일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- DaliandCockyPrince
- TwentyFiveTwentyOne
- HometownChaChaCha
- KimSeonHo
- YumiCells2
- CrashLandingOnYou
- LeeJunho
- startup
- Taxidriver
- OurBlues
- 18Again
- WiseMountainvillageLife
- Remarriageanddesires
- TheKingsAffection
- HymnOfDeath
- YumiCells
- BeMelodramatic
- YouthOfMay
- ForecastingLoveandWeather
- NowWeAreBreakingUp
- TheDevilJudge
- WhyHer?
- DrRomantic
- LeeJeHoon
- HighClass
- ChicagoTypewriter
- TheRedSleeve
- OurBelovedSummer
- RacketBoys
- MrSunshine
- Today
- Total
드라마 다이얼로그
Castaway Diva: 무인도의 디바 본문
စိတ်အားထက်သန်စွာနဲ့ ဆုတောင်းရင်
တစ်ချိန်ချိန်တော့ တစ်နည်းနည်းနဲ့ ပြည့်လာလိမ့်မယ်တဲ့
ထင်မထားတဲ့ နည်းလမ်းတွေနဲ့
နောက်ပြီးတော့..
နောက်ပြီးတော့ဆိုတာတွေ များလာခဲ့ရင်
ဒီလိုလုပ်ရမလား ဟိုလိုလုပ်ရမလားနဲ့
နောင်တတွေလည်း အဲ့လောက်နီးပါး များလာလိမ့်မယ်
အမှန်တရားဗုံး ဆိုတာကိုသိလား
အမှန်တရားနဲ့ လူကိုအထိနာစေတာမျိုးတဲ့
လူကို အထိနာအောင်လုပ်တာက
ဆဲဆိုတာလည်းမဟုတ်ဘူး
အော်ဟစ်တာလည်းမဟုတ်ဘူး
အမှန်တရားပဲ မှန်တဲ့စကားတွေ
မှန်တဲ့စကားတွေဆိုတာက
ပြန်ပြီးတောင် မပြောနိုင်ဘူး
ဒီအတိုင်း ငြိမ်ခံနေရုံအပြင်မရှိဘူး
ဆန္ဒနဲ့ ဘဝသာ တစ်ထပ်တည်းကျမယ်ဆို
ငါ ကျွန်းပေါ်မှာ သောင်တင်ခဲ့မှာတောင် မဟုတ်ဘူး
ဒီအချိန်လောက်ဆို အဆိုတော်ဖြစ်နေလောက်ပြီ
လက်လျှော့ဖို့အတွက် သတ္တိလိုတယ်ပေါ့ အဲစကားအတိုင်းသာဆို ဒီနေရာမှာတောင် ရှိနေမှာ မဟုတ်ဘူး လူမရှိတဲ့ကျွန်းပေါ်မှာ တကယ်ကို သေနေလောက်ပြီ
ဆယ်နှစ်ကြာတာတောင် ဘာမှဖြစ်မလာသေးရင် ဘယ်လိုလုပ်မလဲ မင်း နောင်တရမှာမလား တဲ့
နည်းနည်းလောက်တော့ နောင်တရမှာပေါ့
ဒါပေမဲ့ နည်းနည်းလေးတောင် မကြိုးစားခဲ့မိရင် ပိုနောင်တရမိမှာ
အနည်းဆုံးတော့ ဆယ်နှစ်တာကာလအတွင်း ကိုယ် သဘောအကျရဆုံးအရာကို လုပ်နေရမှာလေ
၁၅ နှစ်ကြာ ကျွန်းပေါ်မှာ နေခဲ့ရတဲ့ကာလအတွင်း သင်ယူခဲ့ရတာရှိတယ်
ဆုတောင်းနေရုံနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေ ဖြစ်မလာဘူး
ချဉ်းကပ်လာတဲ့ တိုင်ဖွန်းက ငါ ဘယ်လောက်ပဲ ဆုတောင်းတောင်း ထိုးနှက်တာပါပဲ
အဲလိုဆိုရင်တောင် ဆုတောင်းရတဲ့ အကြောင်းအရင်းက...
