드라마 다이얼로그

Daily Dose of Sunshine: 정신병동에도 아침이 와요 본문

Netflix Series

Daily Dose of Sunshine: 정신병동에도 아침이 와요

드라마 Dialogue 2023. 11. 7. 12:49

ကျွန်တော်တို့က တစ်နည်းအားဖြင့်ဆိုရင် စိတ်ရောဂါတွေက
ဇီဝဗေဒ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ စသဖြင့် အကြောင်းအရင်း ၃ ခုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်
ဒါပေမဲ့ စိတ်ရောဂါရဲ့ မူလအရင်းအမြစ်ကတော့ စိတ်ဖိစီးမှုဆိုတဲ့ စကားအတိုင်းပဲ စိတ်ဖိစီးမှုကို သေချာ ထိန်းနိုင်မှ စိတ်ကျန်းမာရေးကောင်းမှာပဲဖြစ်ပါတယ်

စိတ်ရောဂါဆိုတာ ထိန်းသိမ်းရတဲ့ရောဂါပါ
ဘယ်အရာတွေထက်မဆို ဆေးရုံကို အမြန်လာပြီးတော့
ထိန်းသိမ်းပေးဖို့က အရေးကြီးပါတယ်

တစ်ခုခုကို အပြည့်အလျှံ ပိုင်ဆိုင်ထားတယ်ဆိုတိုင်း စိတ်ရောဂါမဖြစ်ဘဲ နေပါမလား
ဆန့်ကျင်ဘက်အနေနဲ့ တစ်ခုခု မပြည့်စုံဘူးဆိုရင် စိတ်ရောဂါဖြစ်မယ်ပေါ့လေ

စိတ်ကျန်းမာရေးဌာနဆိုတာ
စိတ်ရဲ့ ခံနိုင်ရည်စွမ်းအား ကျဆင်းသွားတဲ့အခါ လာကြတဲ့နေရာပဲ
အရိုးကျိုးသွားရင် အရိုးအထူးကုဌာနကို သွားပြီး
အအေးမိရင် အထွေထွေရောဂါကုသမှုဌာနကို သွားကြတာနဲ့ အတူတူပဲ
ဘယ်သူမဆို ဘယ်အချိန်ပဲဖြစ်ဖြစ် အားနည်းသွားနိုင်တာမို့လို့

လူတွေက မိမိရဲ့ လျော့ကျနေတဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ဖုံးကွယ်ဖို့အတွက် အခြားသောလူတစ်ယောက်ပုံစံကို မျက်နှာဖုံးအနေနဲ့ စပြီးအသုံးပြုတတ်ကြပါတယ်
ကျွန်တော်တို့က မျက်နှာဖုံးနောက်ကွယ်မှာနေနေတဲ့ လူနာကို ကုသပေးဖို့လုပ်နေတာပါ

တခြားသူတွေက
ဘယ်လောက်ပဲ ငန်းလေးရဲ့အလှကို ချီးကျူးကြပါစေ
သူသာမကြိုက်ရင် အရာမဝင်ဘူးလေ
ဘဲမလေးလိုနေတာကမှ ပိုကောင်းတာမဟုတ်ဘူးလား

 ပျော်ရွှင်မှုက အထွေအထူးမို့လို့လား
ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်နေနိုင်တာကမှ ပျော်ရွှင်မှုပေါ့

တစ်ခါတစ်ခါ သူတို့လုပ်ချင်တဲ့အတိုင်းလုပ်ခွင့်ပေးပြီးတော့
ဒီအတိုင်းစောင့်ကြည့်နေသင့်တဲ့အချိန်လည်းရှိတယ်

သူများတွေရဲ့အမှားတွေကို လိုက်ပြီးပုခုံးပေါ်ထမ်းမထားပါနဲ့
နည်းနည်းလောက် ကိုယ့်ကိုယ်ကို ချစ်ပေးနိုင်ရင် ကောင်းမှာပဲ

ဆေးပညာဌာနမှာတော့ နေမကောင်းတဲ့သူတွေကို ဆေးပေးလိုက်ရင်
ချက်ချင်းပြန်ကောင်းလာကြတယ်လေ
ဒါပေမဲ့ ဒီမှာတော့ လူနာကို ဘာလုပ်ပေးရမလဲဆိုတာ သေချာမသိလို့
ဘယ်ဟာကမှန်လဲဆိုတာ ဘာကိုလုပ်ပေးမှ ကောင်းမလဲဆိုတာ
ဒါက ခက်ခဲတာပေါ့

