일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- BeMelodramatic
- YumiCells2
- LeeJeHoon
- DaliandCockyPrince
- WhyHer?
- HymnOfDeath
- HometownChaChaCha
- LeeJunho
- Remarriageanddesires
- RacketBoys
- TheKingsAffection
- TheRedSleeve
- OurBelovedSummer
- ChicagoTypewriter
- KimSeonHo
- YouthOfMay
- OurBlues
- MrSunshine
- DrRomantic
- HighClass
- 18Again
- NowWeAreBreakingUp
- CrashLandingOnYou
- YumiCells
- startup
- Taxidriver
- TheDevilJudge
- TwentyFiveTwentyOne
- ForecastingLoveandWeather
- WiseMountainvillageLife
- Today
- Total
드라마 다이얼로그
Gyeongseong Creature: 경성크리처 1-2 본문
ချယ်ရီပန်းတွေက ခမ်းခမ်းနားနားပွင့်နေကြပြီလို့ တွေးလိုက်တဲ့အချိန်မှာတင် စပြီးကြွေကျနေကြပြီလေ
တိုင်းပြည်ကိုတောင်လုယူထားတဲ့လူတွေပဲ
မလုယူနိုင်စရာ ဘာရှိဦးမှာလဲ
ဒါပေမဲ့လည်း အဆုံးထိတောင့်ခံကြည့်မလို့
ခန္ဓာကိုယ်ချုပ်နှောင်ခံရပြီး ဒဏ်ရာရတဲ့အထိရိုက်နှက်တောင်
ကျွန်တော်က တစ်ခါလောက် ကျားကုတ်ကျားခဲ
ကာကွယ်ကြည့်မလို့ပါ
ခြိမ်းခြောက်တယ်ဆိုတိုင်း ထွက်ပြေး
လုယူတယ်ဆိုတိုင်း ကျိန်းသေပေါက်
လုယူခံလိုက်မယ်ဆိုရင်
အဲ့ဒီလူတွေရဲ့အကျင့်စရိုက်က တဖြည်းဖြည်းချင်း
ပိုဆိုးရွားလာမှာ မဟုတ်ဘူးလား
အဲ့ဒီလို ယုတ္တိမရှိတာကို ဆင်ခြေပြပြီး
ကျွန်တော့်ဉစ္စာတွေအားလုံးကို
လုယူဖို့ကြံနေကြတာမလား အဲ့ဒီကောင်တွေက
သူတို့ဉစ္စာလည်း မဟုတ်ဘဲနဲ့ သူတို့ဉစ္စာအလားပဲ
အဲ့ဒီလောက်ယုံကြည်ချက်ရှိရှိနဲ့လေ
လက်သည်းခွံတွေကို တစ်ခါမှ ဆွဲနှုတ်မခံရဖူးဘူးမလား
လျှပ်စစ်နဲ့ရှော့ရိုက်ခံရလို့ အသားတွေလောင်ကုန်တာမျိုး မကြုံရဖူးဘူးမလား
ခြေထောက်ကနေ ဇောက်ထိုးကြိုးဆွဲခံထားရတဲ့အချိန်မှာ
ငရုတ်သီးမှုန့်တွေကို ရေနဲ့ဖျော်ပြီး နှာခေါင်းထဲကို လောင်းချလိုက်ရင် ဘယ်လိုခံစားရလဲ မသိဘူးမလား
အဲ့ဒီအခြေအနေရောက်တာတောင် အသက်ရှင်နေသေးရင် လူဆိုပေမယ့် လူသားဆန်တဲ့အရာ တစ်ခုမှ မကျန်တော့ဘူး
ခွေးလိုဟောင်ဆိုရင် ဟောင်ပြီးတော့
လေးဘက်ထောက်သွားဆိုရင် လေးဘက်ထောက်သွားပြီး