"တိုင်ဖွန်းကို တောင့်ခံရအောင်”
"ကံကြမ္မာအလှည့်အပြောင်းကို ဖန်တီးကြတာပေါ့"
“ငါ့ကိုယ်ထဲမှာ ခွန်အားရှိတယ်"
စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်တာမို့
ဘယ်အရာမဆို တရားသေတွက်ထားလို့မရဘူး
ဘဝရဲ့ စာမျက်နှာတိုင်းမှာ
၅ဝ-၅ဝ အခွင့်အရေးတော့ ရှိတယ်မလား
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ
ကျရှုံးမှုက အောင်မြင်မှုရဲ့ အမေပဲလို့ ပြောကြတယ်
အမေ့ဆီက သင်ခန်းစာထပ်ယူလိုက်ရတယ်တွေးပြီး
ရှေ့ဆက်ရင် ရပြီလေ
ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ်
ရှောင်လွှဲလို့ မရလို့လို့ပဲပြောပြော လိမ်တာကတော့ လိမ်တာပါပဲ
ဆက်တိုက်လိမ်နေရင် ပိုပိုပြီးတော့ အားနည်းချက်တွေပဲ ကြီးထွားလာပြီးတော့ ထိန်းချုပ်ဖို့ကလည်း ခက်ခဲသွားလိမ့်မယ်
၁၀၀ ရာခိုင်နှုန်း မဟုတ်ဘဲ ၉၉ ရာခိုင်နှုန်းပဲ ရင်းနှီး
၁ ရာခိုင်နှုန်းတော့ ချန်ထား
မဟုတ်ရင် အသက်ရှူရပ်ပြီး သေလိမ့်မယ်
ရှင်သန်လာရင်းနဲ့...
ငါ ကျရှုံးရင် သဘောကျတဲ့လူတွေရှိတာကို သိလာတယ်
ငါ အောင်မြင်ရင် မနာလိုတဲ့လူတွေအများကြီးရှိတာကို သိလာတယ်
ဘာလို့လဲဆိုတော့ ဘဝက နုံချာပျက်စီးလာတဲ့အခါ အဲဒီအကြောင်းအရင်းက သူတို့အမှားကြောင့်ဆိုပြီး ဝန်မခံချင်ကြဘူးလေ
အဲဒါကြောင့် သူများအပြစ်ဖြစ်အောင် လုပ်ကြတယ် ဆွဲချချင်လာကြတယ်
အဲဒါက လွယ်တာမလို့
ငါမဟုတ်တဲ့တခြားတစ်ယောက်ကို စိတ်ရင်းနဲ့ အားပေးတာက တစ်ကယ် ခက်ခဲတယ်
ဘာမျှော်လင့်ချက်မှမရှိဘဲ ဘာမနာလိုမှုမရှိဘဲ သူများရဲ့ပျော်ရွှင်မှုကို စိတ်ရင်းနဲ့ပျော်ရွှင်ပေးတာက ပိုခက်ခဲတယ်
အဲဒါ မို့ဟာ နင်က တော်လွန်းတဲ့အကြောင်းပြချက်ပဲ
ရှင်သန်မှုနဲ့ သေဆုံးခြင်းဆိုတဲ့ အခြေအနေ နှစ်ရပ်ကြားမှာ နားလည်လာတာကတော့
ရင်ဝယ်ပိုက်ထားချင်မိတဲ့ အခိုက်အတန့်တွေဟာ မိသားစုနဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက်ပိုင်းက မှတ်ဉာဏ်တွေပါပဲ
ဂျောင်ဘုံဝန်ရေ
ခင်ဗျားသာ ပိုပြီး အမြော်အမြင်ရှိခဲ့မယ်ဆိုရင် အဲဒီလိုပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ခဲ့မှာပေါ့
အခုထိ လုပ်လာခဲ့သလိုပဲ
