드라마 다이얼로그

Doona!: 이두나! 본문

Netflix Series

Doona!: 이두나!

드라마 Dialogue 2023. 10. 26. 12:59

ဘဝတိုင်းမှာ
အပြောင်းအလဲဆိုတာပေါ်လာတတ်တယ်
နင်ပြောဖူးတယ်မလား
ငါတို့က သီးခြားကမ္ဘာက လူတွေလို့
လုံးဝကို မတူညီတဲ့ကမ္ဘာမှာ နေထိုင်နေကြတဲ့
ငါတို့က အမှတ်မထင် ကားမှတ်တိုင်တစ်ခုမှာ
ဘေးတိုက်ထိုင်ဖြစ်ခဲ့ရုံပဲလို့
နှင့်စကားက မှန်နေမလားဆိုတာ မသိပေမဲ့
ငါ့အတွက်တော့ အဲဒါက
နင်ဖြစ်နေခဲ့လို့ ပျော်ခဲ့ရတယ်…"

ကျိန်းသေပေါက် အကုန်လုံးရဲ့ ဇာတ်ကြောင်းတွေကို
အကုန်လုံး သိနိုင်တာတော့ မဟုတ်ဘူး
ဘယ်သူ့ဆီမှာမဆို ဖုံးကွယ်ထားချင်တဲ့ တကယ့်ဇာတ်ကြောင်းက
သက်သက်ရှိကြစမြဲမို့လို့

လူတွေက
သူတို့ ထင်ချင်တဲ့အတိုင်း ထင်ကြတာ
တကယ့် အကြောင်းပြချက်ကတော့ အရေးမကြီးကြဘူး

ထမင်း သေချာစားပါ
ထမင်း သေချာမစားရင် ဝမ်းနည်းရတယ်လေ
ကျွန်တော်ဆို ကိုယ့်အတွက်ကိုယ် ပေးနိုင်တဲ့ အရာက
ထမင်းအပြင်မရှိဘူး

တကယ်ပင်ပန်းရတာဘာလဲသိလား
အစကတည်းက မရှိတဲ့သူမဟုတ်ဘူး
သေချာပေါက်ရှိခဲ့ပေမဲ့ ပျောက်ကွယ်သွားတဲ့သူတွေ
အဲဒါက လူတွေကိုရူးစေတာပေါ့

ဒီအတိုင်း လက်ရှိမှာပဲရှင်သန်
စကားနဲ့မပြောရင်တောင်ခံစားရတဲ့ ခံစားချက်အမှန်ဆိုတာမရှိဘူး

တစ်ဖက်သတ်အချစ်ဆိုတာ အသိသာကြီးပဲလေ
အရူးလိုမျိုး ဘာမှ မဟုတ်တဲ့ အရာကိုတောင်မှ တစ်ယောက်တည်း အလွန်အကြူးတွေ ထင်မှတ်နေတတ်တယ်
တစ်ယောက်တည်း ဟိုးမြေအောက် အနက်ကြီးထဲမှာ
စိတ်ပျက်အားငယ်နေရာကနေ တိမ်တွေပေါ်ကို လွှင့်မျောမိပြန်တယ်
အဲဒီလိုနဲ့ အပိုတွေ လုပ်မိပြီးတော့
ပိုပြီး ဝေးသွားလိုက် အဲဒီလိုတွေ ဖြစ်တတ်တာပေါ့

ကြောက်လို့လည်း ရတယ်
ထိခိုက်မိတာထက်စာရင် တော်သေးတာပေါ့
မထိခိုက်ပါစေနဲ့ ဘယ်သူ့ကြောင့်ဖြစ်ဖြစ်
အချစ်ခံရတာကိုက အလုပ်တစ်ခုဖြစ်တဲ့ သူမဟုတ်လား

အစတည်းက အဲဒီလိုပဲလေ
ဘယ်အချိန်ထိခိုက်မိမှန်းမသိပေမဲ့
နာကျင်မှုကိုခံစားရတဲ့အချိန် အဲဒီအချိန်ကနေစပြီး
စိတ်အနှောင့်အယှက်ဖြစ်လာပြီးတော့ ထိခိုက်မိမှန်းသိတာ

အထီးကျန်ပြီးပင်ပန်းလို့ တစ်ယောက်ယောက်ဆီကနေ
နှစ်သိမ့်မှုလိုချင်တဲ့သဘောကို နားလည်ပါတယ်
နားလည်ပေမဲ့ အဲဒီခံစားချက်က
ကိုယ့်ကိုယ်ကို အထင်မှားသွားနိုင်တာမျိုးလည်းရှိပါတယ်
အဲဒီလိုကနေ ဒဏ်ရာရလိမ့်မယ်

နင်က ဘယ်သူမဆို သဘောကျလောက်ချင်စရာလူမျိုးပဲ
ဘယ်သူပဲဖြစ်ဖြစ် မိသားစုပဲဖြစ်ဖြစ်
နင့်ကို လက်လွတ်စပယ် ဆက်ဆံခွင့်မပေးနဲ့
အဲဒါကို သည်းခံနေစရာ မလိုဘူး

ပြီးတော့ ဒီစကားကို ပြောပြပေးချင်မိတာ
“ဒီထက်ပိုပြီး ဆွဲမထားတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ တော်တယ်” လို့
အဲဒါက ဘာပဲဖြစ်ဖြစ်

ကိုယ့်ဘာသာ လဲကျပြီးတော့ သူများကို အပြစ်တင်နေတာလောက် သနားစရာကောင်းတာ မရှိဘူး