드라마 다이얼로그

Welcome to Samdal-ri: 웰컴투 삼달리 본문

2023 Kdrama

Welcome to Samdal-ri: 웰컴투 삼달리

드라마 Dialogue 2023. 12. 4. 16:16

ကျွန်မရဲ့မွေးရပ်မြေ ဂျယ်ဂျူမှာဆိုရင်
အမျိုးသမီးတွေ ရေငုပ်ဆင်းကြတဲ့အခါ
စိတ်ထဲမှာ မှတ်သားထားတဲ့အရာတစ်ခုရှိကြတယ်
"ဒီနေ့တစ်ရက်အတွက် လောဘမကြီးကြဘဲ
ကိုယ့်ရဲ့အသက်အောင့်နိုင်တဲ့အထိပဲ ရေထဲမှာပဲနေ..
ကြည်လင်အေးချမ်းတယ်လို့ ထင်ရပေမဲ့
ပင်လယ်ဆိုတာ အန္တရာယ်များတဲ့နေရာမို့လို့ အသက်အောင့်နိုင်တဲ့အထိပဲ တောင့်ခံထားတဲ့
ပြီးတော့ ထပ်ပြီး တောင့်မခံနိုင်တော့ဘူးဆိုရင်
စခဲ့တဲ့နေရာကို ပြန်ပြီးလာခဲ့
အသက်ပြန်ရှူဖို့အတွက်ပေါ့"

나의 고향 제주에서 해녀들을 교육할 때 가장 강조하는 말이 있다
오늘 하루도 욕심내지 말고 딱 너의 숨만큼만 있다 오라고
평온해 보이지만 위험천만한 바닷속에서 당신의 숨만큼만 버티라고
그리고 더 이상 버틸 수 없을 땐 시작했던 물 위로 올라와,
숨을 고르라고.



နင် ချီးတက်နင်းဖူးလား
တက်နင်းမိတဲ့အချိန် အေည်ဂလီဆန်ပြီး ဒေါသထွက်ပေမဲ့
အဲ့ဒီလိုဆိုတိုင်း ငါ့တစ်နေ့တာကို ဖျက်ဆီးလိုက်လို့ မရဘူးလေ
သုတ်စရာရှိတာသုတ်ပြီး လုပ်စရာရှိတာ လုပ်ရမှာပေါ့


မင်းအဆင်ပြေရဲ့လား


ငါကိုယ်တိုင် ရှင်းပြစရာတောင် မလိုတဲ့လူတွေက
ငါ့ကို ဆက်တိုက်မေးနေကြပေမဲ့
ငါပြောပြချင်တဲ့လူတွေကျတော့
ဘာမှ နားမထောင်ချင်ကြဘူးမဟုတ်လား
ဘယ်သူမှ ဘာမှ မမေးကြဘူး


နားမထောင်ပေးကြဘူး
ပြောပြတောင် နားမထောင်ပေးကြဘူး
ကျွန်မက ဘယ်လောက်ပဲ မဟုတ်ဘူးလို့ပြောပြော
နားထောင်ပေးမယ့်မှ မရှိတာကို
ဘယ်လိုလုပ်ရမှာလဲ
ကျွန်မ တစ်ကယ်မဟုတ်ပေမယ့်
ကျွန်မကို ယုံကြည်ပေးမယ့်သူက
တစ်ယောက်မှ မရှိဘူး
အဲ့ဒါကြောင့် အိမ်ကို ပြန်လာခဲ့တာ


