတ်ဘဲ ဟယ်ဂန်ရဲ့ချီးဆန်ဆန်အရသာထွက်နေတဲ့ ဟင်းတစ်ခွက်က ကိုယ့်ကိုကိုယ်သတ်သေမယ်လုပ်နေတဲ့ လင်မယားနှစ်ယောက်ကို အသက်ဆက်ရှင်ချင်စိတ်ဖြစ်အောင်
ကယ်တင်ခဲ့ပါတယ်
Ps:အဖွားရဲ့ကင်မ်ချီနှယ်လေးရောပေါ့

“ရှုံးလို့လည်းရတယ် ဘာမှမဖြစ်ဘူး”
သေချာပေါက်နိုင်ရမယ်လို့မဆိုလိုဘူး
အနိုင်ရှိရင် အရှုံးလည်းရှိမှာပဲ
“ငါတို့တွေရှုံးနိမ့်ခဲ့တာက ပြန်ထနိုင်ဖို့ကို
သင်ယူဖို့အတွက်ပဲဖြစ်တယ်”

ငါ့ရွေးချယ်မှုက အိုလံပစ်ဆုတံဆိပ်ထက်
အများကြီးတန်ဖိုးရှိတယ်


I did my best, so I have no regrets!


အဆိုးရွားဆုံးအခြေအနေမှာ ငါတို့နှလုံးသားထဲက
အလိုချင်ခဲ့ဆုံး အဖြစ်ချင်ခဲ့ဆုံးအရာကို
ရှာတွေ့နိုင်ကောင်းပါရဲ့



စကားလေးတစ်ခွန်းကြောင့်
လူတစ်ယောက်ကိုသတ်နိုင်သလို
အပြုအမူကောင်းလေးတစ်ခုကြောင့်
လူတစ်ယောက်ကို ကယ်တင်နိုင်ပါတယ်

ကိုယ့်အတိတ်ကဒဏ်ရာပဲဖြစ်ဖြစ်
အပြစ်လုပ်ထားတာပဲဖြစ်ဖြစ်
လူတွေကိုပေးမသိစေချင်တဲ့ လျှို့ဝှက်ချက်ကို
လူတွေသိသွားတဲ့အခါကျတော့လည်း
နေသာသွားတာပေါ့အနည်းဆုံးတော့
ကိုယ်ထပ်ပြီးဖုံးကွယ်ထားနေစရာ မလိုတော့ဘူးလေ
ကိုယ့်ကိုနေ့စဉ်ခြောက်လှန့်နေတဲ့ အိမ်မက်ဆိုးကနေ
နှိုးထလိုက်သလိုပဲလို့တွေးလိုက်
တစ်ခါထပ်ပြီး အသက်ရှင်လို့ရခဲ့တာပေါ့
တစ်ချို့လျှို့ဝှက်ချက်တွေက
သိမ်းထားသင့်တယ်ဆိုပေမယ့် တစ်ခါတစ်လေကျ သိမ်းမထားသင့်တာမျိုးလည်းရှိတယ်

အင်ဆိုး.
သူသိပ်ဖြစ်ချင်ခဲ့တဲ့အိမ်မက်
ပြီးတော့ သူ့အတွက် ဒီပွဲကနောက်ဆုံးပွဲစဉ်
ဟယ်ဂန်ကိုနိုင်အောင်ရိုက်လို့ရပေမယ့်
နောက်ဆုံးရိုက်ချက်မှာ
တမင်တကာလွှဲအောင်ရိုက်ခဲ့ပြီး
သူငယ်ချင်းတွေရှေ့မှာလည်း
အဆင်ပြေချင်ယောင်ဆောင်ခဲ့တယ်
တစ်ကယ်တော့ သူ့အိမ်မက်ထက်
သူ့အတွက်ပထမဆုံးသူငယ်ချင်း
ပြီးတော့သူအမြဲတမ်းအတူရှိချင်ခဲ့တဲ့
သူငယ်ချင်းအတွက် သူလက်လျှော့ခဲ့တယ်
တစ်ကယ်တမ်း
သူကိုယ်တိုင်အဆင်မပြေပေမယ့်လည်း


ဘဝကိုပင်ပင်ပန်းပန်းလျှောက်လှမ်းနေရတာ
ပင်ပန်းနေပြီလား
ဒါဆို ခဏလောက်ဖြစ်ဖြစ်နားလိုက်လို့ရတယ်
ငိုချင်ရင်လည်း ငိုလိုက်လို့ရတယ်

အဆင်ပြေတယ်
ရှုံးလို့လည်းရတယ် ဘာမှမဖြစ်ဘူး
အကောင်းဆုံးကြိုးစားခဲ့လို့ နောင်တမရှိဘူး

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ဖို့မလိုပါဘူး
ဒီအတိုင်း ကိုယ်ရောက်နေတဲ့အရွယ်မှာ
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်နိုင်နေရင်ပဲ တော်လှပါပြီ


💙
'2021 Kdrama' 카테고리의 다른 글
Melancholia (0) | 2022.02.11 |
---|---|
The King’s Affection (0) | 2022.02.11 |
High Class (0) | 2022.02.11 |
Yumi’s Cells (0) | 2022.02.11 |
Dali and Cocky Prince (0) | 2022.02.11 |