드라마 다이얼로그

Tell Me That You Loved Me: 사랑한다고 말해줘 본문

2023 Kdrama

Tell Me That You Loved Me: 사랑한다고 말해줘

드라마 Dialogue 2023. 12. 3. 01:09

ငါတို့က အရမ်းကွာခြားနေတာက
အကြောင်းအရင်းဖြစ်နိုင်ပါ့မလား
ဒီလောကကြီးမှာ
တစ်ပုံစံတည်းတူနေတဲ့လူ ဘယ်မှာရှိလို့လဲ
လက်တစ်ဖက် ဆုံးရှုံးသွားတဲ့လူတစ်ယောက်က
လက်တစ်ဖက်တည်းရှိတဲ့ တခြားလူတစ်ယောက်နဲ့ချစ်ရင် အဆင်ပြေလောက်မလား?

ဘယ်လောက်မှမကြာသေးခင်
အချင်းချင်းမုန်းပြီးတော့
နာကျည်းသွားကြမလားဆိုတာ သေချာမသိပေမဲ့
ဟုတ်တယ်
အဲလိုဖြစ်တယ်လို့ပဲ ထားလိုက်ရအောင်
ဒါဆို နာကျည်းပြီးတော့ မုန်းတီးသွားတဲ့အချိန်ထိတော့
ဘေးမှာရှိနေလည်း ရလောက်တာပဲ မဟုတ်ဘူးလား

အရာအားလုံးက မုန်းတီးသွားတဲ့အချိန်အထိတော့
ကြိုးကြိုးစားစားနဲ့ အကုန်လုပ်ကြည့်လည်းရတာပဲ
မဟုတ်ဘူးလား
ပုံစံတစ်ခုတည်း…
နှလုံးသားအရွယ်အစားတူ မဟုတ်လောက်ဘူးဆိုရင်တောင်
အဲ့ဒါကြောင့် နည်းနည်းလောက်တော့
မတရားလောက်ဘူးဆိုရင်တောင်
"အဲဒီအချိန်ထိတော့
ငါတို့ ချစ်လည်းရလောက်တယ် မဟုတ်ဘူးလား.."


တခြားသူတွေနဲ့အတူတူနေထိုင်သွားဖို့အတွက် ကြိုးစားမှဖြစ်မယ်ဆိုတာက သေချာပေါက် ငါ့တာဝန်လို့ တွေးခဲ့တယ် 
လောကကြီးမှာ မကြိုးစားလည်း ကြားနိုင်တဲ့သူတွေက အများကြီးရှိနေတာမို့ 
ဒါပေမယ့် ဒီများလွန်းလှတဲ့လူတွေထဲက တစ်ယောက်က ချဉ်းကပ်လာပြီး အရင်နှုတ်ဆက်တယ် 
ငါ့ကို နောက်ထပ်တွေ့ရလို့ ဝမ်းသာတယ်ဆိုပြီး 
ပြင်ဆင်ထားတဲ့စကားကို ဖြည်းဖြည်းချင်း ပြောပြီးနောက်မှာတော့ ရယ်လိုက်တယ် 
ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်တဲ့စကားလုံးတွေမှာ ဘာအတွေးတွေဒီလောက်များနေလဲဆိုတဲ့သဘောနဲ့
ငါ့ကိုကြည့်ပြီး ရယ်နေတယ်


ကျိုးပျက်နေတယ်ထင်ခဲ့တဲ့ စန္ဒယားကို နားနဲ့ကပ်ကြည့်တုန်းက ခံစားခဲ့မိတဲ့ တုန်ခါမှု 
ကြည့်ရတာ အဲအခိုက်အတန့်မှာ ရုတ်တရက် သိသွားတယ်ထင်တယ် 
ငါကသာ မကြားနိုင်တာ လောကကြီးကတော့ အရင်အတိုင်းပဲ ဆူဆူညံ့ညံ့ လည်ပတ်နေတုန်းပဲဆိုတာကိုပေါ့