နင်က ဘာလို့ ရှက်တာလဲ
ပြီးတော့ နင့်ပုံစံက ဘာဖြစ်ဖြစ်
ဘယ်သူဂရုစိုက်လို့လဲ ပြောရရင် နင်က
ဖောက်ပြန်တာလည်း မဟုတ်ဘူး
အဲ့ဒီဟာတွေက နင့်ကို ဖောက်ပြန်ပြီး
သစ္စာဖောက်ခဲ့တာ မဟုတ်လား
အဲ့ဒါကြောင့် ငါပြောချင်တာက
နင်က နစ်နာသူလို့
နစ်နာသူက ဘာလို့ ရှက်ရမှာလဲ
နစ်နာသူက ရှက်ရမှာ မဟုတ်ဘူးလေ
ခံပြင်းရမှာလေ
အဲ့ဒီကောင်တွေက ရှက်ရမှာကို
နင်ကဘာလို့ ရှက်ရမှာလဲ


ငါ့ကို အနှစ်၃၀ကြာ တွေ့လာခဲ့တယ်ဆိုပေမယ့်
အသက် ၃၀တုန်းက ငါဘယ်လိုနေခဲ့လဲ
၃၁နှစ်မှာ ငါက ဘယ်သူနဲ့တွဲခဲ့လဲဆိုတာ
၃၂နှစ်မှာ ငါက ဘာတွေ တွေးခဲ့လဲဆိုတာ
နင်သိလား
၈နှစ်အတွင်း ငါက ရည်းစား၄ယောက်အပြင်
မထားခဲ့ဘူး
ငါ့လစာက ဆယ်ဆတောင် တိုးသွားတယ်
လူတစ်ယောက်က
အချစ်ရေးအတွေ့အကြုံတိုးလာပြီး
ပိုက်ဆံရှာနိုင်တဲ့ ပမာဏတိုးလာရင်
ဘယ်လိုဖြစ်သွားလဲ သိလား
ပြောင်းလဲသွားတယ်
လူဆိုတာ ပြောင်းလဲတတ်တယ်လို့
အဆင်ပြေချင်ဟန်ဆောင်
မရှုပ်ထွေးချင်ဟန်ဆောင်တာ
အဲ့ဒါက ငါမဟုတ်ဘူးတဲ့လား
မဟုတ်ဘူး အဲ့ဒါကလည်း ငါပဲ
အဲ့ဒါကြောင့် ဆက်တိုက် ငါ့အကြောင်း
အကုန်သိနေသလို ပုံစံမျိုး လုပ်မပြနဲ့


ငါက ဒီအတိုင်း သတိရတယ်လို့ပြောချင်တာ
တွေ့ချင်နေပေမယ့် န်ရောက်လာတော့
ဒီအတိုင်းပျော်လို့ ပြောလိုက်မိပေမဲ့
နင်ကျရှုံးသွားလို့ ပျော်နေတာမျိုး မဟုတ်ဘူး
နင့်ကို ငါက ဘာလို့ ကျရှုံးစေချင်မှာလဲ
နင်နဲ့ပတ်သက်တဲ့သတင်းတွေ ဖတ်ရတုန်းက
ငါ့မှာဘယ်လောက်တောင် ဂုဏ်ယူခဲ့ရသလဲ
ငါတို့က နေ့တိုင်း နေ့တိုင်း ဘယ်လောက်တောင်မှ အားပေးနေခဲ့သလဲ
ငါတို့မလုပ်နိုင်ခဲ့တာကို နင်အကုန်လုပ်နိုင်ခဲ့တယ်လေ
နင့်ကို ငါတို့က ဂုဏ်ယူပြီးတော့
ငါတို့ရဲ့ ဂုဏ်ယူစရာပဲ
အဲ့ဒါကို ငါက ဘာလို့ နင့်ကို ကျရှုံးစေချင်ရမှာလဲ
အဲ့ဒီလို မတွေးဘူး


ငါ အခုကစပြီးတော့
လုပ်ချင်တဲ့အတိုင်း လုပ်ပြီးနေတော့မှာ
မလုပ်ချင်တာကို
သေတာတောင်လုပ်မှာ မဟုတ်ဘူး


