드라마 다이얼로그

Rebound: 리바운드 본문

Films

Rebound: 리바운드

드라마 Dialogue 2023. 7. 15. 01:08

ဘတ်စကတ်ဘောကစားတဲ့အခါ
ပစ်လိုက်ရင်လည်း မဝင်သွားတဲ့အခါမျိုးရှိတယ်
မဟုတ်လား
မဟုတ်ဘူး မဝင်တာပိုများတာပေါ့
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကြိုးစားမှုနဲ့လိုက်ပြီး
အခွင့်အရေး ပြန်ပေါ်နိုင်တယ်
အဲ့ဒါကို ဘာလို့ခေါ်လဲ
Rebound

ငါ ကစားသမားဘဝ ရှုံးနိမ့်ပြီးတော့
ကျောင်းကို နည်းပြအဖြစ်ရောက်လာပြီး သေချာနိုင်တဲ့နည်းလမ်းမသိဘဲနဲ့
မင်းတို့ကိုတွန်းအားပေးခဲ့တာ
ဘာလို့လဲ ကြောက်မိတာမို့လို့
ကောင်းကောင်းမလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ
ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ
အဲ့ဒါနဲ့ပဲ ရှုံးနိမ့်ခဲ့တာပေါ့

သိတယ်မဟုတ်လား ဒါပေမယ့် အဲ့ဒါက
တစ်ကယ် ရှုံးနိမ့်တာတော့ မဟုတ်ဘူးလေ
နောက်ဆုံးမှာ အခု ဒီနေရာမှာ
ဒီဗိုလ်လုပွဲ ကစားသမားနားနေခန်းမှာ
မင်းတို့နဲ့ အတူရှိနေနိုင်တာက
အဲ့ဒီ ရှုံးနိမ့်မှုအတု ကျေးဇူးကြောင့်
ဘယ်လိုပဲဖြစ်ဖြစ် Rebound ကို အရယူနိုင်ခဲ့တာပေါ့

ဒါပေမဲ့ အဲ့ဒါ ငါတစ်ယောက်တည်းယူနိုင်ခဲ့တာ
မဟုတ်ဘူးလေ
မင်းတို့တွေ Rebound ကိုဖမ်းပြီးတော့
ငါ့ကို ဘောလုံးပစ်ပေးခဲ့တာ
မင်းတို့က ကျားကုတ်ကျားခဲနဲ့ Rebound ကိုဖမ်းပြီးတော့  အချင်းချင်းဆီကို ဘောလုံးပစ်ပေးလိုက်တာ
မဟုတ်လား ငါတို့
ပြန်လုပ်ကြည့်ရအောင်လို့
ပြန်ပြီးတော့ ဘောလုံးပစ်ကြည့်လို့
မင်းသဘောကျတာကို လုံးဝလက်မလျှော့နဲ့လို့

မင်းသဘောကျတာ
ငါသဘောကျတာ
အတူတူသဘောကျတာကို
အဲ့ဒါလုပ်ပြီး နေရအောင်
ဘဝက ဘာထူးထူးခြားခြားရှိလို့လဲ

ရှုံးနိမ့်မှုကို အောင်မြင်မှုအဖြစ် ပြောင်းနိုင်တဲ့ နည်းဗျူဟာ
‘လက်မလျှော့ကြရအောင်’

ငါတို့တော်တဲ့ဟာ ငါတို့ပျော်ရွှင်ရတဲ့ဟာ
ငါတို့ရူးသွပ်တဲ့ဟာ အဲ့ဒါကို နောက်တစ်ခေါက်
ထပ်လုပ်ကြည့်ရအောင်

လူတိုင်းမှာ ပထမဆုံးဆိုတာရှိတယ်
ငါလည်း အဲ့ဒီလိုပဲဖြစ်ခဲ့တယ်
ဒီတစ်ခေါက်ပြိုင်ပွဲက
မင်းကစားသမားဘဝရဲ့ ရမှတ်အစဖြစ်မှာပဲ

ဘယ်တက္ကသိုလ်ကနေ ငါတို့ကိုခေါ်ပြီး
ဘယ်ပရိုအသင်းကနေ ငါတို့ကို ခေါ်သွားပါ့မလဲ
ဒါပေမဲ့လည်း အရင်ဆုံးတော့ မနက်ဖြန် ဘတ်စကတ်ဘော
ကစားနိုင်တာမို့လို့
အဲ့ဒီလိုနေရင်းနဲ့ ငါတို့လည်း လူကြီးဖြစ်လာမှာပေါ့

ကျန်တဲ့ ပြိုင်ပွဲ ပြီးတော့ ကျန်တဲ့ ဘဝကို
မင်းတို့ရှေ့လျောက် ဘတ်စကတ်ဘောကစားပြီးပဲနေနေ တခြားအလုပ်လုပ်ပြီးပဲနေနေ
မကြောက်ဘဲနဲ့ ပြေးသွားပြီး ပြန်ဖမ်းဆုပ်လိုက်
မှတ်ထား ဘတ်စကတ်ဘောက ပြီးသွားရင်တောင်
ဘဝကဆက်သွားနေဦးမှာ

'Films' 카테고리의 다른 글

Cinema Street: 영화의 거리  (0) 2023.07.19
Swallow: 제비  (0) 2023.07.19
Soulmate: 소울메이트  (0) 2023.07.12
My Heart Puppy  (0) 2023.03.22
Nineteen Otters  (0) 2023.01.24