ကိုယ်အသက်ရှူနေတယ်လို့တောင် သတိမထားမိတဲ့အချိန်က အသက်ရှူလို့ သက်သောင့်သက်သာအရှိဆုံးအချိန်တဲ့ 
ကိုယ်အသက်ရှူနေတယ်လို့ သတိထားမိတဲ့အချိန်ကစပြီး နှာခေါင်းကနေဝင်လာပြီး ပါးစပ်ကနေ လေပြန်ထုတ်တဲ့အခါ 
ဝင်လေထွက်လေကြားက စက္ကန့်ကို ရေတွက်ကြည့်ရင် 
အရမ်းကို သဘာဝဆန်ပြီး အလွယ်ကူဆုံးဖြစ်တဲ့အဲ့ဒီအရာက သက်သောင့်သက်သာမရှိဘဲ ခက်ခဲလာစေပါတယ် 
မိသားစုလည်း အဲဒီလိုပါပဲ 
အမေက အမေဖြစ်ပြီး 
အဖေက အဖေပဲဖြစ်လို့ အရမ်းရိုးရှင်းပါတယ် 
အချင်းချင်းအကြောင်း ထူးထူးခြားခြားတွေးစရာမရှိတဲ့အချိန်က သက်သောင့်သက်သာအရှိဆုံးပါပဲ 
အနေခက်လာတဲ့အချိန်ကတော့ အဲ့ဒီလိုမျိုး စတင်လာခဲ့ပါတယ် 
ဒီအတောအတွင်း ကိုယ့်မှာအမြဲရှိခဲ့တဲ့အရာတွေက ဆက်မရှိနိုင်တော့ဘူးဆိုတာကို နားလည်သွားတဲ့အချိန်ပေါ့ 
လေလိုမျိုး ကိုယ့်နားမှာအမြဲရှိနေတဲ့ မိသားစုတောင်မှ ရုတ်တရက်ကြီး ထူးဆန်းသွားပြီး ကိုယ့်ကိုပင်ပန်းစေတတ်တဲ့အချိန်တွေ ရှိတတ်တယ် 

စကားပြောနိုင်တဲ့လူတစ်ယောက်နဲ့ ပြောတာကို မကြားနိုင်တဲ့လူတစ်ယောက် တွေ့ဆုံဖို့ လွယ်ကူမှာတော့မဟုတ်ဘူးပေါ့ 
အဲဒီစကားက မှန်တယ်လို့ ယုံကြည်ပါတယ် 
ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်မှာ အသက်ရှူဖို့တောင် မေ့လျော့စေလောက်အောင် ကျွန်မကြောက်လန့်ခဲ့တဲ့ အဲဒီတိတ်ဆိတ်မှုက သူ့ရဲ့တိတ်ဆိတ်တဲ့လောကကြီးက ကျွန်မကို သက်သောင့်သက်သာရှိစေခဲ့တယ်


တူတူပုန်းတမ်းကစားတဲ့အချိန်မှာ အရမ်းဂရုတစိုက်မပုန်းသင့်ဘူး 
အရမ်းသိသာအောင်လည်း မပုန်းချင်ဘူး ကစားရတာ ပျင်းဖို့ကောင်းလို့ 
လိုက်တဲ့လူ ရှာရခက်တဲ့နေရာတို့ မမိလောက်မဲ့နေရာတွေမှာလည်း မပုန်းသင့်ဘူး 
လိုက်တဲ့လူမမြင်အောင် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲသွားပုန်းရင် တစ်ချိန်ထဲမှာခံစားချက် ၂ခုကို ခံစားမိလိမ့်မယ် 
ရှာမတွေ့စေချင်တဲ့စိတ်ရယ် ပြီးတော့  ငါ့ကို ရှာတွေ့စေချင်တဲ့စိတ်ရယ် 

ရှာမတွေ့စေချင်တဲ့စိတ်နဲ့ ငါ့ကိုရှာတွေ့စေချင်တဲ့စိတ် 
အစွန်းနှစ်ဖက်က ခံစားချက်တွေလိုမျိုး ထင်ရပေမဲ့ တစ်ကယ်တော့ ငါမျှော်လင့်ခဲ့တာက တစ်ခုပဲရှိတယ် 

အရင်လိုမျိုး စကားတွေမပြောနိုင်ကြတော့ရင်တောင် အပြောင်းအလဲမရှိ ငါတို့သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ဦးမလားလို့ သိချင်မိခဲ့တယ်


အရင်ကတော့ တစ်နေရာရာကို သွားနေတဲ့အချိန်မှာရော နားနေတဲ့အချိန်မှာရော သီချင်းကိုနားမထောင်ရင် အရမ်းကိုပျင်းစရာကောင်းပြီး ဟာတာတာကြီးဖြစ်နေခဲ့တာ 
ဒါပေမဲ့လေ အသံတွေမရှိဘဲနေရတာလည်း မဆိုးပါဘူး 
တိတ်ဆိတ်နေတဲ့အချိန်ကလည်း သက်သောင့်သက်သာဖြစ်စေတယ်