နင့်ကြောင့် အကုန်လုံးကို ဆုံးရှုံးခဲ့တာ ငါ
အဲ့ဒါကြောင့်ငါ တစ်ကယ်ပင်ပန်းနေတယ်
ဒါနဲ့ ပင်ပန်းတယ်ဆိုတိုင်း
ငါ့စိတ်တိုင်းကျမဖြစ်ဘူးဆိုတိုင်း
လုပ်လို့မဖြစ်တဲ့ လုပ်ရပ်အထိပါ မလုပ်ဘူး


တစ်ကယ် မျက်နှာပြောင်တိုက်ပြီး ကြိုးကြိုးစားစား တောင့်ခံလာခဲ့တာကို အရင်အတိုင်းပဲ
အားကိုးစရာ တစ်ယောက်မှ မရှိဘူး
ငါနဲ့ ၁၃နှစ်လောက် အလုပ်အတူတူလုပ်လာတဲ့
အယ်ဒီတာဆိုရင် ငါ့သတင်း ထွက်ထွက်လာချင်းပဲ
ငါ့ဖုန်းကို မကိုင်တော့ဘူး
ငါနဲ့မှ မဟုတ်ရင် ဓာတ်ပုံမရိုက်ချင်ပါဘူးဆိုတဲ့
အနုပညာရှင်တွေရောပဲ ကျောခိုင်းသွားကြတယ်
ဆယ်နှစ်ကျော်လောက်
အလုပ်အတူတူလုပ်လာခဲ့တာကို ဘယ်သူမှ ငါ့ကို
“တစ်ကယ်လား မဟုတ်ဘူးမလား” ဆိုပြီး
မမေးကြဘူး “အဆင်ပြေရဲ့လားလို့”
မေးပေးမယ့်လူတစ်ယောက်မှ မရှိဘူး
တော်တတ်လွန်းတဲ့ ဓာတ်ပုံဆရာမဟုတ်တော့ရင်
အသုံးမဝင်တော့ဘူး ဆိုတဲ့သဘောပေါ့
ငါသေလောက်အောင် ပြေးလွှားခဲ့ရတဲ့
ဒီလမ်းကလည်း အခွံလွတ်ကြီး ဖြစ်သွားသလိုပဲ
နှစ် ၂၀အတွင်း ဓာတ်ပုံတွေကိုပဲ ကြည့်ရင်း
ဘဝကြီးကို ရှင်သန်လာခဲ့တာကို
အခုပျောက်ကွယ်သွားတော့ ငါဆိုတာ မရှိတော့ဘူး
မနက်ခင်း နိုးထလာရင်
ဘာလုပ်ရမယ်မှန်းလည်း မသိတော့ဘူး
လူတွေနဲ့ ဘာအကြောင်းတွေ
ပြောရမယ်မှန်းလည်း မသိတော့ဘူး
ဓာတ်ပုံဆရာမဟုတ်တဲ့ ငါက
ဘာလုပ်ပြီး ရှင်သန်လာခဲ့သလဲဆိုတာကို မမှတ်မိဘူး


ငါ သူ့ကို လုံးဝလက်လွှတ်နိုင်ပြီလို့ ထင်မိတဲ့အချိန်မှာ
ငါက သူ့ကို အတွယ်ကပ်ဆုံးဖြစ်နေမလား
မသိတော့ဘူး


လူတစ်ယောက်ကို သဘောကျတာ
အဲ့ဒါက မကောင်းဘူးလို့ ခံစားနေရမဲ့
ကိစ္စမဟုတ်ဘူးလေ
ပြီးတော့ သူများခွင့်ပြုချက်တောင်းပြီး
လုပ်ရမယ့် ကိစ္စလည်းမဟုတ်ဘူး
မင်းရဲ့ခံစားချက်ပဲလေ
အဲ့ဒါကြောင့် မင်းကြိုက်သလိုသာလုပ်


ငါ့အတွက်
နင့်ကို လက်လွှတ်လိုက်ရတာထက်
နင် နာကျင်အောင် ဖမ်းဆုပ်ထားရတာက
ပိုလွယ်ကူနေခဲ့တယ်


