






လူတွေက အကုန် အတူတူပဲဟာ
လက်လွတ်စပယ် လုပ်လို့ရတဲ့သူ မရတဲ့သူဆိုတာမျိုး ဘယ်မှာရှိလို့လဲ
လူတွေဆိုတာ အားလုံး ဘယ်သူ့ကိုမဆို လက်လွတ်စပယ် ဆက်ဆံလို့မဖြစ်ဘူး

နောက်ကွယ်မှာ ဘယ်သူပဲ မကောင်းပြောပြော
စိတ်ထဲမထားနဲ့
သူများတွေ မဟုတ်ဘဲ မင်းကိုယ်တိုင်ကအရင်
ကိုယ့်ကိုယ်ကို လေးစားရမယ်

ကုမ္ပဏီအတွက် အသက်ကိုမစတေးနဲ့
အဲဒီလောက် မိုက်ရူးရဲဆန်တာမရှိဘူး

ရာထူးလေး မတိုးတော့ရော ဘာဖြစ်လဲ
နဂိုကတည်းက အမြင့်ကနေ ပြုတ်ကျရင်
နာကျင်ရတတ်စမြဲပါပဲ
ကျွန်တော်က နိမ့်ပြီး ရေရှည်သွားရတာမျိုးကို ကြိုက်တာ

ရာထူးတိုးချင်လို့ဆိုတဲ့ လောဘစိတ်မဟုတ်ဘဲ
အသက်ရှင်ကျန်ခဲ့ဖို့ အသည်းအသန်
ရုန်းကန်နေရတာလို့ခေါ်တယ်

မျှော်လင့်ချက်တွေပဲကြီးလာပြီး စိတ်ပျက်စရာပဲဖြစ်လာလို့
ဒီတိုင်း ဘာမျှော်လင့်ချက်မှမထားတာက
စိတ်ကိုသက်သာစေပါတယ်

လူတွေရဲ့သဘာဝက
ဖြစ်လာချင်တာနဲ့ လုပ်ချင်တာကို ရောတတ်ကြတယ်တဲ့

အခုခေတ်မှာ ပိုတော်တဲ့သူဆိုရင်ချဉ်ခံရတယ်
မလုပ်နိုင်ရင်တော့ ကိုယ်ချင်းစာဖို့လွယ်ပေမယ့်
ကိုယ့်ထက်တော်သွားရင်တော့ လက်ခုပ်တီးဖို့ကို
ခဲယဉ်းသွားတတ်ကြတယ်

ကိုယ့်စိတ်ရင်းအမှန်နဲ့ ဖော်မပြဘူးဆိုရင် မသိဖို့များတယ်
အချင်းချင်း သဘောကျနေတဲ့အချိန်ရော
ရန်ဖြစ်တဲ့အချိန်ရော အတူတူပဲ
တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးရန်ဖြစ်ကြရင်တောင်
မာနကြီးတွေထားမနေဘဲနဲ့ ဘာလို့စိတ်တိုတယ်ဆိုတာကိုပြောပြပြီး
ထပ်ပြီး စိတ်ရင်းနဲ့ ပြန်နားထောင်ပေးရမယ်
အဲ့ဒါမျိုးကမှ
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာဖြစ်မှာလေ

ကလေးဘဝကတည်းက ဘယ်အရာကိုမှ မမျှော်လင့်ခဲ့ဖူးဘူး
မျှော်လင့်ချက်နဲ့ ဆန္ဒတွေက တန်ဖိုးထားရတဲ့အရာတွေကို ဆွဲခေါ်ယူသွားမလားဆိုပြီး ကြောက်နေခဲ့တာ
ဒါပေမဲ့ အခုဆက်တိုက် လောဘကြီးနေမိတယ်
ဒီလိုမျိုး ပျော်ရွှင်လို့ရောဖြစ်ရဲ့လားလို့ တွေးမိလောက်တဲ့အထိ အရမ်းပျော်ရွှင်နေရတော့ ဆက်တိုက် ပျော်ရွှင်နေရရင် ကောင်းမယ် အဲ့ဒီလိုဆိုရင် ကောင်းမယ်လို့ ဆိုပြီးတော့ ..
ထပ်ပြီး လောဘကြီးလို့လည်း ရတယ် လုပ်ချင်တဲ့အရာ၊ လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာ အကုန်လုံးကို လောဘကြီးပြီးနေလိုက်ပါ အဲ့ဒီလိုလုပ်လို့လည်း ရပါတယ်

လှည့်စားတာမဟုတ်ပါဘူး
နာကျင်ရတဲ့ခံစားမှုတစ်ခုကို ဒီအတိုင်းထုတ်ဖော်မပြခဲ့ရုံပါ
ဘယ်သူမဆို တခြားသူကိုမမြင်စေချင်တဲ့ အကြောင်းအရာတစ်ခုစီ
ရှိကြတယ်မလား

ရုတ်တရက်ကြီး ရွာချလာတဲ့မိုးကြောင့်
တစ်ခြားသူတွေထက် တစ်ချို့က ပိုပြီးမိုးမိနိုင်ပေမဲ့
ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ မိုးက တိတ်သွားတာပဲလေ

ကိုယ့်ကလေးကို သူ့ဘဝနဲ့သူ နေထိုင်ခွင့်ပေးတာက
မိဘတစ်ယောက်လုပ်ရမယ့် တာဝန်ပဲ

ကလေးတွေက လူကြီးဆန်နေလို့ မဖြစ်ဘူး
လူကြီးတွေကသာ လူကြီးဆန်ရမှာ
လူကြီးဖြစ်ရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ

ငိုချင်ရင် ငိုချပြီး ရယ်ချင်ရင် ရယ်ပစ်ရမယ်
ဒေါသထွက်ချင်ရင် ဒေါသထွက်ပြီး ပေါက်ကွဲလိုက်
အားလုံးထဲမှာအရေးကြီးဆုံးကတော့
လွမ်းနေတဲ့အခါ လွမ်းတယ်လို့ပြောလိုက်
အမှန်အတိုင်းပြောတယ်ဆိုတာ မကောင်းတဲ့အရာမဟုတ်ဘူး
သတ္တိရှိတာပဲ

တစ်ခါပဲ ရှင်သန်ရတဲ့ ဘဝမှာ
တကယ် လုပ်ချင်တဲ့အရာကိုပဲ လုပ်ပါ
ဘယ်သူ့ အရိပ်အကဲမှ ကြည့်နေစရာမလိုဘူး
တုံ့ဆိုင်းနေစရာလည်းမလိုဘူး
လုပ်ချင်သမျှ အကုန်သာလုပ်
လမ်းမရှိရင်လည်း ကွေ့ပတ်ပြီး လမ်းလွှဲက သွားလို့ရတယ်
ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျလည်း
ပြန်တက်လို့ရပါတယ်














'2023 Kdrama' 카테고리의 다른 글
My Dearest: 연인 (0) | 2023.09.14 |
---|---|
See You In My 19th Life: 이번 생도 잘 부탁해 (0) | 2023.07.18 |
Tale of the Nine-Tailed 1938: 구미호뎐 1938 (0) | 2023.06.29 |
All That We Loved: 우리가 사랑했던 모든 것 (0) | 2023.06.28 |
The Good Bad Mother: 나쁜엄마 (0) | 2023.06.26 |