ဒါဆို ငါတို့ လူနာကိုပဲ အရင်ဆုံးမေးကြည့်ကြမလား
ဘာကအခက်ခဲဆုံးလဲဆိုတာ
အဲ့ဒါကနေ စကြည့်ရအောင်

ဘယ်သူပဲဖြစ်ဖြစ် နေမကောင်းဖြစ်နိုင်တာပဲ ကုသမှုက ကြာတာလည်း ဖြစ်နိုင်တယ်
နဂိုကတည်းက မနက်ဘက်မရောက်ခင် အာရုဏ်တက်က အမှောင်မိုက်ဆုံးပဲမဟုတ်လား
ဒါပေမဲ့ ဒါတော့ သေချာပါတယ် အစတည်းက လူနာအဖြစ်မွေးဖွားလာတဲ့သူမရှိဘူး
နောက်ဆုံးအချိန်ထိ လူနာဖြစ်သွားတဲ့သူလည်း မရှိပါဘူး
ဘယ်လိုလုပ် ညပဲဖြစ်နေပါ့မလဲ
သေချာပေါက် မနက်ဘက်လည်း ရောက်လာပါတယ်

လူတွေက အချင်းချင်းအတွက်
ချစ်ခြင်းမေတ္တာကိုဖော်ပြကြတယ်
တစ်ခါတလေ ဝမ်းနည်းစေတယ်
တစ်ခါတလေ နာကျင်စေတယ်
တစ်ခါတလေ ရောဂါဖြစ်စေတယ်
ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ဘာသာ ပြောင်းလဲဖို့အတွက်
ပစ်လိုက်တဲ့ ကျောက်တုံးက လှိုင်းထစေပြီး
ကိုယ့်တစ်ယောက်တည်း မဟုတ်ဘဲ
ဘေးနားမှာရှိတဲ့ လူတွေကိုလည်း သက်ရောက်စေတယ်

စိုးရိမ်မှုကို ပျောက်ကွယ်အောင်လုပ်ဖို့နည်းလမ်းက တစ်ခုတည်းပဲ
နေမကောင်းဘူးဆိုပြီး ကူညီပေးပါဆိုပြီး
ဘေးမှာရှိနေပေးပါဆိုပြီး ပြောလို့ရတဲ့ ကိုယ်ပိုင်စိတ်လုံခြုံမှုကို ရှာတာပဲ
မွန်းကြပ်ဖို့ကောင်းတဲ့ နေ့စဉ်ဘဝကြီးထဲကနေ
အသက်ရှူပေါက်လေးကို ရှာဖွေရတာပဲ

အဲဒီလို ပြောကြတယ်
ပတ်ဝန်းကျင်က လူတွေကို ဘာလို့ မပြောပြတာလဲ
ကူညီပေးနိုင်မယ့်သူတွေ များတယ်မလားဆိုပြီးတော့

ဒါပေမဲ့ ဒါကရှက်စရာကြီးလေ
ကျွန်တော့် ခန္ဓာကိုယ်က နေမကောင်းမဟုတ်ဘဲ
စိတ်ကျန်းမာရေး မကောင်းတာမို့
ကျွန်တော့်က ကျွန်တော့်စိတ်ကိုတောင် သေချာမထိန်းချုပ်နိုင်တဲ့
အားနည်းတဲ့သူလို့ ထင်ရစေနိုင်တယ်လေ

ဆေးသောက်လိုက်ပါ
ကျော်ဖြတ်နိုင်တယ်ဆိုပြီး ကျော်ဖြတ်နိုင်တဲ့ရောဂါလည်း မဟုတ်ဘူး
တောင့်ခံမယ်ဆိုပြီး သက်သာသွားမယ့် ရောဂါလည်း မဟုတ်ဘူး
အဲ့ဒီနောက် ပတ်ဝန်းကျင်ကလူတွေဆီကို အပ်ထားလိုက်
အတူနေပြီး စိတ်ချမ်းသာတယ်လို့ထင်ရတဲ့
လူမျိုးတွေနဲ့ ပတ်ဝန်းကျင်မှာ အများကြီးရင်းနှီးအောင်လုပ်
ကိုယ့်ဆီမှာ စိုးရိမ်လွန်ကဲမှုတွေဖြစ်လာရင် အသက်ရှုရခက်လို့ သေချင်တဲ့အချိန်
အဲ့ဒီအချိန် ဘေးမှာ မင်းကို ဂရုစိုက်ပေးမယ့်သူ
အဲ့ဒီသူတွေက မင်းကို အသက်ရှုနိုင်အောင် လုပ်ပေးမှ