ဘာပဲဖြစ်ဖြစ် လူသားတွေရဲ့ဆက်ဆံရေးမှာ ပြဿနာတော်တော်များများက မလိုတဲ့စကားတွေ အများကြီးပြောလို့ ဖြစ်လာတာတွေချည်းပဲ


ရိုင်းပျသလိုဖြစ်မလားမပြောတတ်ပေမယ့် အမှန်အတိုင်းပြောရရင် အားကျမိပါတယ် 
နားအမြဲတမ်းကြားနေရတယ်ဆိုတာက စိတ်ဆင်းရဲရတဲ့အချိန်တွေလည်း အများကြီးရှိပါတယ် 
ကြားနေရတဲ့အခိုက်အတန့်တိုင်းကိုတော့ ကျေးဇူးတင်စိတ်မဖြစ်မိပါဘူး 

ဟုတ်တယ် တစ်ခါတစ်လေကျရင် မကြားရတာလည်း အဆိုးကြီးမဟုတ်ဘူး 
တစ်ချို့စကားလုံးတွေက မကြားနိုင်လို့ ရလာတဲ့စိတ်ဒဏ်ရာထက် ပိုနက်နဲတဲ့အမာရွတ်ကို ပေးတတ်ကြတာမို့လို့


ဘဝမှာ နားကြားရတယ်ဆိုတိုင်း ကောင်းတာတွေပဲ ဆက်တိုက်ဖြစ်တာမဟုတ်ဘူး
မကြားရဘူးဆိုပြီးတော့လည်း ဆိုးတာတွေပဲ ဆက်တိုက်ဖြစ်တာမဟုတ်ဘူး


ပြီးဆုံးသွားတဲ့အချိန်တွေမှာ ဘာအင်အားမှမရှိဘူး


ဟိုးအရင်တုန်းက တောင်တွေထဲမှာ ၇နှစ်ကျော်ကြာတဲ့အထိ ကျွန်တော်တစ်ယောက်ထဲနေခဲ့တာပါ 
စွန့်ပစ်ထားတဲ့ကွန်တိန်နာထဲမှာနေရင်းနဲ့ ပန်ူချီတွေပဲ ဆွဲခဲ့တာပါ 
ဒီလိုနဲ့ငြီးငွေ့လာရင် အိပ်လိုက် 
နိုးလာရင် ပြန်ဆွဲလိုက်နဲ့ ဒီလိုနဲ့အသိစိတ်ကပ်ကြည့်လိုက်တော့ 
သတိလစ်ပြီးလဲကျသွားတာလား 
အိပ်ပဲပျော်သွားတာလားဆိုတာ မသိနိုင်တဲ့အထိ ပန်းချီတွေပဲဆွဲခဲ့တာပါ 
ဒီလိုနဲ့ တစ်နေ့မှာ မုန်တိုင်းတိုက်တာ့ ကွန်တိန်နာထဲကို ရေတွေလျှံလာခဲ့ပါတယ် 
ရှိသမျှအရာအားလုံးဆုံးရှုံးလိုက်ရတော့ ပိုပြီးတော့တောင် စိတ်သက်သာရာရသွားပါတယ် 
ကိုယ်တိုင်ဆွဲခဲ့တဲ့ ပန်းချီကားတွေကပါ ကိုယ့်အပိုင်မဟုတ်တော့တဲ့အခါ 
ထာဝရသိမ်းထားလို့မရဘူးဆိုတာကို  နားလည်လာခဲ့ပါတယ် 
အဲ့ဒါကြောင့် စိတ်သက်သာရာရခဲ့တာပါ 
ကျွန်တော့်ရဲ့မိသားစု အကြားအာရုံ ပြီးတော့ ကျွန်တော်ချစ်ရတဲ့သူတွေအထိ အဲ့ဒါကြောင့်မို့ အချိန်တော်တော်ကြာတဲ့အထိ ဝမ်းနည်းပြီး ပင်ပန်းခဲ့ရပါတယ် 
အသကတည်းက ကိုယ့်အပိုင်မဟုတ်ဘူးဆိုတာကို လက်ခံလာနိုင်ပြီးနောက်မှာတော့ ပြန်ထလာနိုင်ခဲ့ပါတယ်