တစ်ချို့နေ့တွေမှာတော့
ပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်ခဲ့ပြီးတော့
တစ်ချို့နေ့တွေမှာတော့ လုံးဝကိုမှားယွင်းနေတဲ့ ဆုံးဖြတ်ချက်တွေကို ချမိတတ်တယ်


ပိုက်ဆံရှိမှ ဘဝမှာ ကောင်းတာတွေဖြစ်ပြီး
ကောင်းတဲ့ဘဝတွေရမှာတဲ့လား
လောကကြီးမှာ ပိုက်ဆံနဲ့ဝယ်လို့မရတဲ့
ကောင်းတဲ့အရာတွေအများကြီးပဲ


빛나는 사람의 등 뒤엔 어둠이 있다.
တောက်ပတဲ့သူ နောက်ကွယ်မှာ
အမှောင်ထုရှိတယ်လို့ ပြောကြတယ်
တောက်ပတဲ့အပြုံးနဲ့ ခံ့ညားမှုနောက်ကွယ်မှာ
သတိမထားမိနိုင်တဲ့ အမှောင်တရား


ငါ ဒီလိုစကားမျိုး ပြောဖူးတယ်မလား
သူစိမ်းထက်ပိုဆိုးတာက ရည်းစားဟောင်းဆိုတာ
မသိတဲ့လူနဲ့ အသကနေ သိအောင်လုပ်ရင်း တွဲတာထက် လမ်းခွဲပြီးသားလူနဲ့ပြန်တွဲတာ ပိုပြီး ပင်ပန်းလို့
လမ်းခွဲခဲ့တဲ့အကြောင်းအရင်းက အချိန်တွေကြာတာတောင် ပျောက်ကွယ်မသွားလို့


ဒါပေမဲ့ လမ်းခွဲခဲ့တဲ့အကြောင်းအရင်းက
ပျောက်ကွယ်မသွားရင်တောင်
ကျော်လွှားနိုင်ခဲ့တယ် မဟုတ်လား
လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းထက်
ချစ်ခဲ့တဲ့ အမှတ်တရတွေက ပိုပြီး ခိုင်မာခဲ့ကြလို့
ငါတော့ ငါတို့ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းက
ဘာပဲဖြစ်နေနေ အားလုံးကို ကျော်လွှားနိုင်တယ်


ဘယ်သူမှ အမေ့ကို မကာကွယ်ပေးရင်တောင်မှ
အမေက သူများတွေထက်
၁၀ဆလောက် ပိုသန်မာတယ်
အစကတည်းက ကာကွယ်ပေးရမယ့်သူရှိတဲ့
လူတိုင်း ပိုပြီး သန်မာတတ်ကြတယ်


ပြန်မရပ်နိုင်အောင် နင်းခြေမယ်ဟုတ်လား
ဒါဆို တစ်ခါလောက်ထပ်ပြီး နင်းကြည့်လိုက်စမ်းပါ
ငါက ငါ့ကလေးကို ချော်လဲတဲ့နည်းလမ်းကို
မသင်ပေးခဲ့ရင်တောင် ပြန်ရပ်တဲ့နည်းလမ်းကိုတော့ သင်ပေးခဲ့တယ်
အကြိမ်တစ်ရာ အကြိမ်တစ်ထောင်လောက်
ပြန်ရပ်လိုက်ဦးမှာ


ဘူဆန်းဒို: တစ်နေ့တော့ ငါ့မှာ အခွင့်အရေးရှိလာမှာပါ
ဒီလိုတွေးပြီးတော့ အဲ့ဒီနေ့ကိုပဲ စောင့်နေခဲ့တာ
အခုထိလည်း စောင့်နေတုန်းပဲ
ငါ့အတွက်အခွင့်အရေး ရလာနိုင်သေးတယ်လို့
ထင်ပေမဲ့လည်း တစ်ဖက်မှာလည်း ဘယ်တော့မှ
ဖြစ်မလာနိုင်ဘူးလို့ ထင်မိပြန်ရော
ငါလည်း သေချာမသိတော့ဘူး
အဲ့ဒီအခွင့်အရေးက ဘယ်တော့မှ မရလာဘူးလို့
ခံစားရရင်ရော?