အခု ကျွန်မတို့အတွက် လိုအပ်နေတာက
မုန်းတီးဖို့ ခွန်အားတစ်ခုဖြစ်ပါလိမ့်မယ်
ဒါပေမဲ့လည်း ကျွန်မတို့က အချစ်ခံချင်တဲ့အတွက်ကြောင့်
အသိအမှတ်ပြုခံချင်တဲ့အတွက်ကြောင့် တစ်ပါးသောသူတွေရဲ့ပုံစံကို
စိတ်ကူးယဉ်ထွင်းထုဖို့အတွက် ကိုယ့်စိတ်ဝိညာဉ်မှာ ဓားကို သယ်ဆောင်ထားကြတယ်
အဲ့ဒါကြောင့် ကျွန်မတို့ဟာ အချိန်တိုင်း နာကျင်နေရပြီး မပျော်မရွှင်ဖြစ်ကြရတယ်

လူဆိုတာခက်ခဲပင်ပန်းတဲ့အခြေအနေကို ဖြတ်ကျော်ဖို့အားအင်မရှိတဲ့အခါ
သူတို့ရဲ့နာကျင်မှု ဒေါသကို တပါးသူဆီကို အပြစ်ပုံချတတ်တယ်
မုန်းတီးတယ် ဒေါသထွက်တယ် ရိုက်နှက်တယ်
အဲဒီလိုဖြစ်ဖြစ်လုပ်မှ ရှေ့ဆက်အသက်ရှင်နိုင်မှာမို့လို့လေ

သူတို့တွေက
တစ်ယောက်ယောက်ကို ပြောပြချင်ပေမဲ့ နားထောင်ပေးမယ့်သူ မရှိဘူး
လူနာအကြောင်းမဟုတ်ဘဲ သူ့ရဲ့ အကြောင်းကို နားထောင်ပေးလိုက်
တစ်ခါတစ်လေ ကုသမှုထက် နှစ်သိမ့်မှု ပိုလိုအပ်တဲ့ လူနာတွေလည်း ရှိတယ်

ရောဂါတွေအားလုံးက စိတ်ကနေလာတယ်
တန်ဖိုးအထားရဆုံးအရာကိုဆုံးရှုံးလိုက်ရတဲ့အခါ
ကိုယ့်ကိုကိုယ် ဆုံးရှုံးလိုက်ရတဲ့အခါ
ပြီးတော့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို ဆုံးရှုံးလိုက်ရတဲ့အခါ
အဲ့ဒီအခါ ကျွန်မတို့တွေ အရမ်းကိုသိသာလွန်းလို့ ပြောရတဲ့လူတောင်
ခေတ်မမှီသလိုထင်ရတဲ့ ‘မျှော်လင့်ချက်’ဆိုတဲ့အရာကလွဲပြီး ပြောစရာမရှိပါဘူး
အဲ့ဒီ သိသာတဲ့မျှော်လင့်ချက်
အဲ့ဒီ သိသာတဲ့မျှော်လင့်ချက်ကို ရှာဖွေဖို့အတွက်
ကျွန်မတို့တွေ...ဒီမှာရှိနေကြပါတယ်

သူငယ်ချင်းအဖြစ်ကနေ ချစ်သူတွေဖြစ်ဖို့
တစ်ခုတည်းသောနည်းလမ်းက ဖွင့်ပြောဖို့ပါပဲ
ဒါပေမယ့် ဖွင့်ပြောတာကလည်း အချိန်ကိုက်ဖြစ်ဖို့လိုသေးတယ်

