일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- TheKingsAffection
- HighClass
- YouthOfMay
- MrSunshine
- WiseMountainvillageLife
- HometownChaChaCha
- OurBelovedSummer
- Remarriageanddesires
- WhyHer?
- BeMelodramatic
- ForecastingLoveandWeather
- TheDevilJudge
- DaliandCockyPrince
- Taxidriver
- LeeJunho
- LeeJeHoon
- TheRedSleeve
- YumiCells2
- NowWeAreBreakingUp
- startup
- RacketBoys
- TwentyFiveTwentyOne
- OurBlues
- YumiCells
- HymnOfDeath
- CrashLandingOnYou
- KimSeonHo
- ChicagoTypewriter
- DrRomantic
- 18Again
- Today
- Total
드라마 다이얼로그
지금, 헤어지는 중입니다 본문
Now, We Are Breaking Up
နှုတ်ဆက်လမ်းခွဲခြင်းလို့ရေးပြီး
အချစ်လို့ဖတ်ကြတာပေါ့
အချစ်ဆိုတာ ပုံစံတစ်သမတ်တည်း
ရှိတာမှမဟုတ်တာ
လမ်းခွဲတယ်ဆိုတာကလည်း အချစ်ရဲ့ပုံစံတစ်မျိုးပါပဲ
ရှင်သန်ခြင်းက လမ်းခွဲခြင်းတွေနဲ့ ပြည့်နေတာတဲ့
တစ်ရက်ပြီးတစ်ရက် ရှင်သန်နေတာက
တစ်ရက်ပြီးတစ်ရက် လမ်းခွဲနေရတာပဲ
အိမ်ထောင်ဖက် / မိသားစု / မိဘနဲ့ သားသမီး
ချစ်သူ ရည်စား / သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်
ဒီလူတွေအားလုံးဟာ နည်းအမျိုးမျိုးနဲ့
လမ်းခွဲနေရတယ်
ခွဲခွာရခြင်းကို ကြိုသိနေတဲ့သူတွေအဖို့တော့
ခွဲခွာဖို့ ကြိုပြင်ဆင်ကြရတယ်
တချို့ကတော့
တနေရာစီမှာရှင်သန်ဖို့ပြင်ဆင်ထားသလို
တချို့ကတော့ ထွက်သွားမယ့်သူကို
ခွဲခွာနိုင်ဖို့ ပြင်ဆင်ရတယ်
နာကျင်ရပေမယ့် ကိုယ့်စိတ်ကို ပြင်ဆင်ဖို့
နှစ်သိမ့်ဖို့ အမှတ်တရကောင်းတွေချန်ဖို့
အခွင့်အရေးကောင်းတခုရတယ်လို့ပဲ ထင်ပါတယ်
တချို့တွေဆို ဘာမှမပြင်ဆင်နိုင်ဘဲ ချစ်ရတဲ့သူတွေဘဝထဲကနေ ရုတ်တရက်ထွက်ခွာတဲ့အခါ
ကျန်ရစ်သူတွေမှာ လုပ်မပေးလိုက်ရလေခြင်း
ပိုမကောင်းပေးမိလေခြင်းဆိုတဲ့ နာကျင်မှုပိုပါတယ်
အရင်တုန်းကတော့ကိုယ်ဟာ
အရင်ဆုံး ထွက်သွားမယ့်သူပဲဖြစ်ချင်ခဲ့တာ
နာကျင်ခြင်းကို အကြာကြီးမခံစားချင်လို့
ဒါပေမဲ့ မီဆုကိုကြည့်ပြီး
ငါတကိုယ်ကောင်းဆန်မိပါလားတွေးမိတယ်
ကိုယ့်ရဲ့နာကျင်မှုရှည်ကြာခြင်းက ကိုယ့်အတွက်
ဝဋ်ကြွေးဖြစ်ရင်တောင်မှ ချစ်တဲ့သူတွေအတွက်တော့ ခဏတာဆုပ်ကိုင်နိုင်မယ့် အခွင့်အရေးလေ
“အကြိမ်ပေါင်းများစွာထပ်ပြီး စဉ်းစားခဲ့တယ်
အကြောင်းအရင်းတောင်မသိဘဲ ငြင်းခံရလောက်အောင်အထိ
ငါ့အချစ်တွေက အလကားဖြစ်နေခဲ့တာလား?