ရှေ့လျှောက်မှာလည်း ကျွန်တော့်ရဲ့ မိသားစုတွေနဲ့ အတူတကွ တောက်ပတဲ့ အခိုက်အတန့်တွေကို ဖန်တီးသွားဦးမှာပဲ
ခင်ဗျားအပေါ်မှာ လက်စားချေတဲ့ အကောင်းဆုံးသော လက်စားချေမှုက ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုတွေဖြစ်တယ်လို့ စဉ်းစားပြီးတော့ ရောက်လာမယ့် အခိုက်အတန့်တိုင်းကို
တန်ဖိုးထားပြီးတော့ ရှင်သန်သွားမှာပါ
ဂီဟိုရေ
လူသူမဲကျွန်းပေါ်မရောက်ခင်က နင်ပြောခဲ့တဲ့စကားကို အခုတွေးကြည့်လိုက်တော့ အရင်နဲ့ မတူတော့ဘူး
အရင်တုန်းက
'စိတ်ပြင်းပြစွာနဲ့ ဆုတောင်းလိုက်ရင် တစ်ချိန်ချိန်တော့ 'တစ်နည်းနည်းနဲ့ ဆုတောင်းပြည့်မှာ ဆိုတဲ့စကားကို သဘောကျခဲ့ပေမဲ့ အခုတော့ 'စဉ်းတောင်မစဉ်းစားဖူးတဲ့ နည်းလမ်းတွေနဲ့‘ အဲဒီစကားကို သဘောကျတယ်
ငါ့အတွေ့အကြုံအရ ချက်ချင်းတော့ ဆုတောင်းတွေမပြည့်ဘူး
ဖြစ်ချင်တဲ့အချိန်မှာ ဖြစ်မလာဘူး
ဖြည်းဖြည်းချင်း…
မေ့မယ်လုပ်လိုက်ရင် ရုတ်တရက်
ဆုတောင်းတွေပြည့်လာတယ်
အဲ့ဒါကြောင့် အဆင်မပြေဘူးဆိုပြီး မစွန့်လွှတ်ဘဲ ပင်ပန်းတယ်ဆိုပြီး လက်မလျှော့ဘဲ အဲဒါကြောင့် အရှုံးမပေးဘဲ သည်းခံမယ်ဆိုရင်
တစ်နေ့နေ့တော့ ဆုတောင်းခဲ့တဲ့နေ့ရက်လေးတွေတော့ ရောက်လာသားပဲ
တွေးတောင်မတွေးခဲ့ဖူးတဲ့ နည်းလမ်းနဲ့ပေါ့
ပင်လယ်ထဲမျှောလာတဲ့ရေခဲဘူးကို ရှာမတွေ့ခင်အထိ
၆ နှစ်လောက် ကျွန်မ နေ့တိုင်းနေ့တိုင်း မေးခွန်းထုတ်နေခဲ့တာပါ
"ကယ်ဆယ်ရေးအဖွဲ့က လာကယ်ပါ့မလား"
"လေမုန်တိုင်းထပ်တိုက်ရင် ဘယ်လိုလုပ်မလဲ"
"ဒီမှာ အသက်ဆက်ရှင်နိုင်ပါ့မလား"
"ကျွန်မက ဘာတွေများမှားခဲ့လို့ ဒီမှာရှိနေတာလဲ"
အဲဒီလိုမျိုး အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တစ်နေ့တစ်နေ့ချင်းစီကို ကုန်ဆုံးသွားလိုက်တော့ သေဖို့အထိတောင် တွေးခဲ့မိတယ်
ဒါပေမဲ့ အဲဒီရေခဲဘူးထဲမှာရှိတဲ့ ခေါက်ဆွဲကိုစားပြီး ၅မိနစ်လောက်ပဲ ထပ်ပြီး ၅မိနစ်လောက်ပဲ ထပ်ပြီး အသက်ရှင်ကြည့်ရအောင်လို့
စိတ်ဆုံးဖြတ်လိုက်တုန်းက... ထပ်ပြီး မေးခွန်းတွေစလာပြန်တယ်လေ
"အဲဒီ၅မိနစ်မှာ ဘာလုပ်ရမလဲ"
အဲ့ဒါကလည်း တကယ်ကို အဖြေမရှိတဲ့မေးခွန်းဖြစ်နေတယ်လေ
ဒါပေမဲ့ အဲဒီတုန်းက ရုတ်တရက်
သစ်ရွက်တွေကိုဖြတ်ပြီး ဖြာကျနေတဲ့ နေရောင်ခြည်ကိုတွေ့ခဲ့တယ်