အဲဒီတုန်းက အရမ်းငယ်သေးလို့
ငါ့ခံစားချက်ကို မသိခဲ့ဘူး
ငါ့ခံစားချက်ကို သိသွားတဲ့အခါကျ
နောက်ကျသွားပြီမို့ နောင်တရခဲ့ရပြီး
ရည်းစားတွေဖြစ်ချင်တဲ့အချိန်ကျတော့လည်း
ငါတို့တွေက အရမ်းကို သက်တောင့်သက်သာဖြစ်တဲ့ သူငယ်ချင်းတွေဖြစ်နေနှင့်ပြီမို့ နောင်တရပြန်ရော

သူက ငါနဲ့ ခံစားချက်ချင်းမတူဘူးထင်ပါရဲ့
အဲဒီတော့ ဖွင့်ပြောပြီးရင် သူငယ်ချင်းတွေလို
နေနိုင်တော့မှာလည်းမဟုတ်ဘူး
ဒါပေမယ့်လည်း အဆင်ပြေပါတယ်
ဒီနေ့ကလည်း
ငါလွဲခဲ့ရတဲ့ အချိန်ကိုက်ဖြစ်မှုတွေထဲက တစ်ခါပဲမို့

အချိန်ကပြဿနာပဲလို့ တွေးမိခဲ့တယ်
ဘာဖြစ်လို့လဲဆိုတော့ အချိန်ကိုက်ကို လွဲသွားလို့
အချိန်ကိုက် ဖြစ်မဖြစ်သာ မဟုတ်ခဲ့ရင် တစ်ယောက်ယောက်ကတော့ သတ္တိရှိခဲ့ပြီး တစ်ယောက်ယောက်ကတော့ သတ္တိမရှိခဲ့ဘူး
ငါကတော့ ဒီနေ့လည်း အချိန်ကိုက်ကို
အပြစ်လွှဲချရင်း သတ္တိမရှိတဲ့ လူတစ်ယောက်ပဲ

ခံစားချက်တွေမှာလည်း ကြွက်သားတွေရှိတယ်လို့တွေးကြည့်လိုက်ပါ
ကျွန်မတို့က ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်သလိုပဲ
စိတ်ကိုလည်း လေ့ကျင့်ဖို့ လိုအပ်ပါတယ် 

အရမ်း အားမထုတ်ပါနဲ့ ပင်ပန်းနေလိမ့်မယ်
အကုန်လုံးကို လုပ်ပေးပြီးရင်တောင် မလုပ်ပေးခဲ့ရတာတွေအတွက်
ကိုယ့်ဘာသာပဲ အပြစ်တွေ တင်နေမိမှာ
အကုန်လုံးကို မင်းအပြစ်လို့ မှတ်ယူပြီး အပြစ်တင်စိတ်တွေ ဝင်လာမှာ
မင်းကိုယ်တိုင် အားအင်တွေ ကုန်နေတာတောင် မသိလိုက်ဘဲ နေမှာ
ဘဝက အကုန်လုံး မီးဝါတွေ ဖြစ်ကုန်မှာ
မီးဝါက အဲဒီလို မင်းကို ဖြည်းဖြည်းချင်း သွားဖို့ပြောနေတောင်
မင်းသတိထားမိမှာ မဟုတ်ဘူး
တစ်ခြားသူရဲ့ ပျော်ရွှင်မှုအတွက်နဲ့ မင်းပျော်ရွှင်မှုတွေကို မမြင်နိုင်တော့ဘဲ
ရှင်သန်နေသွားရမှာ ဒါပေမယ့် မင်းက ပျော်ရွှင်မနေတာကို
ဘယ်သူ့ကို ပျော်အောင် လုပ်ပေးနိုင်မှာလဲ 

