드라마 다이얼로그

Celebrity: 셀러브리티 본문

Netflix Series

Celebrity: 셀러브리티

드라마 Dialogue 2023. 7. 9. 16:40

ဘယ်သူမဆို နာမည်ကြီးလာတာနဲ့ပိုက်ဆံရှာနိုင်တဲ့ကမ္ဘာကြီး 
‘တကယ်လား’ ‘ဘယ်လိုမျိုးလဲ’
စိတ်ထဲမှာတော့ သိချင်နေပေမယ့် 
မမြင်သလို မဟုတ်သလို စိတ်မဝင်စားချင်ယောင်ဆောင်နေကြတာ 
ငါ့ဘဝကြီးက ချာတူးလန်ပြီး အမှိုက်ပုံးလိုဖြစ်နေတာ 
သူများကောင်းစားနေတာမြင်ပြီး ဘာလုပ်ရမှာလဲ မနာလိုတာပဲ အဖတ်တင်တယ် 
ဒါပေမဲ့လည်း တစ်ခါတလေအကယ်၍များဆိုပြီးရောမတွေးဖူးဘူးလား
ကျက်သရေမရှိပေမဲ့လည်းသူတို့အကြောင်း သိချင်တယ်မလား 

ဒီလူတွေက ဘာလုပ်တဲ့သူတွေလဲ 
ဘာလုပ်တဲ့သူတွေမလို့ ရာသီတစ်ခုပြောင်းတိုင်း နိုင်ငံခြားသွားလည်ပတ်ပြီး ဒီလို ဇိမ်ခံဘရန်းဒ်တွေကို ဝယ်နိုင်ကြရတာလဲ 
မိဘက ဘယ်သူမလို့လဲ ယောက်ျား အလုပ်အကိုင်က ဘာမလို့လဲ 
ဘယ်လောက်တောင် ချမ်းသာကြလို့ 
နေ့တိုင်းလျှောက်သွား အရသာရှိတာတွေ စားသောက်ပြီး ဘဝကြီးကို ပျော်ပျော်ဖြတ်သန်းနေနိုင်ရတာလဲ 

ဘာစားလဲ ဘာဝတ်လဲ ဘာဝယ်လဲ 
ဘယ်လိုဝါသနာတွေရှိပြီး ဘယ်လိုအိမ်မျိုးမှာနေလဲ 
ဘယ်သူ့နဲ့တွေ့လဲ ဘာတွေလုပ်ကြလဲ 
ဒီနေ့ခေတ်မှာ ဘာရယ်မဟုတ်ဘဲတောင် ဆယ်ဖီတွေရိုက်ကြတယ်မလား 
ငါတို့က အဲဒီလိုလောကကြီးမှာ နေတာမလား 
ငါ ငါ ငါ 
ဘယ်လိုမျိုးဆိုရင်ငါ့ကို လူသိမလဲ 
ငါ့ကိုမြင်မလဲ ငါ့ကိုသတိထားမိမလဲဆိုတာကိုပဲ ဂရုစိုက်နေတဲ့လောကကြီး

နာမည်ကြီးတစ်ယောက်ဖြစ်လာဖို့ လိုအပ်လို့လား 
သူများတွေဂရုစိုက်စိုက် မစိုက်စိုက် ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် အာရုံစိုက်ခံရအောင်လုပ်ရင်းနဲ့

အဲ့ဒါက အာဏာဖြစ်လာတယ် စွမ်းဆောင်မှုဖြစ်လာတယ် ပိုက်ဆံဖြစ်လာတဲ့လောကကြီး 

ရှင်တို့တွေ အိပ်မက်တောင်မမက်ဖူးဘူးမလား 
ဒီနေရာမှာအဲဒီလိုမျိုးနေလို့ရတယ်ဆိုတာ 
သူတို့တွေလိုမျိုးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ 
ပြီးတော့ အလိမ်အညာလေးတွေလည်း နည်းနည်းပါးပါးသုံးလို့ရသေးတယ် 
သူများတွေရဲ့ပစ္စည်းတွေနဲ့ ရှိချင်ယောင်ဆောင်ပြီးတော့လေ 
ဒီနေရာမှာ စုတ်ပြတ်နေတဲ့ဘဝကနေ ချမ်းသာတဲ့ဘဝကို ပြောင်းလို့ရတယ် 

ဒီလိုနေရာမျိုးဆိုတာက 
ငါ့အကြောင်းကို သေချာလည်းမသိသေးဘဲနဲ့ ငါ့ကိုမုန်းကြတယ် ငါ့ကိုချီးမွမ်းကြတယ် ငါ့ကို စောင့်ကြည့်ကြတယ် 
ပြီးတော့ ငါ့ကို အသားလွတ်မုန်းနေကြတဲ့သူတွေ သေလောက်အောင် ငါ့ကို မနာလိုတွေဖြစ်ကြတယ် 

