본문 바로가기
Films

Nineteen Otters

by 드라마 Dialogue 2023. 1. 24.

열아홉 해달들


အမှန်တရားဆိုတိုင်း စိတ်ဒဏ်ရာမရတာမှ မဟုတ်တာ
စိတ်ဒဏ်ရာပေးမိရင် ကျိန်းသေ တောင်းပန်ရမှာပေါ့

နင် ကျောင်းထွက်လျှောက်လွှာကို ဘယ်တော့ တင်ဖို့ စဉ်းစားထားတာလဲ

ငါ အမှန်တော့ အထက်တန်း ပထမနှစ်တုန်းက ကျောင်းထွက်လျှောက်လွှာတင်ခဲ့သေးတယ်
အကြိမ်တိုင်း အဆူခံခဲ့ရတယ်ဆိုပေမယ့်
ငါလည်း အိမ်မက်မရှိဘူးဆိုတိုင်း ဒီတိုင်းတော့ မရပ်တန့်ချင်ဘူးနဲ့တူပါတယ်

မင်း ဘာလို့ ကျောင်းထွက်လျှောက်လွှာကို ၂လပိုင်း ၁၅ရက်နေ့မှ တင်ဖို့လုပ်ခဲ့တာလဲ
အထက်တန်းကျောင်းပြီး နောက်ပိုင်းလေ

ငါ့မွေးနေ့အတွက် ကိုယ်တိုင်ပေးတဲ့ လက်ဆောင်လေ အဲ့နေ့က ငါ့မွေးနေ့လေ
ဒါနဲ့ ရက်စွဲက နီးလာတော့ ဒီလိုအတွေးဖြစ်လာမိတယ်
နည်းနည်းလောက် ကျောင်းတက်ကြည့်ရဦးမလား နည်းနည်းလောက်ပါပဲ
မဟုတ်မှငါ့ကိုဖမ်းဆွဲထားမယ့်သူ ပေါ်လာဦးမလား အဲ့လိုအတွေးဖြစ်မိရင်းနဲ့

ပင်လယ်မှာ ပေါလောပေါ်နေတဲ့ အနေထားနဲ့ အိပ်ကြတဲ့ ပင်လယ်ဖျံတွေက ပင်လယ်လှိုင်းနဲ့ လွင့်ပါသွားမှာကို ကာကွယ်ဖို့အတွက်
သူတို့ ခန္ဓာကိုယ်မှာ ပင်လယ်ရေညှိကို ရစ်ပတ်ပြီး အိပ်လေ့ရှိကြတယ်

ပင်လယ်ရေညှိ မရှိခဲ့ဘူးဆိုရင်တော့ သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးတော့ အချင်းချင်း အနေထားကို ထိန်းထားပေးရင်း အိပ်စက်ကြတယ်
ကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ပင်လယ်မှာ သူတို့က တစ်ဦးနဲ့တစ်ဦးတွက် ထောက်ပံ့ပေးသူတွေ ဖြစ်လာ ကြတယ်

ပင်လယ်ဖျံတွေက ပင်လယ်ပြင်မှာ အိပ်တဲ့အခါ ဒီလို လက်ကိုင်ပြီးတော့ အိပ်တယ်တဲ့ ပင်လယ်လှိုင်းနဲ့ မပါသွားအောင်လို့
နည်းနည်း ရယ်ရတယ် ဘာပဲဖြစ်ဖြစ် လှိုင်းထန်တဲ့အခါဆို လွင့်ပါသွားမှာပဲကို
ဒါပေမယ့်လည်း သိပ်မကြောက်မိဘူးလို့ မထင်ဘူးလား လွင့်ပါသွားရင်တောင် တစ်ယောက်ထဲ မဟုတ်တော့ဘူးမို့

'Films' 카테고리의 다른 글

Soulmate: 소울메이트  (0) 2023.07.12
My Heart Puppy  (0) 2023.03.22
Let's Meet in an Unfamiliar Season  (0) 2023.01.24
Ditto:동감  (0) 2022.12.20
Little Forest: 리틀 포레스트  (0) 2022.09.24