အရမ်းကို လှနေတယ်လေ
အဲဒါကြောင့်.. ခုနက ၅မိနစ် မေးခွန်းကို မေ့သွားခဲ့တယ်
တစ်နေ့ကျတော့ စင်ရော်ငှက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ် အရမ်းကို ထူးဆန်းနေတယ်လေ
အဲဒါကြောင့် ၅ဝမိနစ်လောက်
အဲဒီမေးခွန်းတွေကို မေ့သွားခဲ့တယ်
တစ်နေ့ကျတော့ အမှိုက်တွေ အများကြီး ကုန်းပေါ်ရောက်လာခဲ့တယ်
အဲဒီအမှိုက်တွေနဲ့ ဘာလုပ်ရင်ကောင်းမလဲတွေးပြီး စိတ်လှုပ်ရှားနေခဲ့တယ်
အဲဒါကြောင့် ၅နာရီလောက် အဲဒီမေးခွန်းတွေကို မေ့သွားခဲ့တယ်
အဲဒီလိုမျိုး အဖြေမရှိတဲ့မေးခွန်းတွေအစား တခြားအရာတွေနဲ့ အဲဒီအချိန်တွေကို ဖြည့်ပြီးတော့ တစ်ရက်ပြီး တစ်ရက် တောင့်ခံခဲ့တာမလို့
တွေးတောင်မတွေးမိတဲ့အချိန်မှာ ရောက်လာတယ်လေ ဒရုန်းက
ကမ်းပေါ်ကို ရောက်တော့လည်း
အဖြေမရှိတဲ့မေးခွန်းတွေကို အကြောင်းအရင်းမရှိ မေးနေခဲ့မိသေးတယ်
"ဒီအသက်အရွယ်မှာ အဆိုတော်လုပ်မယ်ဆိုပြီး အိပ်မက်နောက်လိုက်နေတာရော မှန်ရဲ့လား
"သီချင်းဆိုပြီးတော့ စားသောက်နေထိုင်လို့ရပါ့မလား”
"အွန်းမိုရယ်ကို ဘယ်တော့မှ လိုက်နိုင်မှာလဲ”
ဒါပေမဲ့ ဒီသီချင်းကို ကြားလိုက်တဲ့အခိုက်အတန့် ချက်ချင်းပဲ အဲဒီနေရောင်ခြည်ကို တွေးမိသွားတယ်
အဖြေမရှိတဲ့မေးခွန်းတွေကို ဖျက်ပေးတဲ့ နေရောင်ခြည်
အဲဒီအဖြေမရှိတဲ့မေးခွန်းတွေနဲ့ ဘာလုပ်ရမှာလဲ
အဲဒီအချိန်မှာ သီချင်းလေ့ကျင့်လိုက်တာပဲ ပိုကောင်းတာပေါ့
သေးပေမဲ့လည်း စင်ပေါ်မှာရပ်နေရတာက ပိုကောင်းတာပေါ့
စားသောက်နေထိုင်ဖို့ကို တွေးနေမယ့်အချိန်မှာ အလုပ်ချက်ချင်း လုပ်ပြီးတော့ ပိုက်ဆံပဲဖြစ်ဖြစ် ရှာတာက ပိုကောင်းတာပေါ့
အဲဒီလိုမျိုး ၅ မိနစ် ၅ဝ မိနစ် ၅ နာရီ
ဖြည့်စွက်သွားကြည့်လိုက်ရင်
တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့
ဖြစ်မြောက်လာနိုင်မယ် မဟုတ်ဘူးလား
'2023 Kdrama' 카테고리의 다른 글
Welcome to Samdal-ri: 웰컴투 삼달리 (0) | 2023.12.04 |
---|---|
Tell Me That You Loved Me: 사랑한다고 말해줘 (0) | 2023.12.03 |
Arthdal Chronicles: The Sword of Aramun (0) | 2023.10.28 |
Moving: 무빙 (0) | 2023.10.08 |
Behind your Touch: 힙하게 (0) | 2023.10.04 |