မိသားစုပဲဖြစ်ဖြစ် ရဲဘော်ရဲဘက်ပဲဖြစ်ဖြစ် ဘယ်သူကမှ အရေးမပါတော့ဘူး
အင်အားသုံးပြီး ငါ့ကိုအကြမ်းဖက်လို့ရနိုင်ပေမဲ့ အဲ့ဒီလိုဆိုတိုင်း နင်အနိုင်ရသွားတာ မဟုတ်ဘူး
အရင်ကတည်းက အင်အားမရှိတဲ့သူတွေ အင်အားရှိလာရမယ့်အခါ မဟာမိတ်ဖွဲ့ရတယ်လေ
အသက်ရင်းရမယ့်အချိန်မှာ
သေချာကိုရင်းရမယ်
သေမယ် ရှင်မယ်ဆိုပြီး ချီတုံချတုံဖြစ်နေရင် ငါက သေသွားမှာပဲ
အာဏာမရှိဘူးဆိုရင် မှားနေလည်း မျက်လုံးမှိတ်ပြီး
သိနေလည်း မသိသလိုနေရမှာလား
ဘယ်လိုပဲ သူတို့ပိုင်တဲ့နယ်မြေလို့ စဉ်းစားရင်တောင်
လူတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့လုပ်ရပ်
မလုပ်သင့်တဲ့လုပ်ရပ် ရှိတာပဲမလား
အဲ့ဒါတွေကို သေချာခွဲခြားသိမှ လူလို့ပြောလို့ရမှာပေါ့
အဲ့ဒါကိုမသိရင် တိရစ္ဆာန်နဲ့ ဘာကွာတော့လို့လဲ
လူတွေအများကြီးသတ်ခဲ့တာတောင်
သူ့လူသတ်မှုတွေအကြောင်း သတင်းစာမှာ ပါလာဖူးလို့လား
ဒါက သူတို့ရဲ့နည်းလမ်းပဲ
အကုန်ဖုံးကွယ်ပြီးတော့ မရှိခဲ့တဲ့ကိစ္စလို လုပ်ပစ်တယ်
မင်းပြောသလိုမျိုး လုပ်သင့်တဲ့အရာတွေရှိသလို
မလုပ်သင့်တဲ့အရာတွေရှိတယ်
အခုချက်ချင်းတော့ ငါ့တို့နဲ့မဆိုင်သေးဘူးဆိုပြီး မသိသလိုနေလိုက်ရင်
တစ်ချိန်ချိန်မှာတော့ အဲ့ဒီကိစ္စက ငါတို့အကုန်လုံးဆီမှာ ဖြစ်လာမှာပဲ
ခင်ဗျားပြောတာလည်း မှန်နေနိုင်ပါတယ်
ဒါပေမဲ့ အဲ့ဒါကို သိရဲ့လား
အဲ့ဒီလူတွေအကုန်လုံးက ဒီလိုလောကကြီးမဟုတ်ဘူးဆိုရင် သုံးစားမရတဲ့ အမှိုက်တွေပါ
ဒီလိုလောကကြီးမဟုတ်ဘူးဆိုရင် ထောင်ထဲကို ဆွဲခေါ်ခံရပြီး လုပ်ဖော်ကိုင်ဖက်ကို သစ္စာဖောက်ပြီး စိတ်ဓာတ်တွေ ရိုက်ချိုးခံရမှာလည်း ဖြစ်နိုင်တယ်
မီးရှို့ခံရပြီးတော့ လက်သည်းခြေသည်းတွေကိုလည်း ဆုတ်ဖြဲခံရပြီး အဲ့ဒီလူမဆန်နိုင်မှုကို သည်းမခံနိုင်တော့ဘဲ လုပ်ဖော်ကိုင်ဖက်ရဲ့နာမည်ကို ထုတ်ပြောပြီးတော့ တစ်သက်လုံး အပြစ်ရှိစိတ်နဲ့ နာကျင်မှုကို ခံစားသွားရမှာ
အဲ့ဒီလိုအရာတွေကို ဖြတ်ကျော်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် သေသေရှင်ရှင် အကုန်လုံးကို တောင့်ခံနေကြတာက နှိမ့်ကျတယ်ဆိုရင်တောင်
အောက်ကျို့ခယရတယ်ဆိုရင်တောင် အသက်ရှင်ကန်ေရဦးမှာမလို့
ငါတို့က အသက်ရှင်မကျန်ရစ်ဘူးဆိုရင် ဘယ်သူမှ ငါတို့ခံခဲ့ရတာကို မှတ်မိပေးမှာမဟုတ်တာမလို့
