드라마 다이얼로그

The Red Sleeve 본문

2021 Kdrama

The Red Sleeve

드라마 Dialogue 2022. 2. 13. 21:25

 

🌺 ပြည်သူတွေ
တစ်ငွေ့ငွေ့လောင်ကျွမ်းခံစားနေရတဲ့ နာကျင်မှု
သားသမီးကိုဆုံးရှုံးလိုက်ရတဲ့
ပြင်းထန်တဲ့ဝေဒနာတွေကို
မမြင်သလိုဟန်ဆောင်ပြီး ဘုရင်ဖြစ်ရမှာထက်
ထီးနန်းကိုမဆက်ခံတာက ပိုကောင်းပါလိမ့်မယ်

🌺 စစ်မှန်တဲ့အုပ်ချုပ်သူဆိုတာ
ပြည်သူတွေအရှေ့မှာ ဦးခေါင်းကို ဦးညွှတ်နိုင်ရမယ်

🌺 ငါတို့အားလုံးမှာ ကိုယ်ဘာမှမတတ်နိုင်တဲ့
အခြေအနေမျိုးတွေရှိတာပဲ
ရှောင်လွှဲဖို့မတတ်နိုင်ရင် ဒီအတိုင်း လက်ခံလိုက်ရုံပဲ
အကောင်းဆုံးဖြစ်အောင်နေပါ အဲ့ဒီလိုနေရင်း
ပျော်ရွှင်မှုဆိုတာ အလိုလိုတွေ့လာနိုင်တာပဲမလား

🌺 CINEMATOGRAPHY 🌺

ခုနောက်ပိုင်း
နန်းတွင်းဇာတ်ကား တော်တော်များများမှာ
အဓိကဇာတ်ဆောင်တွေထက် ရှုခင်း ရိုက်ကွက်တွေကို
ပိုအသားပေးပြီးရိုက်ပြလာကြတာ တွေ့ရတယ်
ဒါကြောင့်မို့လို့လည်း ပိုပြီး ပြီးပြည့်စုံတဲ့
ဇာတ်ဝင်ခန်းတွေဖြစ်လာတာပါ
The Red Sleeve ရဲ့ Main Character
နှစ်ယောက် ဆုံတဲ့အခန်းတွေဟာလည်း
ကဗျာဆန်ဆန်နဲ့လှပနေခဲ့ပါတယ်

🌺 Friendship 🌺

🌺 ငါကတော့ နင်တို့တွေနဲ့ အခုလိုမျိုးလေးပဲ
တစ်သက်လုံးနေသွားချင်တယ်

🌺 မင်းအစ်ကိုက
ငါ့ထက်ပိုပြီးတော့တန်ဖိုးထားရသလို
မင်းရဲ့သူငယ်ချင်းတွေက ငါ့ထက်ကိုပိုပြီးတော့
အရေးကြီးသလိုမျိုးပေါ့

🌺 မင်းကြီးကတော့
အရာအားလုံးကိုပိုင်ဆိုင်ထားပေမဲ့
ကျွန်မမှာပိုင်ဆိုင်တာဆိုလို့ သူတို့တွေပဲရှိတာပါ
မင်းကြီးက အချိန်တန်ရင် အဆင်ပြေသွားမှာပါ
ဒါပေမဲ့ သူတို့ကို ထားခဲ့ရမှာ စိတ်မကောင်းဖြစ်လို့ပါ

🌺 အဖွားကြီးတွေဖြစ်လာလို့
နန်းတော်ကထွက်သွားရရင် စာအုပ်တွေရှိတဲ့နားမှာ အိမ်လေးဆောက်ပြီး နေကြရအောင်

🌺 THE CROWN PRINCE 🌺

လီဂျွန်ဟိုရဲ့
အရပ်မြင့်မြင့် အသားဖြူဖြူ မျက်နှာပေါက်
အချိုးအစားတွေက မင်းကြီးဝတ်စုံထက်
အိမ်ရှေ့စံဝတ်စုံနဲ့ အရမ်းလိုက်ဖက်လို့နေခဲ့ပါတယ်

လီဆန်းသာ လီဂျွန်ဟိုမဟုတ်ခဲ့ရင်
လီဆန်းနေရာမှာ
တခြားမင်းသားကို တွေးကြည့်ခဲ့ဖူးတယ်
ဒါပေမဲ့ လီဆန်းကာရိုက်တာကို လီဂျွန်ဟိုကလွှဲပြီး
ဘယ်သူ့ကိုမှမပေးချင်တော့တာအမှန်ပါပဲ

