일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- YumiCells
- TheRedSleeve
- MrSunshine
- DrRomantic
- RacketBoys
- TwentyFiveTwentyOne
- YouthOfMay
- TheDevilJudge
- 18Again
- ForecastingLoveandWeather
- BeMelodramatic
- LeeJeHoon
- YumiCells2
- Taxidriver
- LeeJunho
- HometownChaChaCha
- TheKingsAffection
- OurBlues
- NowWeAreBreakingUp
- HymnOfDeath
- DaliandCockyPrince
- KimSeonHo
- startup
- WhyHer?
- WiseMountainvillageLife
- ChicagoTypewriter
- HighClass
- OurBelovedSummer
- CrashLandingOnYou
- Remarriageanddesires
- Today
- Total
드라마 다이얼로그
Arthdal Chronicles: The Sword of Aramun 본문
လူတွေရဲ့စိတ်က
အလိုလောဘနဲ့ ဆိုးယုတ်တဲ့ဆန္ဒတွေနဲ့ပဲ
ပြည့်နှက်နေတာ
မှန်ကန်တဲ့ဆီကိုသွားတဲ့လမ်းမှာ
မမှန်ကန်တာတွေနဲ့ အပြည့်ဖြစ်နေမှာ
နေနတ်ဘုရားက မြေကိုပေးပေမဲ့ သီးနှံတွေကိုတော့ မပေးပါ
နေနတ်ဘုရားက ရွက်လွှင့်နိုင်မဲ့လေကို ပေးပေမဲ့
သင်္ဘောကိုတော့ မပေးပါ
နတ်ဘုရားက ပေးတဲ့မြေပေါ်မှာ သီးနှံစိုက်ပျိုးတာက
လယ်သမားတွေရဲ့ အလုပ်ဖြစ်ပြီးတော့ နတ်ဘုရားပေးတဲ့ လေကို
အသုံးချပြီးတော့သင်္ဘော၊လှေတွေတည်ဆောက်ပြီးတော့
ရွက်လွှင့်တာက တံငါသည်တွေရဲ့ အလုပ်ပါ
အဲဒါဆိုတော့ နတ်ဘုရားကပေးတဲ့ သဲလွန်စတွေနဲ့ အဖြေကို
ရှာတာက ယုံကြည်သူတွေရဲ့ အပိုင်းပါ
သွေးဆိုတာက ဘာမလို့လဲ
မြင့်မြတ်တယ် မမြင့်မြတ်ဘူးဆိုတာ ရှိပါရဲ့လား
သွေးက ဒီတိုင်းသွေးပါပဲ
ဘာအရောင်ပဲဖြစ်ဖြစ်
ရန်သူနဲ့ စစ်မှန်တဲ့မိတ်ဆွေကို ခွဲခြားသိမြင်နိုင်ဖို့က
သေရင်းရှင်ရေးကလွဲရင် တခြားနည်းလမ်း မရှိဘူး
နတ်ဘုရားက လူတွေကို မကယ်တင်ဘူး
လူတွေကို ကယ်တင်နိုင်တဲ့သူက လူတွေပဲ ရှိတယ်ဆိုတာကို
အချင်းချင်း ရိုင်းပင်း မကူညီကြဘူးဆိုရင်
အားလုံး အဆုံးသတ်သွားကြလိမ့်မယ်လို့
နတ်ဘုရားရဲ့ အမည်နာမနဲ့ပဲဖြစ်ဖြစ် ခြိမ်းခြောက်ရမှာပေါ့
လူဆိုတာ လူသားတွေကြားမှာ နေထိုင်တဲ့အခါ
အကုန်လုံးကဂါလ်မာပဲ မဟုတ်လား
အသက်ရှင် နေထိုင်တယ်ဆိုတာကိုက ဂါလ်မာ
အဲဒီဖြစ်တည်မှုပဲလေ
အဲ့ဒါကြောင့် နာကျင်ရပေမဲ့ ပျော်ရွှင်ပြီး
နှစ်သိမ့်ခံရတယ်
အရမ်းကို ထူးကဲတာမျိုးလည်း ခံစားရတယ်
(ဂါလ်မာ - ရန်ကြွေး, ကျေးဇူးကြွေး မှန်သမျှကို
ပြန်ပေးဆပ်ရခြင်း)
အားနည်းမှုက အပြစ်မဟုတ်တဲ့ လောက
အင်အားမရှိတာက အပြစ်မဟုတ်တဲ့ လောက
အဲလိုလောကကြီးက နှစ်တစ်သောင်းကြာတောင်
ဖြစ်မလာဘူးဆိုရင်တောင်
ဒါပေမဲ့လည်း ဆက်သွားရမှာပဲ
အရေးကြီးတာက ဦးတည်ချက်မို့လို့
မင်းရဲ့ ရည်ရွယ်ချက်က မင်းရဲ့ သေဆုံးမှုနဲ့တင် အဆုံးသတ်ပေမဲ့
ကျုပ် သွားမယ့် လမ်းကြောင်းက
ကျုပ် သေဆုံးသွားပြီးတာတောင် ရှေ့ဆက်ရှိနေဦးမှာ
ခင်ဗျားက အာရာမွန် ဖြစ်လာဖို့ တစ်ခုခုကို လုပ်ခဲ့ပေမဲ့
ကျုပ်က တစ်ခုခုကို လုပ်ဖို့အတွက် အာရာမွန်ဖြစ်လာချင်တာ..