အချင်းချင်း ကောင်းကောင်းသိကြတယ်ဆိုတာက သေချာပေါက်ကောင်းတဲ့အရာတော့မဟုတ်ဘူးပေါ့ 
ချစ်ရတဲ့လူကို ပျော်ရွှင်အောင်ဘာလုပ်ပေးသင့်တယ်ဆိုတာကို 
တစ်ခြားလူတွေထက်ပို ကောင်းကောင်းသိနေပြီး လမ်းခွဲတဲ့အချိန်မှာ ဘယ်လိုလုပ်ရင် အနာကျင်ဆုံးဖြစ်မယ်ဆိုတာကို ကောင်းကောင်းနားလည်နေတာမို့လို့ပါ 
ကိုယ့်အကြောင်း အသိဆုံးလူက လောကမှာ အကြီးမားဆုံးချစ်ခြင်းမေတ္တာတွေ ကိုယ့်ကိုပေးနိုင်သလို 
အကြီးမားဆုံးနာကျင်မှုကိုလည်း ပေးနိုင်တဲ့လူဖြစ်တယ် 
ငါ့ရဲ့ပထမဆုံးအချစ်က သေချာတောင်မသိတဲ့လူတစ်ယောက်ကို သေချာနားလည်ချင်တဲ့စိတ်ကနေ စတင်ခဲ့ပြီး 
ပထမဆုံးလမ်းခွဲမှုကတော့ သူ့အကြောင်း ငါအသိဆုံးပဲလို့ ယုံကြည်ထားရတဲ့လူက လုံးဝသူသိမ်းဖြစ်သွားသလို ခံစားရတဲ့အချိန်မှာ စတင်ခဲ့တယ်


ဗိုက်ပြည့်နေရင်တောင် ဗိုက်ဆာပြီး သေတတ်တာပဲဆိုတဲ့ စကားရှိတယ် 
ရောင့်ရဲတတ်ဖို့ မသင်ယူထားရင် ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး


ဘယ်သူမှမသိခဲ့ဘူး
ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ထာဝရသိမ်းထားဖို့ ကင်မရာအရှေ့မှာ ပြုံးပြနေခဲ့တဲ့ အဲဒီအချိန် အဲဒီအခိုက်အတန့်တွေ တစ်နေ့မှာ နာကျင်စရာမှတ်ဉာဏ်တွေဖြစ်လာပြီး ဖုံးကွယ်ရမဲ့ လျှို့ဝှက်ချက်ဖြစ်လာမယ်ဆိုတာကို 
အဲဒီလို ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တွေက အက်နေတဲ့ဖန်ခွက်ထဲက ရေတွေ တစ်စက်ချင်း စိမ့်ထွက်လာသလိုမျိုး အရမ်းကိုသေးငယ်တဲ့အက်ကြောင်းလေးထဲကနေ အကုန်စိမ့်ထွက်လာတယ် 
တစ်ခါတစ်လေ ပေါ့ပါးတဲ့စနောက်စရာတွေဖြစ်လာပြီး အနာမကျက်သေးတဲ့ဒဏ်ရာကိုပြန်ဆွရင်း 
တိတ်ဆိတ်ပြီးအေးချမ်းတဲ့ တစ်ယောက်ယောက်ရဲ့ လောကကြီးက လှုပ်ခါလာတယ်


အချစ်က တစ်ခါပဲရှိတယ်ဆိုပြီး ယုံကြည်တဲ့အသက်အရွယ်က ကျော်သွားခဲ့ပြီ 
ကုန်ဆုံးသွားရင် ထပ်ပြီးအခြားအချစ်တစ်ခု ရောက်လာမယ်ဆိုတာကို နားလည်လာတယ် 
အဲဒါကြောင့်ငါ မင်းရဲ့ဒီတစ်ခေါက်အချစ်က မနာကျင်ဘဲ ကောင်းကောင်းကုန်ဆုံးသွားမှာကို စောင့်နေမှာ 
အများကြီးနာကျင်ရရင် အချိန်အကြာကြီးရှိနေတတ်တာမလို့


အဲဒီလူက အမြဲတမ်း အဲဒီနေရာမှာရှိနေခဲ့ပေမဲ့ တစ်နေ့မှာတော့ ငါတစ်ယောက်ထဲ ဝမ်းနည်းခဲ့ရပြီး တော့ ဝေးကွာနေသလို ခံစားရပြီးတော့ ထပ်ပြီး တစ်ယောက်တည်း အထီးကျန်ခဲ့ရတယ်


 

'2023 Kdrama' 카테고리의 다른 글

Welcome to Samdal-ri: 웰컴투 삼달리  (0) 2023.12.04
Castaway Diva: 무인도의 디바  (0) 2023.10.30
Arthdal Chronicles: The Sword of Aramun  (0) 2023.10.28
Moving: 무빙  (0) 2023.10.08
Behind your Touch: 힙하게  (0) 2023.10.04