ဂျိုဆမ်းဒါ: ဒါဆိုရင်တော့ လက်လျှော့ရမှာပေါ့

ဘူဆန်းဒို: ဒါဆို ဒီအတိုင်း လက်လျှော့လိုက်ရမှာများလား

ဂျိုဆမ်းဒါ: ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုရင်
လက်လျှော့လိုက် အဲ့ဒါက ဒီအတိုင်း
တစ်ဖက်သတ်အချစ်ပဲ

ဘူဆန်းဒို: နင်ရော မဖြစ်လာနိုင်ဘူးလို့ထင်ရင်
နင်လည်း ဒီအတိုင်း လက်လျှော့လိုက်တာလား?

ဂျိုဆမ်းဒါ: မဟုတ်ဘူး
ငါကတော့ ဒီအတိုင်း တစ်ဖက်သတ်ပဲ ချစ်ချင်တယ်
ဒါပေမဲ့ နင်တော့ မလုပ်နဲ့
ငါက အတွေ့အကြုံအရပြောပြတာ
မလုပ်စမ်းပါနဲ့
မျှော်လင့်ချက်မရှိဘဲ ဆက်ချစ်ရတာက
အရမ်းပင်ပန်းရတယ်
နင်တော့ မဖြစ်ရင် ကောင်းမှာပဲ


ဝမ်းနည်းမှုက ငါတို့ဘဝကို တစ်ခါတည်းနဲ့ ဝါးမျိုပစ်လိုက်တဲ့ အချိန်မျိုးလည်း ရှိခဲ့တယ်
အဲ့ဒီအချိန်တုန်းက ကိုယ့်နည်းလမ်းနဲ့ကိုယ်
ဒီဝမ်းနည်းမှုကို သည်းခံဖို့ကလည်း
ခက်ခဲခဲ့တယ်
အချင်းချင်းရဲ့ နာကျင်မှုတွေအတွက်
ထွေးပွေ့နိုင်စွမ်းမရှိခဲ့ကြဘူး
အဲ့ဒီအချိန်တုန်းက ငါတို့ရဲ့ ဝမ်းနည်းမှုတွေက
နာကျင်မှုတွေအများကြီးကို ချန်ထားရစ်ခဲ့တယ်


အခွင့်အရေးမရှိခဲ့တာ အခွင့်အရေး
ဘယ်လောက်ပဲ သေချာဆောက်ထားတဲ့ အဆောက်အဦးဖြစ်ဖြစ်
နှစ်ပေါင်း ၃၀ကျော်လာရင်တော့
အက်ကြောင်းလေးတွေ ပေါ်လာနိုင်တာပဲလေ
ဒါပေမဲ့ ဘယ်လိုလုပ် အခုထိ ငါဝင်သွားလို့ရမယ့် ဝင်ပေါက်သေးသေးလေးတောင်
သူတို့ကြားမှာ မရှိတာလဲ


နေ့တိုင်း မြန်မြန်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ
ပြဿနာမတက်ဘဲနဲ့ ငါ့ပုံစံအတိုင်းနေနိုင်တဲ့
တစ်ခုတည်းသော နည်းလမ်းက
ငါ့ရဲ့ဇာတိ ဆမ်းဒါရီမှာပဲရှိတယ်