လူတိုင်းက သူတို့ရွေးချယ်လိုက်တဲ့
ကမ္ဘာကြီးမှာနေနေကြတာ
သေချာပေါက် နာကျင်ကြမ်းတမ်းခဲ့တဲ့
အတိတ်ကို ရွေးချယ်ဖို့ မလိုအပ်ဘူး
အနာဂတ်လည်း ထို့အတူပဲ
ကိုယ့်ဘာသာရွေးချယ် ဘယ်လိုနေထိုင်မလဲ
ဘယ်သူအဖြစ်နဲ့ နေထိုင်မလဲ
မင်းရဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပေါ်မူတည်ပြီးပေါ့
ဒီကမ္ဘာကြီးမှာ ပျင်းဖို့အကောင်းဆုံး ဒေါသက
အမုန်းတရားတွေပဲ
ဒီအမုန်းတွေကို နေရာတကာလိုက်သုံးနေရင်
နောက်ဆုံး ကိုယ့်ဆီကို ပြန်ရောက်လာလိမ့်မယ်
သိတယ်
ပြည်သူတွေက မဖြူစင်ကြဘူးဆိုတာကို
ကိုယ့်ကိုယ်ကိုယ်အပြင် မသိဘူး တစ်ခါတလေမှာ ရက်စက်ပြီး လိုချင်တပ်မက်မှုတွေ ပြည့်နှက်နေတယ်
ဒါပေမဲ့လည်း အမြဲတမ်း သူတို့ပဲမှန်တယ်ဆိုပြီး
ယုံကြည်နေကြတယ်ဆိုတာကိုလည်း သိတယ်
ဒါပေမဲ့ ထပ်ပြီးတော့ သိသေးတာပေါ့
ပြည်သူတွေက ရေနဲ့တူလို့
ထည့်လိုက်တဲ့ပန်းကန်လုံးအလိုက် ပုံသဏ္ဌာန်ပြောင်းလဲသွားတယ်ဆိုတာကို
မတော်ရင် မင်း ဖန်တီးတဲ့ ကမ္ဘာကြီးထဲမှာ နေနေရလို့ အဲဒီပုံသဏ္ဌာန်မျိုး ဖြစ်နေတာလားတောင်
မသိနိုင်ဘူးဆိုတာကို
အခု ပန်းကန်လုံးအသစ်ကို ဖန်တီးဖို့ လိုနေပြီဆိုတာကို
ကြောက်ရွံ့ခြင်းက မုန်းတီးခြင်းရဲ့စတင်ခြင်းမို့လို့
ကြောက်ရွံ့ခြင်းကို စွန့်ပစ်လိုက်ပါ
ကြောက်ရွံ့ခြင်းကို စွန့်ပစ်ပြီး မုန်းတီးမှုကိုပြန်ရုတ်သိမ်းလိုက်ပါ
ငါ့ရဲ့ပြည်သူတို့
ငါတို့ဟာ ငါတို့ကြောက်ရွံ့သမျှ အရာအားလုံးကို
ဖျက်ဆီးပစ်ခဲ့ကြတယ်
ကြောက်ရွံ့သမျှ အရာအားလုံးကို မုန်းတီးခဲ့ကြတယ်
ကြောက်ရွံ့သမျှ အရာအားလုံးကို အထင်သေးခဲ့ကြတယ်
ကြောက်ရွံ့သမျှ အရာအားလုံးကို ဖိနှိပ်ခဲ့တယ်
နွယ်အန်ထာတွေကိုရော သွေးနှောတွေကိုရော
အီအာရာခ့်က လူသားတွေကိုရော အာဂိုမျိုးနွယ်စုကိုရော
မရေမတွက်နိုင်တဲ့ သူစိမ်းတွေအပေါ်မှာအဲ့ဒီလိုလုပ်ခဲ့တယ်
နှစ်ပေါင်းများစွာကြာအောင် မျက်ရည်တွေက စမ်းချောင်းတွေ
ဖြစ်ခဲ့ပြီး သွေးတွေက မြစ်တစ်စင်းလို စီးဆင်းခဲ့တယ်
'2023 Kdrama' 카테고리의 다른 글
Tell Me That You Loved Me: 사랑한다고 말해줘 (0) | 2023.12.03 |
---|---|
Castaway Diva: 무인도의 디바 (0) | 2023.10.30 |
Moving: 무빙 (0) | 2023.10.08 |
Behind your Touch: 힙하게 (0) | 2023.10.04 |
My Dearest: 연인 (0) | 2023.09.14 |