드라마 다이얼로그

Cinema Street: 영화의 거리 본문

Films

Cinema Street: 영화의 거리

드라마 Dialogue 2023. 7. 19. 21:38

ရုပ်ရှင်ရိုက်ကွင်းနေရာဆိုတာ
ရှုခင်းလှနေရုံနဲ့ဖြစ်တဲ့အရာ မဟုတ်ပါဘူး
အမျိုးမျိုးသော စံချိန်စံနှုန်းတွေနဲ့ရိုက်ကွင်းနေရာကိုက်ညီမှသာ Screen မှာခံစားချက်အပြည့်ရနိုင်မှာပါ

ဒါကြောင့်အမျိုးမျိုးသောရိုက်ကွင်းစံချိန်စံနှုန်းတွေထဲမှာတောင်မှ လက်ပေါက်အကပ်ဆုံးက ဒါရိုက်တာရဲ့စိတ်ပဲဖြစ်ပါတယ်

ရိုက်ကွင်းနေရာဆိုတာ ရုပ်ရှင်ပါအကြောင်းအရာတွေ ပါဝင်ပတ်သက်နေတဲ့အရာလည်းဖြစ်ပြီး
တစ်ခါတစ်လေကျတော့လည်း ဒိုင်ယာလော့အကြောင်းတစ်ရာထက်ကိုပိုပြီး ဒါရိုက်တာရဲ့ ရည်ရွယ်ချက်ကို ညွှန်းဆိုပေးနိုင်ပါတယ်

အချိန်တွေကြာလာရင်
သေချာပေါက်ပြောင်းလဲကြရတာပါပဲ
ဒီနေရာမှာပဲ အရင်ပုံစံအတိုင်း ထာဝရ မပြောင်းမလဲတည်ရှိနေလိမ့်မှာပဲဆိုတဲ့အတွေးမျိုးက တော်တော်ဆိုးဝါးတဲ့ အထင်မှားမှုမျိုးပါပဲ

တစ်ခါတလေ ဦးတည်ချက်မဲ့လျှောက်သွားလိုက်ရင် ထူးထူးဆန်းဆန်းရှာတွေ့တာမျိုးလည်း ရှိတတ်တယ်
ဒီလိုနေရာမျိုးရှိသေးတယ်လားလို့
ထင်ရလောက်တာမျိုးရှိတတ်တယ်

ပြန်တွေးကြည့်လိုက်တော့ ဦးတည်ချက်မဲ့လျှောက်သွားတာမျိုးမရှိခဲ့ဖူးဘူးထင်တယ်

ကျွန်မက ရုပ်ရှင်ဆန်တဲ့နေရာမျိုးကိုရှာဖို့
ဘူဆန်တစ်မြို့လုံးကိုလျှောက်သွားနေခဲ့ပေမယ့် အမှန်တော့ ရုပ်ရှင်ဆန်တဲ့နေရာဆိုတာ မရှိပါဘူး
နေ့စဉ်သာမန်မြင်နေကျ လမ်းလေးဖြစ်နေရင်တောင် ဒါရိုက်တာရဲ့ရည်ရွယ်ချက်ကို
ကောင်းကောင်းဖော်ပြနိုင်မယ်ဆိုရင်
အဲ့ဒါက ရုပ်ရှင်ရဲ့လမ်းလေးဖြစ်နိုင်ပါတယ်

'Films' 카테고리의 다른 글

3 Days Vacation: 3일의 휴가  (0) 2024.01.05
P A S T L I V E S  (0) 2023.09.07
Swallow: 제비  (0) 2023.07.19
Rebound: 리바운드  (0) 2023.07.15
Soulmate: 소울메이트  (0) 2023.07.12