စာမေးပွဲကို ၃ကြိမ်လောက် ကျပြီးသွားရင် ရပ်လိုက်ဖို့ အချိန်ကိုက်ပဲ
အဲလိုနဲ့ပဲ မရေမရာ အခြေအနေထဲ ရောက်သွားတာထင်တယ်
နှမြောလို့ ထပ်ဖြေတယ် နှမြောလို့ လက်မလျှော့နိုင်ဘူး
အဲလိုနဲ့တင် လမ်းဆုံးသွားရော
ဆက်တိုက် ဒီလမ်းကိုပဲ လျှောက်နေရင်လည်း အောင်မယ်ဆိုတဲ့ တိကျမှုလည်း မရှိဘူး
လက်လျှော့ဖို့ကျတော့ ဒီအတောအတွင်း လုပ်ခဲ့တာတွေကို နှမြောတယ်
နည်းနည်းလောက် ထပ်ကြိုးစားလိုက်ရင် အောင်သွားမလားလို့ ထင်တယ်
ဟိုဟာရော ဒီဟာရော မလုပ်နိုင်တော့ဘူးပေါ့
၅နှစ် ၁ဝနှစ်လောက် ကြိုးစားခဲ့တာကို ဘယ်သူက အသိအမှတ်ပြုပေးမှာလဲ
ကြိုးစားမှုဆိုတာလည်း စာမေးပွဲအောင်မှ အသိအမှတ်ပြုပေးတာ
မအောင်ရင် ငါတို့က သူများတွေရဲ့ အမြင်မှာ ဘာကြိုးစားမှုမှ မရှိတဲ့လူတွေပဲ 

သေခြင်းတရားဆိုတာက
အကြိမ်ပေါင်းများစွာ ကြုံဖူးလည်း နေသားကျသွားတဲ့ အရာမဟုတ်ဘူး
အကြိမ်တိုင်း ဝမ်းနည်းရတဲ့ အရာပဲ
အကုန်လုံးက ဝမ်းမနည်းချင်ယောင်ဆောင်နေကြရုံပဲ 

နဂိုကတည်းက နှလုံးသားနာကျင်ရင်
ခန္ဓာကိုယ်ကလည်း နေမကောင်းဖြစ်တတ်တယ်
အဲ့ဒီအတွက် အခြားဆေးမရှိဘူး
အရသာရှိတာတွေ ကောင်းကောင်းစားပြီးတော့ စိတ်ဝင်စားစရာကောင်းတာတွေကို
ကြည့်ပြီးတော့ ကိုယ့်ခံစားချက်ကို ကိုယ်ပဲကုစားရတာ
အဲဒါဆို နာကျင်တာကိုလည်း နည်းနည်းပဲဖြစ်ဖြစ် မေ့သွားလိမ့်မယ် 

ဝမ်းနည်းခြင်းမှာလည်း သက်တမ်းကုန်တဲ့အချိန်ဆိုတာရှိတယ်
“ဒီလောက်လုပ်ရင်ရပြီ၊ အသက်ရှင်နေတဲ့သူက ဆက်ရှင်သန်ရမှာပေါ့
ဒီလောက်လုပ်ပြီးရင် ပုံမှန်ဘဝကို ပြန်သွားရမှာပေါ့”
အဲ့ဒီလိုမျိုးတွေလေ
ငါကဆက်ပြီးတော့ ဝမ်းနည်းနေမယ်ဆိုရင် တခြားသူတွေကို ထိခိုက်မှာပေါ့
မြန်မြန်ပြန်ထရမှာပေါ့ 

လူတွေရဲ့ မျက်လုံးထဲမှာ ကိုယ့်အားနည်းချက်ထက်
တခြားသူရဲ့အားနည်းချက်ကိုပဲ မြင်တတ်ကြတယ်လေ
အဲ့ဒါကြောင့် ကိုယ့်အားနည်းချက်ကို မမြင်ကြဘူး 

ဟန်မြစ်တံတားကနေ ခုန်ချပြီးသေဖို့ ခြေလှမ်းရာကနေ
"ငါ အိမ်မှာအတွင်းခံတွေ လှန်းခဲ့ရဲ့လား"
"ဒိုင်ယာရီကိုရော ဖွက်ခဲ့ရဲ့လား"
အဲဒီလိုမျိုး ဘာမဟုတ်တဲ့ အကြောင်းပြချက်နဲ့
မသေချင်တော့တာလည်း ဖြစ်နိုင်တယ်မလား
ဒီဇာတ်ကားရဲ့ နောက်တစ်ပိုင်းကို သိချင်လို့ပဲဖြစ်ဖြစ်
ဒီနေ့ တစ်နေ့တာကို ရှင်သန်ကြည့်စေချင်လို့ 

နှုတ်ဆိတ်နေခြင်းက မုသားစကားတော့ မဟုတ်ပေမဲ့
အချိန်ကိုက်ကိုသာ လွတ်သွားရင် မုသားစကားဖြစ်သွားတယ် 