Followers ဆိုတာက လူတွေဘယ်လောက်များများကျွန်မကိုသိကြတယ်

ကျွန်မကိုကြည့်နေကြတယ်ဆိုတာကို ပြတာပေါ့ 
အင်အားက အဲဒီကနေရလာပြီးတော့ အဲဒီကနေ ပိုက်ဆံရှာတာပေါ့ 
ဒီကနေ အဲဒါကို ဖန်တီးလို့ရတယ်ဆိုတာသိလား 
ငါ့ကို follow လုပ်ထားတဲ့ နာမည်ကြီး ဘယ်နှစ်ယောက်ရှိလဲ 
ငါပြောတာကို ဘယ်သူတွေ ပြန်တုံ့ပြန်ကြလဲ 
အဲဒါက ကမ္ဘာပေါ်က အစစ်အမှန်နာမည်ကြီးမှုကို ဆုံးဖြတ်ပေးတာ 
အဲဒါကြောင့် တွေ့သမျှလူတိုင်းက 
နာမည်ကြီးတွေနဲ့ အရမ်းပတ်သက်ချင်နေကြတာပေါ့ 

ဆံပင်ညှပ်ဆိုင် စားသောက်ဆိုင်အလှကုန် အရေပြားကုသမှုဆေးခန်းတို့မှာ

ကလေးရှိရင် ကလေးအသုံးအဆောင်ပစ္စည်းတွေအထိ ဒီနယ်ပယ်ထဲမှာ အကုန်လုံး စပွန်ဆာရနိုင်တယ် 
အဲ့ဒီလူတွေက Hashtag ကိုသုံးပေးရုံပဲ 

ဝမ်တစ်သောင်းတောင်မရှိတဲ့ ယောဂဝတ်စုံကို ဝမ်သိန်းခွဲဆိုပြီးဈေးနှုန်းကပ်ပြီး 

မိနစ်သုံးဆယ်အတွင်းအထည်၅ ထောင်လုံး ရောင်းထွက်သွားအောင်လုပ်တာ ပီကေဝါးသလောက်တောင် မခက်ဘူး 

ရိုးရိုးတင်လိုက်တဲ့ပုံလေးထဲမှာ ကပ်ပါသွားတဲ့ လျှပ်စစ်မီးလင်းဖိုကို 
ဘာလဲဆိုပြီးမေးတဲ့ ကွန်းမန့်တွေ တရစပ်တက်လာလိမ့်မယ် 
ဒါဆို လူကြီးမင်းတို့အတွက်ကုန်ပစ္စည်းတွေကို ရသ အစုလိုက်ဝယ်လိုက်ပြီးတော့ 

ဖန်တွေအတွက် အထူးကန့်သတ်ပြီးရောင်းတာလို့ပြောတော့တာပါပဲ 
အဲဒါကြောင့် အဲဒီသူတွေက ပိုက်ဆံကိုဒီလိုမျိုးရှာကြပါတယ် 

ဒီလို စကားမျိုးရှိတယ်လေ

"နာမည်ကြီးအောင်နေ အဲလိုဆို မင်းအီးပါရင်တောင်

ကမ္ဘာကြီးက လက်ခုပ်တီးပေးလိမ့်မယ်”

လူတစ်ယောက်ရဲ့တကယ့်တန်ဖိုး ပေါ်လာတဲ့အချိန်က

အထက်မှာ ရောက်နေတဲ့အချိန်မဟုတ်ဘဲ

အောက်ကနေ တက်လှမ်းနေတဲ့အချိန်ဆိုတာ

လူတွေပြောကြတာရှိတယ်လေ

အွန်လိုင်းပေါ်ကဘဝက အပြင်ဘက်ကဘဝနဲ့ မတူဘူးလို့လေ

အဲဒါက စိတ်ကူးယဉ်ဘဝဆိုပြီးတော့လေ

ဝေးပါသေးတယ် အွန်လိုင်းဖြစ်ဖြစ် လက်တွေ့ဘဝပဲဖြစ်ဖြစ်

လူတွေအားလုံးက အတူတူပဲ

ပျော်ရွှင်မှုကို ထုတ်မကြွားဘဲ မနေနိုင်တဲ့လူတွေရှိပါတယ်

ဘာလို့လဲဟုတ်လား

ဘယ်လောက်အောင်မြင်လဲ ဘယ်လောက်ချမ်းသာသလဲ

ဘယ်လောက်များတဲ့ စိတ်ဝင်စားမှုတွေပိုင်ဆိုင်ထားသလဲဆိုတာ

ဒီခေတ်ကြီးမှာ အဲဒါတွေအားလုံးက

လေးစားချစ်ခင်မှုရဲ့ အရင်းအမြစ်တွေဖြစ်လာတာမို့လို့

 

ဒါပေမဲ့ တကယ်ပဲ တခြားသူတွေရော မရှိဘူးလား 

ဒီလောကကြီးမှာပြည့်လျှံနေတဲ့ အောင်မြင်မှုကို 
ကြွားဝါဖို့ သဘောမတွေ့တဲ့လူတွေ 
သူတို့တွေကို မျက်စိစုံမှိတ်ကိုးကွယ်နေတဲ့စကားတွေနဲ့ အဆင်မပြေဖြစ်တဲ့လူ