🌺 FREEDOM 🌺

အရာအားလုံးထက် သူမသိပ်မြတ်နိုးတဲ့အရာ
သူချစ်တဲ့ယောကျာ်းကို
အကြိမ်ကြိမ်တွန်းထုတ်ပြီး ရွေးချယ်ခဲ့တဲ့အရာ
၁၅ပိုင်းလုံး မူလာခဲ့တဲ့သူ့ကို ကြင်ယာတော်ဖြစ်သွားတဲ့
အချိန်မှပဲ အပြည့်အဝကို
နားလည်ပေးနိုင်ခဲ့တော့တယ်
ဒီအတွက်လည်း နောင်တရခဲ့ပါသေးတယ်
သူ့ကို ဒီထက်ပိုစောစောလေး နားမလည်ပေးနိုင်ခဲ့လို့
တစ်ဖက်က အိမ်ရှေ့စံကို သနားပေမဲ့လည်း
သူလိုချင်တောင့်တခဲ့တဲ့အရာကို
သိသွားတဲ့အချိန်မှာတော့ သူကြင်ယာတော်အဖြစ်နဲ့ တစ်နေ့နေ့ ဘာမှလုပ်စရာမရှိဘဲ မင်းကြီးအလာကိုပဲ စောင့်နေခဲ့ရတဲ့ ဘဝကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အဆုံးထိငြင်းဆန်ခဲ့ရင်ကောင်းသားဆိုပြီး
တွေးမိလိုက်သေးတယ်
ဒါပေမဲ့လည်း လူ့စိတ် နှလုံးသားဆိုတာ
ထိန်းချုပ်နိုင်တဲ့အရာမှမဟုတ်ဘဲနော်

မိဖုရားမဖြစ်ခင်က အရင်လိုလွတ်လွတ်လပ်လပ်
ပြေးလွှားနေခဲ့တဲ့ ငယ်ရွယ်တဲ့ ဒေါ့ဂင်မ်ကို လွမ်းမိသား

🌺 စည်းမျဉ်းစည်းကမ်း 🌺

ထိုခေတ်ထိုအခါက စည်းမျဉ်းစည်းကမ်းတွေဟာ
နန်းတော်ရဲ့ အာဏာအရှိဆုံး အမျိုးသမီးတောင်မှ
ဒီလိုစိတ်မချမ်းမြေ့စရာ နန်းတော်ထဲမှာပဲနေရင်းနဲ့
ခြေတစ်လှမ်းမှတောင်
နန်းအပြင်ကိုထွက်မသွားနိုင်ဘူး
ဘယ်သူကများ ကျွန်မတို့ကို ဒီလိုကန့်သတ်ခဲ့တာလဲတဲ့
တံတိုင်း ၉ခုဝန်းရံထားပြီးတော့ ခြေတစ်လှမ်းတောင်
အပြင်ကိုမထွက်နိုင်အောင်တားမြစ်ခဲ့တယ်
“နန်းတော်က တစ်ကယ်မျက်လုံးကျိန်းအောင်
တောက်ပတဲ့ အကျဉ်းထောင်ပါပဲ”

🌺 ENDING 🌺

The Red Sleeve ရဲ့
Ending ကို ကြည့်လိုက်မယ်ဆိုရင်
စာရေးဆရာမက အိမ်စာလုပ်ထားမှန်း သိသာပါတယ်
သမိုင်းကြောင်းကိုလည်း မဖယ်ကျဉ်ထားသလို
ပရိတ်သတ်တွေလိုချင်တဲ့ စိတ်ချမ်းသာစရာ
အဆုံးသတ်ကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့တယ်
အလှပဆုံး ဝမ်းနည်းဝမ်းသာဇာတ်သိမ်းခန်းတစ်ခုပါပဲ

🌺 THANK YOU 🌺

The Red Sleeve ကို ထပ်ပြီး အချိန်ကြာကြာလေး
အမှတ်ရနေပေးဖို့ မျှော်လင့်ပါတယ်
ဒရာမာကောင်းတစ်ခုကို ကြည့်ရှုခွင့်ရတဲ့အတွက်
ဖန်တီးသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်
အက်မင်ရဲ့မရေးတတ် ရေးတတ်စာတွေကို
အဆုံးထိဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်

'2021 Kdrama' 카테고리의 다른 글

지금, 헤어지는 중입니다  (0) 2022.02.15
Now we’re breaking up  (0) 2022.02.15
Snowdrop  (0) 2022.02.13
Taxi Driver  (0) 2022.02.12
The Devil Judge  (0) 2022.02.12