설강화


I think I know what it means to fall in love
on first sight. The moment I saw that man,
I knew instantly.
မြင်မြင်ချင်းအချစ်..
ဆိုတဲ့စကားရဲ့အဓိပ္ပာယ်က ဘာကိုဆိုလိုမှန်းမသိခဲ့ဘူး
အဲ့ဒီယောကျာ်းနဲ့တွေ့ဆုံခဲ့တဲ့ အခိုက်အတန့်မှာပဲ
ငါ သေချာသဘောပေါက်သွားခဲ့တယ်

သေသွားတဲ့ သားသမီးရဲ့ အသက်တန်ဖိုးကြောင့်
ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ့် မိဘဆိုတာ ရှိမလား

မင်းကို ကြည့်နေရုံအပြင် မတတ်နိုင်တာ
အဲ့ဒါကြောင့်နဲ့တင် ရူးတော့မယ်

အာဏာရဖို့ဆိုရင်
အပြစ်မဲ့တဲ့ပြည်သူတွေကို သတ်တာက
မင်းတို့နိုင်ငံက လူကြီးတွေအတွက်တော့ ဘယ်လောက်ပဲဖြစ်ဖြစ် လုပ်နိုင်တဲ့လုပ်ရပ်ပေမဲ့
ငါတို့နိုင်ငံကတော့ မတူဘူး
နောက်မှာကျန်ခဲ့တဲ့
နောက်ဆုံးရဲဘော်အထိတောင် ပြန်ရှာခဲ့တဲ့နိုင်ငံ
ပြည်သူတွေကို သားသမီးလိုချစ်တဲ့ အမိတိုင်းပြည်က
ငါတို့ကို စွန့်လွှတ်စရာ အကြောင်းမရှိဘူး

အပြစ်မရှိတဲ့သူတွေကို
သူလျှိုလို့ချောက်ချပြီးတော့
လူတွေကိုသတ်ခဲ့တဲ့သူတွေက
ဆုတံဆိပ်တွေချီးမြှင့်ခံရပြီး ဆုငွေတွေရခဲ့တာ
မျိုးချစ်စိတ်နဲ့တာဝန်ထမ်းဆောင်မှုတဲ့လေ

ငါ တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ခိုက်နေတာ
ရဲဘော်တွေရဲ့အသက်ကို ခြေထောက်အောက်ချနင်းတဲ့ကောင်တွေအတွက် တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး

လောကကြီးမှာ အယူအဆနဲ့ စည်းမျဉ်းတွေထက်
အချစ်ကသေချာပေါက် ပိုအရေးပါတာပေါ့
အဲ့ဒါက ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ဘဝရဲ့အမှန်တရားပဲ

သရုပ်ဆောင်ခြင်းအပေါ်
တောက်ပတဲ့ စိတ်ထားအပြည့်ရှိတဲ့သူ
တခြားသူတွေနဲ့ ကောင်းမွန်တဲ့အရာတွေသာ
မျှဝေချင်သူ သရုပ်ဆောင် Kim Misoo ကို အမြတ်တနိုးအမှတ်ရလျက်

❝ ယောင်းရို
Rome ကော်ဖီဆိုင်မှာ မင်းကို ပထမဆုံး
တွေ့ခဲ့တဲ့အချိန်ကို သတိရမိတယ်
ပြိုကျသွားတဲ့ မီးခြစ်ဆံမျှော်စင်ကို တားလိုက်ဖို့
လက်ကမ်းလာတဲ့ မင်းကို တွေ့လိုက်ကတည်းက
အမှန်တိုင်းပြောရရင် အဲ့ဒီအချိန်ကတည်းက
ငါ့စိတ်ထဲမှာ မင်းက နေရာယူသွားခဲ့တာ
ငါက တကယ်လို့များ သာမန်လူငယ်တစ်ယောက်သာ
ဖြစ်နေခဲ့မယ်ဆိုရင်…
အဲ့နေ့တုန်းက ငါ မင်းကို ဒိတ်လုပ်ဖို့
တောင်းဆိုလိုက်မိမှာ..
အဲ့လိုဆို ငါတို့ ချစ်သူတွေဖြစ်သွားလောက်မှာနော်
ကစားကွင်းလည်း အတူတူသွားပြီး
ရုပ်ရှင်တွေလည်း အတူတူကြည့်ပြီး….
အဲ့ဒီလိုမျိုး မင်းနဲ့အတူတူ အကြာကြီး
ရှိသွားချင်ခဲ့ပေမယ့်
ဘာကြောင့်များ ငါက မင်းဘေးမှာ ရှိနေလို့မဖြစ်တဲ့သူ
ဖြစ်နေရတာပါလိမ့်
အဲ့လိုဆိုပေမယ့် ငါ မင်းနဲ့ဆုံခဲ့ရတာအတွက်
နောင်တမရဘူး
အေးစက်တဲ့ ငါ့လိုလူအတွက် ပန်းတွေ ပွင့်စေခဲ့တဲ့
ငါတို့ ယောင်းရို တကယ်ကို ကျေးဇူးတင်ပါတယ်
ငါက ထွက်သွားမှာဆိုပေမယ့်
ငါ… မင်းကို တစ်သက်လုံး သတိရသွားမယ်
အွန်းယောင်းရို ချစ်တယ် ❞

❄️ Thank you ❄️
ဆူဟိုနဲ့ယောင်းရိုလေးကို
ထပ်ပြီး အချိန်ကြာကြာလေး
ပရိတ်သတ်ကြီးရဲ့ရင်ထဲမှာ သိမ်းဆည်းထားပြီး
အမှတ်ရနေမယ်လို့ မျှော်လင့်ပါတယ်…
ကျေးဇူးတင်ပါတယ်
'2021 Kdrama' 카테고리의 다른 글
Now we’re breaking up (0) | 2022.02.15 |
---|---|
The Red Sleeve (0) | 2022.02.13 |
Taxi Driver (0) | 2022.02.12 |
The Devil Judge (0) | 2022.02.12 |
Melancholia (0) | 2022.02.11 |