드라마 다이얼로그

My Dearest: 연인 본문

2023 Kdrama

My Dearest: 연인

드라마 Dialogue 2023. 9. 14. 01:23

တစ်နေ့တုန်းက ကျွန်မကိုမေးခဲ့တယ်မလား
အဲ့ဒီနေ့က ဒန်းစီးရင်း ဘာစဉ်းစားခဲ့တာလဲလို့
မမှတ်မိဘူးလို့ပြောခဲ့ပေမယ့် တစ်ကယ်တော့ ရှင်းရှင်းလင်းလင်းမှတ်မိပါတယ်
အဲ့ဒီနေ့က စိတ်ကူးထဲက အမျိုးသားက ကျွန်မဆီချဉ်းကပ်လာသလို ခံစားခဲ့ရတာပါ
အဲ့ဒါကြောင့် ကျွန်မရှေ့က အရာအားလုံးက အစိမ်းရောင်နဲ့ ပန်းရောင်အသွင်ပြောင်းသွားခဲ့ပါတယ်

တစ်နေ့တုန်းက သူ့ကိုမေးခဲ့ပါတယ်
“ကျွန်မကို ပထမဆုံးတွေ့ခဲ့တဲ့နေ့ကို မှတ်မိပါသလား” လို့
“ရှင်းရှင်းလင်းလင်း မှတ်မိတယ်
အဲ့ဒီနေ့တုန်းက အရမ်းထူးခြားတာကို ကြားခဲ့တယ်”တဲ့
ဘာအသံကို ကြားခဲ့တာလဲလို့ မေးလိုက်တော့
“ကြားရဲ့လား ဒီအသံက ပန်းတွေရဲ့အသံပဲ”

နွေဦးက ပန်းပွင့်တွေရဲ့ပွင့်ဖူးသံကို ကြားဖူးလား
ငါ ဒီနေ့ အဲ့ဒီထူးခြားတဲ့အသံကို ကြားခဲ့တယ်

မိန်းကလေးတွေမှမဟုတ်ဘူး
လူဆိုရင်အားလုံးကဒီလိုပဲ
ကလေးက အမေကို ရှာနေသလိုမျိုး
ကြောက်စရာကိစ္စတွေ ရှိလာတဲ့အခါ
အားကိုးလို့ရနိုင်မယ့်လူကိုပဲ ရှာကြတာ

နွန်းဂွန်းရီက မင်္ဂလာဆောင်မှာတုန်းက
လူတိုင်းက ကျူးကျော်သူတွေသတင်းကြောင့် ထိတ်ထိတ်ပျာပျာဖြစ်နေခဲ့ကြတာ
အဲဒီအချိန်မှာ ဂီလ်ချယ်က
သခင်လေးဂျန်ဟျွန်းကို ကြည့်နေခဲ့တာပါ

ကျွန်တော်သင်ခဲ့ရတဲ့ဘဝနဲ့ခြားနားသွားတဲ့ဘဝကို
ဘယ်လိုရှင်သန်နေထိုင်ရမလဲ မသိပါဘူး
တိုင်းပြည်ဒုက္ခတွင်းထဲကျသွားတဲ့ကိစ္စရှိရင် ထွက်ပြီးတိုက်ခိုက်ရမှာက တိုင်းသူပြည်သားရဲ့တာဝန်ပဲလို့ တစ်ဘဝလုံး သင်ခဲ့ရတာမို့
အမျိုးသမီးက အမျိုးသားရဲ့စကားကို နားထောင်တာ
မိဘကို သားသမီးက ပြုစုစောင့်ရှောက်တာ
တိုင်းပြည်ရဲ့ဘုရင်ကို သစ္စာစောင့်သိတာတွေက
စောင့်ထိန်းသင့်တဲ့ လှပတဲ့ လမ်းစဉ်တွေပါ
တစ်ခုခုဖြစ်ခဲ့ရင် အမျိုးသားက အမျိုးသမီးကိုကာကွယ်
မိဘက သားသမီးကိုကာကွယ်ပေးကြပြီးတော့ ဘုရင်နဲ့ ပညာသင်တွေကလည်း တိုင်းသူပြည်သားတွေကို ကာကွယ်ပေးသင့်ပါတယ်