ငါများ ဘာအမှားလုပ်ခဲ့မိတာလဲ
ငါက မပြည့်စုံလို့များလား
ပြန်စဉ်းစားပြီး နောင်တတွေရပြီး အရက်တွေမူးခဲ့ပြီး..
ဒါပေမဲ့ အဲ့လိုလုပ်တာနဲ့ပဲ ဘာများပြောင်းလဲသွားမှာမို့လဲ”
“Break up Timing”
ဘာကိုဖမ်းဆုပ်ထားပြီး ဘာကိုလက်လွှတ်လိုက်ရမလဲ
ဖမ်းဆုပ်ထားရမယ့်အချိန်နဲ့ လက်လွှတ်လိုက်ရမယ့်အချိန်ကို ဘယ်လိုသိနိုင်မလဲ
လျော်ကန်တဲ့အချိန်ဆိုတာမျိုးရှိသလား?
“ပြီးပြည့်စုံမှုအရှိဆုံး အချိန်ကိုက်မှုဆိုတာ
အရမ်းလည်းမစောသလို အရမ်းလည်းနောက်မကျဘူး”
အရမ်းနောက်မကျတဲ့ အရမ်းမစောတဲ့အချိန်ဆိုတာ
ရှေ့ကိုဆက်သွားမယ့် ရှင့်အတွက်
လက်လွှတ်ပေးခြင်းပဲ
ရှင့်ကိုလက်လွှတ်လိုက်တာမဟုတ်ပါဘူး
ကျွန်မရဲ့လောဘ ကျွန်မရဲ့တွယ်တာမှုတွေကို
လွှတ်ချလိုက်တာပါ
“တွေ့ဆုံတယ် ရှင်သန်တယ် ခွဲခွာတယ်ဆိုတာ
သာမာန်ကျတဲ့ ဒီနေ့ညနေရဲ့ မြင်ကွင်းလိုမျိုး
ရှင်သန်သွားရမယ့်ဖြစ်စဉ်တွေထဲက တစ်ခုသာလျှင်ဖြစ်ပါတယ်
အဲ့ဒါက ဘဝဆိုတဲ့လမ်းဖြစ်တယ်
ရှင်သန်တယ်ဆိုတာ တစ်ခါတစ်လေဝမ်းနည်းပြီး
နာကျင်ပေမယ့်လည်း
တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အဲ့ဒီလမ်းကို
ဆက်လျှောက်ရုံအပြင် မရှိပါဘူး”
“ဘဝဆိုတာ ကွေ့ကောက်တဲ့လမ်းကို သွားရတဲ့အတိုင်းပဲ
လမ်းဆုံလည်းတွေ့မယ် ချောက်ကမ်းပါးလည်းတွေ့မယ်
အတူသွားခဲ့တဲ့လူတွေရော တစ်ချို့ကဒီဘက်လမ်းသွားမယ်
တစ်ချို့ကဟိုဘက်လမ်းသွားမယ်
ဝမ်းနည်းတာပေါ့ အတူသွားချင်တာပေါ့
ဒါပေမဲ့လည်း ဘယ်လိုလုပ်မလဲ သွားမယ့်လမ်းက
အားလုံးမတူကြဘူးလေ”
“ထာဝရတည်သောအချစ်ဆိုတာ
အတူတူရှိနေတာကို ပြောတာမဟုတ်ဘဲ
အဲ့ဒီအချစ်တွေကြောင့် ပြောင်းလဲလာပြီး
အဲ့ဒီအချစ်တွေက လမ်းပြပေးသလို သင်ကြားပေးသလို
ကျန်ရှိနေတဲ့ဘဝကို ချစ်မြတ်နိုး တန်ဖိုးထားနေဖို့ပါပဲ”
ရှင့်ဘဝထဲကို တစ်ခဏတာ
ဝမ်းနည်းမှုလေးအဖြစ် အထီးကျန်မှုတွေက
လေပြေလိုမျိုး ဖြတ်သန်းတိုက်ခတ်သွားသလိုပါပဲ
တစ်နေ့နေ့ လေပြေတိုက်တဲ့အချိန်
ခဏလောက် ကျွန်မကို စဉ်းစားပေးပါ
“တစ်ခါတစ်လေ ငါ့ကိုယ်ငါမေးကြည့်တယ်
အဝတ်အစားဆိုတာ ဘာလဲ
အဲ့လိုအချိန်တိုင်း အဖြေကအတူတူပဲ