လူတွေက စိတ်ကစဉ့်ကလျားရောဂါသည်ကို
အလားအလာရှိတဲ့ ရာဇဝတ်သမားဖြစ်သွားတဲ့အလား ကြည့်နေကြတာ
တခြားလူတွေတော့ မသိရင်တောင်
နင့်ကိုယ်နင်တော့ အဲဒီလိုမျိုး ရာဇဝတ်သမားအဖြစ် မသွတ်သွင်းလိုက်နဲ့
နေမကောင်းလို့ ဒီလိုဖြစ်တာလေ အပြစ်ကျူးလွန်ခဲ့တာမှမဟုတ်တာ 

နေမကောင်းတဲ့လူတစ်ယောက် လူ့အဖွဲ့အစည်းမှာနေချင်တာက လောဘတက်နေသလိုပဲ ဟုတ်လား
အဲဒါဆို ရှင့်ရဲ့သမီးလည်း တစ်သက်လုံး အိမ်ထဲမှာပဲပုန်းပြီးနေသွားရတော့မှာပဲ
ခင်ဗျားရဲ့သားလည်း တစ်သက်လုံး ကုမ္ပဏီမှာအလုပ်ဆင်းလို့ မရလောက်တော့ဘူးပဲ
လူနာတွေ အကုန်လုံး လူ့အဖွဲ့အစည်းမှာ နေလို့မရဘဲ အိမ်ထဲမှာပဲ နေရတော့မှာပေါ့နော် ဟုတ်တယ်မလား

ဘာလို့လဲ
ငါ့မိသားစုကို ဒီလိုပြောတော့ နာတတ်ကြတာလား
ရင်တွေ ကွဲနေကြတာလား
ဒါပေမဲ့ ခုနကအားလုံးပြောခဲ့ကြတဲ့ စကားတွေက လူနာတွေ ဆေးရုံက ထွက်သွားရင် ကြားလာရမယ့်စကားတွေပါ

“နေမကောင်းတဲ့လူက ဘာလို့ရုံးတက်မှာလဲ”
"အဲ့လိုကနေ အရေးကြီးကိစ္စတွေ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ”
နေမကောင်းတဲ့ ကလေးကို ဘာလို့ ကျောင်းတက်ခိုင်းတာလဲ"
“မိဘတွေက လောဘတက်နေတာ မဟုတ်ဘူးလား”
တခြားလူတွေကတော့ မသိပေမဲ့
အနည်းဆုံးတော့ ကျွန်မတို့အချင်းချင်း အဲ့လိုစကားမျိုး မပြောသင့်ဘူးမလား

ကြုံဖူးတာပဲမလား
"ဘာလို့ ငါ့ကလေးကျမှ..
ဘာလို့ ငါ့မိသားစုဆီမှာမှ..
ဘာလို့ ငါ့ကျမှ..

စိတ်ရောဂါဆိုတာ အဲ့လိုမျိုးပါ
ဘယ်အချိန် ဘယ်နေရာမှာ
ဘယ်သူ့ဆီကိုမဆို ရောက်လာနိုင်တဲ့ ခန့်မှန်းမရတဲ့ရောဂါပါ
ကိုယ့်ဆီ ရောက်မလာနိုင်ဘူးလို့ တစ်သမတ်တည်း”တွေးမထားကြပါနဲ့ 

သူနာပြုဝတ်စုံမှာအစွန်းအထင်း စွန်းပေသွားတယ်ဆိုတိုင်း သူနာပြုဝတ်စုံ မဟုတ်တော့တာတော့ မဟုတ်ဘူး
စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးရုံတက်ခဲ့တယ်ဆိုတိုင်း ငါကသူနာပြုမဟုတ်တော့တာ မဟုတ်သလိုမျိုး
ဘက်လိုက်မှုနဲ့ အမည်းစက်ဆိုတဲ့ အစွန်းအထင်းတွေကလည်း
ဘယ်အချိန် ဘယ်နေရာမှာ ပေါ်လာမလဲဆိုတာ မသိနိုင်တဲ့ ကြီးမားသော သေးငယ်သော အစွန်းအထင်းလေးတွေရော
အမာရွတ်နောက်မှာကွယ်နေပြီး အစွန်းအထင်းမှန်းတောင် မသိခဲ့တဲ့ အစွန်းအထင်းတွေရော
ငါ့အပေါ်ကိုငါ ဖိတ်ချစေခဲ့တဲ့ရေကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းအထင်းရော
အားလုံးကို သန့်စင်အောင် ဆေးကြောပြီး ခါထုတ်ပစ်ရအောင်
အားလုံးခြောက်သွေ့သွားပြီး နူးညံ့လာမယ့် မနက်ဖြန်လေးကို နောက်ပြီး တစ်ချိန်ချိန်ကျ ရောက်လာမယ့် စင်ကြယ်တဲ့ နံနက်ခင်းလေးကို စောင့်နေရင်း 

ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်တာက သေဖို့လုပ်တာမဟုတ်ဘဲ
ကယ်ပေးပါဆိုပြီးတော့ အော်ပြီးအကူအညီတောင်းတာမျိုးပဲ
အဲဒါမဟုတ်ရင် တစ်ယောက်ယောက်ဆီက ဂရုစိုက်မှုကိုလိုချင်လို့
တစ်ယောက်ယောက်ကသူတို့ကို အသုံးမကျတဲ့သူလိုမျိုးဆက်ဆံလိုက်လို့
ကိုယ့်ကိုယ့်ကိုယ်အပြစ်ပေးတဲ့အနေနဲ့အဲဒီလိုလုပ်ကြတာလည်းရှိတယ်
စိတ်ဖိစီးမှုခံစားရတဲ့ အသက်အရွယ်က ငယ်လေလေ
ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ဖြစ်အောင်လုပ်နိုင်တဲ့နှုန်းကလည်း မြင့်တယ်
စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားတာကို ဘယ်လိုဖြေဖျောက်ရမလဲ မသိတာမလို့ 

စိတ်ရောဂါက ရာသီဥတုဖောက်ပြန်တာနဲ့တူတယ်
တစ်ခါတစ်လေမှာအကြောင်းပြချက်မရှိ
ထိုင်းမှိုင်းပြီးတော့
တစ်ခါတစ်လေမှာ အကြောင်းပြချက်မရှိ
ပျော်နေတတ်တယ် 

 ကျွန်မတို့ အားလုံးက နယ်နမိတ်အတွင်းမှာ ရပ်နေကြတာပါ

အိပ်မက်နဲ့ လက်တွေ့ရဲ့ နယ်နမိတ်ကြားမှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်ကတော့
သူအတွက် အဖြေမှန်ကို ရှာတွေ့သွားတယ်
စိုးရိမ်မှုတွေ စိတ်မအေးမှုတွေရဲ့ နယ်နမိတ်ထဲမှာ ရှိနေတဲ့
နောက်ထပ်တစ်စုံတစ်ယောက်ကတော့ ထပ်ပြီးမနာကျင်ရတော့မယ့်
နည်းလမ်းကို ရှာတွေ့သွားခဲ့တယ်

စိတ်ဓာတ်ကျခြင်း မကျခြင်းဆိုတဲ့ နယ်နမိတ်အတွင်းမှာ ရှိနေခဲ့တဲ့ ကျွန်မကတော့
စိတ်ဓာတ်ကျခြင်းတွေမရောက်ရှိလာခင် လာရှာပေးတတ်တဲ့ သူကို ပိုင်ဆိုင်ခဲ့တယ်

ကျွန်မတို့ အားလုံးဟာ နေ့နဲ့ည လည်ပတ်ရင်း ရှင်သန်နေကြတယ်
ကျွန်မတို့အားလုံးက ပုံမှန်ဖြစ်ခြင်းနဲ့ မူမမှန်ခြင်းဆိုတဲ့ နယ်နမိတ်ထဲမှာ ရှိနေကြတဲ့ သူတွေပါ 

'Netflix Series' 카테고리의 다른 글

Gyeongseong Creature: 경성크리처 1-2  (0) 2024.01.05
Doona!: 이두나!  (0) 2023.10.26
Song of the Bandits: 도적: 칼의 소리  (0) 2023.10.01
Celebrity: 셀러브리티  (0) 2023.07.09
Bloodhounds: 사냥개들  (0) 2023.07.02