မင်း ပြုံးလိုက်ရင် ပန်းပွင့်တဲ့အသံကို ကြားနေရတယ်

အခုထိ ကျုပ်ကိုမချစ်သေးမှန်းသိပါတယ်
မိန်ကလေးရဲ့နှလုံးသားက
အခုချိန်ထိ သခင်လေးယွန်းဂျွန်းဆီမှာရှိမှန်း ကောင်းကောင်းသိပါတယ်
ဒါပေမဲ့ မိန်းကလေး ကျုပ်ကိုမချစ်ရင်တောင်
ကျုပ်ကိုမမေ့လိုက်ပါနဲ့
ဒီနေ့ ကျုပ်နဲ့အတူကုန်ဆုံးခဲ့တဲ့ ဒီအချိန်ကို
လုံးဝမေ့လိုက်လို့ မဖြစ်ပါဘူး

ငါကပန်းထိုးဖိနပ်ဝယ်လာပေးရင် မိန်းကလေးက
ငါ့ကို ဘာပြန်ပေးမှာလဲ

သိတယ်မလား ငါအလိုရှိတဲ့အရာက
တစ်ခုပဲ ရှိတယ် မိန်းကလေးရဲ့နှလုံးသား
ငါ့ကိုပဲ ဂရုစိုက်တဲ့ မိန်းကလေးရဲ့နှလုံးသား

တစ်ကယ်လို့ ထပ်ပြီး သခင်လေးယွန်းဂျွန်းအကြောင်းကို
မစဉ်းစားတော့ဘူးလို့ ပြောရင်
ငါအခုပဲဖြစ်ဖြစ် ရှင်းမြောင်ကိုသွားမှာကို ဖျက်လိုက်မယ်
စကားအဖြစ်ပြောရုံနဲ့ကို လုံလောက်တယ်
နှလုံးသားထဲမှာ သခင်လေးယွန်းဂျွန်းကို
စိတ်တိုင်းရှိသလိုသိမ်းထားနိုင်တယ်
ဒါပေမဲ့ စကားအဖြစ်နဲ့ဖြစ်ဖြစ် ပြောပေးမယ်ဆိုရင်
ငါက....

အဲဒီလိုမျိုးမလုပ်နိုင်ပါဘူး
သခင်လေးယွန်းဂျွန်းက ဒီတိုင်းမေ့လိုက်ဖို့
လွယ်ကူတဲ့လူတစ်ယောက်မဟုတ်ပါဘူး

တကယ်ကို ရက်စက်တာပဲ
တကယ်ပဲ သခင်လေးယွန်းဂျွန်းကိုပဲ ရွေးပြီး ငါ့ကိုမရွေးရတဲ့အကြောင်းအရင်းကဘာလဲ

ဒီဖိနပ်တွေဝတ်ပြီး ငါ့ဆီလာခဲ့ပါ
မင်းပန်းဖိနပ်တွေ လိုချင်ရင်
ကမ္ဘာပေါ်မှာ အလှဆုံးအရံကို ယူလာပေးမယ်
ပိုးထည်တွေ လိုချင်တယ်ဆို မိဖုရားကြီးဟာတွေထက်တောင်
ပိုတန်ဖိုးရှိတဲ့ ပိုးထည်တွေယူလာပေးမယ်

ငါက တစ်လောကလုံးမှာ
အလှဆုံးပန်ထိုးဖိနပ်တွေနဲ့အတူ ပြန်လာမှာ

မိန်းကလေး
ကျေးဇူးပြုပြီး ငါ့ကိုလည်း တစ်ခါလောက် အခွင့်အရေးပေးပါဦး
ငါ ထပ်ပြီးတော့ မိန်းကလေးကို ထားမသွားတော့ဘူး
နောက်ထပ် မိန်းကလေးကိုစောင့်နေရအောင်မလုပ်တော့ဘူး
ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကိုလည်း တစ်ခါလောက် အခွင့်အရေးပေးပါ