ဒီလိုမျိုး အတွေးဝင်ဖူးတာမရှိဘူးလား

ကမ္ဘာကြီးက နည်းနည်းပင်ပန်ရဖို့ကောင်းတယ်ဆိုတာ

အဲ့ဒီလိုရှိတယ်မလား

ဒီလိုလောကကြီးမှာ ဝယ်ရမယ့်ဟာ စားရမယ့်ဟာ

လုပ်ရမယ့်ဟာ တော်တော်လေးကို များတယ်မလား

ပြီးတော့ အဲ့ဒီလိုပဲ စားပြီး ဝယ်ပြီး လုပ်ပြီး

နေ့တိုင်းကိုကုန်ဆုံးနေရတာ စိတ်ကျဉ်းကြပ်တယ် ပင်ပန်းတယ်

တစ်ကယ်ပဲ ဒီလိုမျိုးတွေ လိုရော လိုအပ်လို့လား

ဝမ်းနည်းဖို့ကောင်းစွာနဲ့ လောကကြီးထဲ ပြုံတိုးဝင်လာတဲ့

အရာတွေကို ဆက်တိုက်လိုက်ကြည့်နေမယ်ဆိုရင်

ငါတို့လည်း တချိန်ချိန်မှာ ကိုယ့်ကိုယ်ကို မသိတော့တဲ့

အရူးတွေဖြစ်သွားလိမ့်မယ် လူများတွေအားလုံး ပိုင်ဆိုင်နေတာမို့

ငါ့မှာလည်း တစ်ခုလောက်ရှိသင့်တယ်မဟုတ်ဘူးလား

လူတိုင်းအားလုံး လုပ်နေတာမို့

ငါလည်း တစ်ခေါက်လောက်လုပ်ကြည့်သင့်တယ် မဟုတ်ဘူးလား

အဲဒီလိုလူတွေအားလုံးပြည့်စုံကြပြီးတော့

ငါတစ်ယောက်ပဲ ကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ငါတို့အားလုံး ငါတို့ရဲ့ကံကြမ္မာကို ကျေနပ်ရောင့်ရဲနေလို့မဖြစ်ဘူး

ကိုယ့်ဘဝ ကိုယ့်ကိုကိုယ် ဘာမှအာမခံလို့မရဘူး

လောကကြီးမှာ ရွေးချယ်မှုအတွက် ပေးဆပ်ရတာတွေရှိတယ်

ဒါပေမဲ့ လူတော်တော်များများက အဲဒါကိုမသိဘဲ ရှင်သန်နေကြတယ်လေ

မဟုတ်သေးဘူး သိဖို့မကြိုးစားဘူးဆိုတာ ပိုမှန်မယ်

အဲဒါက ပိုပြီးတော့ သက်တောင့်သက်သာရှိတာမို့လေ

သူတို့ဘာလုပ်ခဲ့လဲဆိုတာ မသိဘဲ နေလိုက်ရတာက

ဒါပေမဲ့ ငါတို့က ငါတို့ဘာလုပ်ရပ်လုပ်လိုက်သလဲဆိုတာ သိထားမှရမယ်

ကိုယ်တိုင်လုပ်လိုက်တဲ့လုပ်ရပ်ကနေ မလွတ်မြောက်နိုင်ဘူးဆိုတာ

ကိုယ်တိုင်သိထားရမယ် အကြောင်းတရားတွေကြောင့်

ရွေးချယ်မှုလုပ်လိုက်တဲ့တန်ဖိုးကိုတော့ ပြန်ပေးဆပ်ရမယ်

ခေါင်းရှောင်နေလို့လည်း မဖြစ်ဘူး ရှောင်လွဲလို့လည်း မရဘူး

အင်အားမဆိုစလောက်လည်းရှိတာနဲ့ အစော်ကားခံရတဲ့လောကကြီး

အဲ့ဒီအင်အားနဲ့ တစ်ယောက်ယောက်က စုတ်ပြတ်သတ်အောင်

ပျက်စီးသွားနိုင်တဲ့လောကကြီး

လုပ်ပိုင်ခွင့်ကနေရတဲ့ အာဏာတွေ နာမည်ကနေ ရတဲ့အာဏာတွေ

အမည်မဖော်ခြင်းကနေ ရတဲ့ အာဏာတွေ

ငါတို့နေထိုင်နေတဲ့လောကကြီးက အဲဒီလိုမျိုးမို့

'Netflix Series' 카테고리의 다른 글

Doona!: 이두나!  (0) 2023.10.26
Song of the Bandits: 도적: 칼의 소리  (0) 2023.10.01
Bloodhounds: 사냥개들  (0) 2023.07.02
Queenmaker: 퀸메이커  (1) 2023.04.21
The Glory: 더 글로리  (0) 2023.03.11