ငါက ငါဖြစ်ဖို့ ဖန်တီးထားတဲ့အရာ”
အဝတ်အစားဆိုတာ ဘာလဲ
နေ့တိုင်း နေ့တိုင်း ကိုယ့်ကိုယ်ကိုမေးမိတဲ့မေးခွန်းပဲ
ဘယ်လိုအဝတ်အစားမျိုးဝတ်ပြီး ဘယ်သူအဖြစ်
ဘယ်လိုဘဝမျိုးမှာ နေချင်လဲ
ရလာတဲ့ဘဝ ဘေးကင်းတဲ့ရွေးချယ်မှု လိုချင်တဲ့ဘဝ
ကျိုးပဲ့ပျက်စီးသွားတဲ့ ဒါမှမဟုတ် ရှုံးနိမ့်သွားတဲ့သတ္တိ
ခေတ်ရေစီးကြောင်းနောက်မှာ ကျန်ခဲ့တယ်လို့
တစ်ချို့ကပြောကြတယ်
မလိုက်ဖက်တဲ့အဝတ်အစားကို ဝတ်ထားတယ်လို့
တစ်ချို့ကပြောကြတယ်
ဒါပေမဲ့ အဝတ်အစားကောင်းဆိုတာ ကိုယ်ဝတ်ချင်တဲ့
အဝတ်အစား ကိုယ်နဲ့အကိုက်ညီဆုံးအဝတ်အစားပဲ
“တစ်နေ့ လမ်းကြားတစ်ခုက ထောင့်တစ်ထောင့်မှာ
အဲ့ဒီနေ့ကလိုမျိုး မင်းရှိပါစေ
အဲ့ဒီအချိန် ငါက မင်းကို
မင်းက ငါ့ကို လက်မလွှတ်ပါစေနဲ့”
အဲ့ဒီလိုမျိုး ကျွန်မတို့ လမ်းခွဲဖို့ လုပ်နေတုန်းပါပဲ….
အစကတော့ ငါ့အချစ်အပေါ်မှာ ယုံကြည်မှုမရှိခဲ့ဘူး
ဒါပေမဲ့ ရှင့်အချစ်ကြောင့် ဒီအချစ်ကြောင့် ဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်လာတယ် ရှင့်အချစ်ကျေးဇူးကြောင့် အသစ်အသစ်တွေကို လုပ်ဖြစ်ခဲ့တယ်
ကျွန်မကိုယ်တိုင် မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေကို
ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်
ကျေးဇူးပါပဲ ကျွန်မအရမ်းပျော်ခဲ့ရပါတယ်
သေချာအောင်ချစ်ခဲ့ရပါတယ်
ကျေးဇူးပါပဲ ချစ်တတ်အောင် သင်ပြပေးလို့
အခုကြောက်မနေဘဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့တာကို အမှတ်ရရင်း အဲ့ဒီကရတဲ့အင်အားတွေနဲ့
ဆက်လက်ရှင်သန်သွားပါ့မယ်
T H A N K Y O U
ဂျယ်ဂု~ယောင်းအွန်းတို့နဲ့အတူ နောက်ဆုံးအချိန်ထိ
အတူရှိနေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်
အဆုံးထိဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်
'2021 Kdrama' 카테고리의 다른 글
Now we’re breaking up (0) | 2022.02.15 |
---|---|
Fashion quotes: NWABU (0) | 2022.02.15 |
Now we’re breaking up (0) | 2022.02.15 |
The Red Sleeve (0) | 2022.02.13 |
Snowdrop (0) | 2022.02.13 |