





ဘယ်လောက်ပဲ အရသာရှိတဲ့ အစားအစာမျိုး ဖြစ်နေပါစေ
ကိုယ်မကြိုက်တဲ့သူနဲ့ စားရရင် အရသာမရှိဘူးတဲ့
အထွေအထူးမဟုတ်တဲ့ အစားအစာမျိုး ဖြစ်နေရင်တောင်
လူကောင်းနဲ့စားရင် အကုန်လုံး အရသာရှိနေတယ်လို့
ခံစားရတယ်တဲ့

ခွေးတစ်ကောင်ကိုမှ မတတ်နိုင်ရင်
သက်သက်မဲ့ အစကတည်းက မပျိုးထောင်နဲ့
ပျိုးထောင်မယ်ဆိုရင်လည်း စွန့်ပစ်ဖို့ မလုပ်နဲ့
စွန့်ပစ်မယ်ဆိုရင်လည်း လူလိုသူလို စွန့်ပစ်လိုက်

အသက် ၂၁ နှစ်အရွယ်ကို ပြန်ရောက်ချင်တယ်
အဲဒီတုန်းက အရမ်းငယ်သေးတော့ သစ်လွင်တောက်ပတဲ့
အရာတွေကပဲ ကောင်းတဲ့အရာလို့ စဉ်းစားခဲ့မိတာ
တကယ်တမ်း တန်ဖိုးရှိတဲ့အရာက
ငါ့ဘေးနားမှာရှိနေတဲ့လူတစ်ယောက်ဖြစ်ခဲ့တာကို
လူက အရူးလိုပဲ လက်လွတ်ဆုံးရှုံးခံလိုက်ရတော့မှ နောင်တရခဲ့တာ အဲဒီအချိန်ကိုသာ ပြန်သွားလို့ရမယ်ဆိုရင်
ပြန်ပြီး ဆုပ်ကိုင်ချင်မိတယ်

လောကမှာ အဲ့ဒါက အခက်ဆုံးပဲလေ
လူတွေရဲ့စိတ်ကို နားလည်အောင်လုပ်ရတာက

ဘယ်သူဖြစ်ဖြစ်
မကောင်းတဲ့အတွင်းစိတ်တော့ နည်းနည်းရှိတတ်ပါတယ် မြင်ရတာက အားလုံးမဟုတ်ဘူး
အဲဒါကြောင့် လွယ်လွယ်နဲ့ လူတွေကိုမယုံပါနဲ့

အဲဒီလိုဆိုပေမဲ့လည်း ကျွန်မက ယုံချင်ပါတယ်
ဒါကတကယ်မဟုတ်ဘူးလို့ထင်ရလည်း
လူတိုင်းကို သံသယဖြစ်နေဖို့ထက်
ယုံကြည်ပေးလိုက်ဖို့က ပိုလွယ်ကူလို့ပါ

လူတွေဆိုတာ တစ်ခါတစ်လေ
အတွင်းစိတ်နဲ့ ပြောလိုက်တာနဲ့ မတူတာမျိုးရှိတယ်
သူနဲ့စကားပြောပြီး သူ့နေရာကနေ ဝင်မကြည့်သရွေ့
မသိနိုင်ဘူ
'2023 Kdrama' 카테고리의 다른 글
Arthdal Chronicles: The Sword of Aramun (0) | 2023.10.28 |
---|---|
Moving: 무빙 (0) | 2023.10.08 |
My Dearest: 연인 (0) | 2023.09.14 |
See You In My 19th Life: 이번 생도 잘 부탁해 (0) | 2023.07.18 |
King the land: 킹더랜드 (0) | 2023.07.16 |