အဲ့ဒါကြောင့် လက်လွှတ်စပယ် အမှိုက်တွေလို့ မပြောပါနဲ့
အဲ့ဒီလူတွေထဲမှာ ခင်ဗျားဆီက
အဲ့လိုစကားကြားရမယ့်သူ တစ်ယောက်တောင်မရှိဘူး
အဲ့ဒီလို သာမန်ဘဝကို လိုချင်ခဲ့ရုံပါပဲ
ညစာစားချိန်ကျရင် မိသားစုတွေ အကုန်စုပြီးတော့
အဲ့ဒီရက်မှာ ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို ပြောကြမယ်
သဘောကျရတဲ့လူနဲ့ မနက်ဖြန်ကို အိမ်မက်မက်ပြီးတော့
အဲဒီလိုမျိုး လူတိုင်းမှာရှိကြတဲ့ သာမန်ဘဝမျိုးမှာ နေချင်ခဲ့ရုံပါပဲ
သေမှာကို သိပ်ပြီးမစိုးရိမ်ပေမဲ့
ကျွန်မ အသက်နဲ့ရင်းပြီး တိုက်ခိုက်ပေးခဲ့တာကို
မမှတ်မိပေးကြဘူးဆိုရင် အဲ့ဒါကိုတော့
နည်းနည်း ဝမ်းနည်းမိမယ်ထင်တယ်
ကျွန်မ တစ်ကယ်ကိုကြောက်တာဘာလဲဆိုတာ သိလား
မျှော်လင့်ချက်မဲ့နေတဲ့ ကမ္ဘာကြီးမှာ တစ်ခုခုကို အိမ်မက်မက်တာ
ဒါနဲ့ ငါအကြောက်ဆုံးကဘာလဲ သိလား
မဆုံးရှုံးချင်တာတွေ ဆုံးရှုံးသွားမှာကို အကြောက်ဆုံးပဲ
ကျွန်မမှာလည်း မေးချင်တာရှိတယ်
ဘယ်လိုလုပ်ပြီး ရှင်တို့ အရှက်မရှိ ဂုဏ်ယူပြီး
နေနိုင်တာလဲ
ကျွန်မရဲ့အမေကို အကြမ်းဖက်ခဲ့တယ်
ကျွန်မတို့မိသားစုရဲ့ပျော်ရွှင်မှုကို နင်းချေခဲ့တယ်
အပြစ်မဲ့တဲ့ လူပေါင်းများစွာကို သတ်ပြီးတာတောင် ဘယ်လိုလုပ်ပြီး
အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်တာလဲ
ဂုဏ်ကျက်သရေဆောင်ရလဒ်တွေနဲ့
အောင်မြင်မှုဟုတ်လား
ဟုတ်လို့လား
ရှင်တို့ရဲ့လုပ်ရပ်တွေကို မှန်ကန်ကြောင်းပြရုံ
အမွှန်းတင်နေရုံနဲ့ ရှင်တို့ရဲ့ပြစ်မှုတွေက
ပျောက်သွားမယ်ထင်လား
ရှင်တို့ စိတ်တိုင်းကျ ဟန်ဆောင်နေလို့ရတယ်
ဒါပေမဲ့ ရှင်တို့ရဲ့ သိမ်ငယ်နေတဲ့စိတ်တွေကို
ဖုံးကွယ်ထားလို့ရမယ်ထင်လား
GyeongSeong Creature: 경성크리처 SS2
အရာအားလုံးကိုအကုန်မှတ်မိပြီးတော့
နေထိုင်နေတယ်ဆိုတိုင်းလည်း
သေချာပေါက်ကောင်းနေတာမဟုတ်ဘူး
မေ့လျော့တာက ဘာလို့လူသားတွေကိုပေးတဲ့
လက်ဆောင်ဖြစ်လဲဆိုတာ
မင်းကိုမြင်ရင် နားလည်သလိုဖြစ်မိတယ်
အရာအားလုံး အသစ်ပြန်ဖြစ်သွားလက်စနဲ့
အကုန်မေ့ပြီး ဘဝအသစ်မှာ နေတာကလည်း မဆိုးဘူးလို့ထင်တယ်
အားလုံးက ကွဲပြားနေတာမဟုတ်ဘူး
မပြည့်စုံခြင်းကြောင့်ပဲ