ငါ့အပေါ်မှာထားရှိတဲ့ များပြားလှတဲ့
အမုန်းတရားတွေကြောင့် တားဆီးခံထားခဲ့ရပြီး
မမြင်နိုင်ခဲ့တဲ့အရာတွေ ရှိခဲ့တယ်
ငါ့အပေါ်ထားရှိတဲ့ များပြားလှတဲ့
ချစ်ခြင်းမေတ္တာတွေကိုပေါ့
ဒါတွေက ဆိုးလ်မှာရှိနေတာကိုလည်း
ငါက သတိမထားမိခဲ့ရုံပါပဲ
အရမ်းနွေးထွေးတယ်ဆိုတဲ့ အဖြစ်မှန်ကိုပေါ့


ဒီနေ့လည်း ကျွန်တော်တို့
လောဘမကြီးဘဲ အသက်ရှူခွင့်ရသလောက်လေးပဲ
နေထိုင်ပါတယ်
ပြီးတော့ ကျွန်မတို့ အသက်ရှူမဝတဲ့အခါတိုင်း
ဒီနေရာကို ပြန်လာကြမှာပါ
ငါတို့ရဲ့ စမ်းချောင်းငယ်လေး ဆမ်းဒါရီ


돌아올 곳이 있다는 건,
우릴 얼마나 안심하게 만드는지
ပြန်သွားစရာနေရာလေးရှိတာ
ဘယ်လောက် စိတ်သက်သာရာ ရလိုက်သလဲ


ထွက်ပေါက်လိုအပ်တဲ့အချိန်တိုင်း ပြန်ကြည့်စရာဇာတ်ကားတစ်ကားအဖြစ် Welcome to Samdal-ri က အမြဲရှိနေမှာပါ

ထပ်ပြီး အချိန်ကြာကြာလေး အမှတ်ရနေပေးပါဦး ကျေးဇူးတင်ပါတယ်


Photo Crd original creator

“사랑은 피워도, 침묵 속에 피워라”
“အချစ်တွေ ဖူးပွင့်လာရင်တောင်
တိတ်တိတ်လေးပဲ ဖူးပွင့်ပါ”

사랑은 피워도, 침묵 속에 피워라”
အချစ်တွေ ဖူးပွင့်လာရင်တောင်
တိတ်တိတ်လေးပဲ ဖူးပွင့်ပါ

우연한 스침조차 그대에게 미안한 일 될까 봐
တိုတောင်းလွန်းတဲ့ တွေ့ဆုံမှုလေးကတောင်
မင်းအတွက် အနှောက်အယှက်ဖြစ်သွားမလား

너와 나, 그곳을 떠나 어디쯤 있을까
မင်းနဲ့ငါ, ထွက်သွားပြီးနောက်
ဘယ်လောက်ဝေးသွားကြပြီလဲ

어느 먼 곳, 어딘가 있든 그대여
ဘယ်လောက်ဝေးဝေး ဘယ်မှာပဲဖြစ်ဖြစ်

시리겠지만 아무도 모르게 침묵 속에 사랑을 피워라 နာကျင်မှာသိပေမဲ့ ဘယ်သူမှ မသိဘဲ
နာနာကျင်ကျင်နဲ့ တိတ်တိတ်လေး ချစ်ကြမယ်

바짝 날이 선 칼날이 쓰임에 무뎌지듯
အချိန်ကြာရင် အရောင်မှိန်သွားမယ့်
ဓားသွားတစ်ခုလို

시리다 시리다
နာကျင်မှုတွေ နာကျင်မှုတွေ

무뎌질 정도만 홀로 사랑을 피우자
အရောင်မှိန်သွားမယ့်အချိန်အထိ
ငါတစ်ယောက်ထဲ ချစ်ခွင့်ပေးပါ

'2023 Kdrama' 카테고리의 다른 글

Tell Me That You Loved Me: 사랑한다고 말해줘  (0) 2023.12.03
Castaway Diva: 무인도의 디바  (0) 2023.10.30
Arthdal Chronicles: The Sword of Aramun  (0) 2023.10.28
Moving: 무빙  (0) 2023.10.08
Behind your Touch: 힙하게  (0) 2023.10.04