ငါ့ကို မေ့ပြီးနေနိုင်လား
မင်း ငါမဟုတ်ဘဲ အခြားလူနဲ့မှ ပျော်ရွှင်ရမယ်ဆိုရင် ငါထွက်သွားမှာပါ
မင်းက ငါမဟုတ်ဘဲ အခြားယော်ကျားတစ်ယောက်ကို လိုချင်တယ်ဆိုရင်
ငါ နောက်ထပ် နောင်တမရချင်တော့ဘူး
ဒါပေမဲ့ အဲ့ဒီလိုမှမဟုတ်ရင် ငါနဲ့အတူ ထွက်သွားရအောင်
အခု ဒီလက်ကို ဖမ်းဆုပ်မထားရင်
ငါ မိန်းကလေးဘေးကနေ ထွက်သွားပြီး ထပ်ပြီး မိန်းကလေးရှေ့မှာ
ပေါ်မလာတော့ဘူး

ငါမိန်းကလေးရဲ့ကျွန်ဖြစ်လာပါ့မယ်
ငါ့ခန္ဓာကိုယ်ကလည်း မိန်းကလေးအပိုင်ပဲ
ငါ့စိတ်ကလည်း မိန်းကလေးအပိုင်ပဲ
ငါ့နှလုံးသားကလည်း မိန်းကလေးအပိုင်ပါပဲ

ခဏတာ စိတ်ယိုင်သွားတာမှန်ပေမယ့်
ကျွန်မကတော့ အရာအားလုံးကိုစွန့်ပစ်ပြီး သခင်လေးနောက်လိုက်ဖို့အထိ သခင်လေးကိုမယုံကြည်သလို မချစ်မြတ်နိုးပါဘူး
အကယ်လို့ ကျွန်မအတွက် ချစ်ခြင်းမေတ္တာတွေကျန်သေးရင်
ကျွန်မနဲ့ပတ်သက်သမျှ အားလုံးကိုမေ့လိုက်ပါတော့

ကျွန်မကို မုန်းတီးခဲ့တာမျိုးရှိလားလို့မေးခဲ့တော့ ဖြေခဲ့တယ်မလား
အဲဒီနေ့တုန်းက ကျွန်မက ထာဝရထွက်သွားတာဖြစ်လို့
သေလောက်အောင် မုန်းတီးပါတယ်လို့

ဒါပေမယ့် ဘယ်လောက်ပဲ ခက်ထန်တဲ့ပုံပေါက်ပေါက်
ကျွန်မကို မုန်းတဲ့စိတ်ထားနိုင်မှာမဟုတ်ဘူး
ဘာလို့လဲဆိုတော့ ရှင်က ကိုယ့်ကိုယ်ကိုပဲ မုန်းတီးခဲ့တာဖြစ်လို့

ပြီးတော့ ကျွန်မကိုမေးခဲ့တယ်မလား
“ရက်စက်တဲ့သူ ငါ့ခံစားချက်တွေကို မှန်းရောမှန်းဆကြည့်ခဲ့ရဲ့လား"လို့
အခုမှ ဝန်ခံရမှာဆိုပေမယ့် မှန်းတောင် မမှန်းဆနိုင်ခဲ့ပါဘူး
ကျွန်မနှလုံးသားက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီမို့လို့
ရှင်ကတော့ ကျွန်မလိုမဖြစ်ပါစေနဲ့လို့ ထက်သန်စွာနဲ့ပဲ
ဆုတောင်းပေးနိုင်တော့တယ်

'2023 Kdrama' 카테고리의 다른 글

Moving: 무빙  (0) 2023.10.08
Behind your Touch: 힙하게  (0) 2023.10.04
See You In My 19th Life: 이번 생도 잘 부탁해  (0) 2023.07.18
King the land: 킹더랜드  (0) 2023.07.16
Tale of the Nine-Tailed 1938: 구미호뎐 1938  (0) 2023.06.29