လူဆိုတာက အများအားဖြင့် ဟိုဘက်လည်းမဟုတ်
ဒီဘက်လည်းမဟုတ်တဲ့ နယ်နမိတ်မျဉ်းပေါ်မှာတည်ရှိနေကြတဲ့ ပြီးပြည့်စုံခြင်းမရှိတဲ့ ဖြစ်တည်မှုတွေပဲ
သူငယ်ချင်းစစ်စစ်ဆိုတာက
ပေးပြီးယူထားတာတွေကို မှတ်ထားတတ်တဲ့
ဆက်ဆံရေးမျိုးမဟုတ်ဘူး
အချင်းချင်းမျှဝေပြီးတော့ နားလည်ပေးတဲ့ဆက်ဆံရေးပါ
လူဆိုတာက အဆုံးမရှိ
ဘဝရဲ့အဖြေမှန်ကို ရှာဖွေသွားနေကြတယ်လို့ ထင်ရပေမယ့်
တစ်ကယ်တမ်းတော့ အဆုံးမရှိကိုယ့်ရဲ့စိတ်ပူပန်မှုတွေကို
ဖြေလျှော့သွားကြတဲ့လူတွေသက်သက်ပဲ
လူတွေခံစားရတဲ့အကြောက်တရားက
တစ်ယောက်နဲ့တစ်ယောက် မတူကြတာမို့လို့ပဲ
နိုင်ဖို့အတွက် တိုက်ခိုက်နေတာမဟုတ်ပါဘူး
မမေ့သွားအောင်လို့ တိုက်ခိုက်နေတာ
ငါတို့အပေါ်မှာ ဘယ်လိုလုပ်ရပ်မျိုးတွေကို
လုပ်ခဲ့လဲဆိုတာကို မမေ့အောင်လို့
သူတို့တွေလုပ်ခဲ့တဲ့လုပ်ရပ်ကို မှတ်မိနေတဲ့သူတွေ
အခုထိအသက်ရှင်ကျန်နေသေးတယ်ဆိုပြီးတော့ အားနာမိအောင်လို့
အားနာတယ်လို့မခံစားမိဘူးဆိုရင် အပြစ်ရှိတဲ့စိတ်ကို ခံစားရပြီး
ရှင်သန်သွားအောင်လို့ အပြစ်ရှိတဲ့စိတ်ပါမရှိဘူးဆိုရင်
စိတ်အနှေင့်အယှက်ဖြစ်ပြီးနေအောင်လို့
စိတ်မသက်မသာဖြစ်အောင်လို့
အဲ့ဒါမှပဲ သူတို့တွေလည်း ဆက်တိုက် မမေ့တော့မှာ မဟုတ်ဘူးလား
ခေတ်က ပြောင်းလဲသွားပြီ
အသက်ရှင်ဖို့အတွက် မတတ်နိုင်ဘဲ
ရွေးချယ်ခဲ့ရတာမျိုးလည်း ရှိနိုင်ပါတယ် လူတွေမို့လို့လေ
ဒါပေမဲ့ မှားနေမှန်းကို သိတဲ့အခါမှာ
တန်းပြီးပြင်ဆင်နိုင်တာကလည်း လူကပဲလုပ်နိုင်တဲ့ကိစ္စပါ
အဲ့ဒီလို ကြိုးစားအားထုတ်မှုမျိုးတောင်မှ မရှိဘူးဆိုရင်
လောကကြီးက ပိုပြီး စက်ဆုပ်ရွံရှာစရာ ကောင်းသွားလိမ့်မယ်
လူက အသက်ရှင်ရမယ့်အကြောင်းအရင်း ကိုယ်စီရှိသလို
သေဖို့အကြောင်းအရင်းဆိုရင်လည်း
အကုန် ကိုယ့်ဘာသာရွေးချယ်ရမှာ
တစ်ကယ်ကြောက်ရမှာက သေခြင်းတရားမဟုတ်ဘဲ
တစ်ယောက်ထဲဖြစ်ပြီးတော့ မသေနိုင်ဖြစ်နေတာပဲ
'Netflix Series' 카테고리의 다른 글
Daily Dose of Sunshine: 정신병동에도 아침이 와요 (0) | 2023.11.07 |
---|---|
Doona!: 이두나! (0) | 2023.10.26 |
Song of the Bandits: 도적: 칼의 소리 (0) | 2023.10.01 |
Celebrity: 셀러브리티 (0) | 2023.07.09 |
Bloodhounds: 사냥개들 (0) | 2023.07.02 |